*** ကွယ်လွန်ခါနီးလူနာနှင့် ပွင့်လင်းစွာ ဆွေးနွေးသင့် ***
(လန်ဒန်၊ မေလ ၂၀-ရက်)
ကွယ်လွန်ခါနီးလူနာများ၏ နောက်ဆုံးကုသချက်များနှင့် ပတ်သက်ပြီး လူနာအနေဖြင့်လည်းကောင်း၊ လူနာရှင်များအနေဖြင့်လည်းကောင်း၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး ဆောလျင်စွာဆွေးနွေးခြင်းဖြင့် နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းတို့မှ
ရှောင်ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း ဗဟိုဆေးကောင်စီက ပြောကြားသည်။ လူနာ၏ နောက်ဆုံးအခြေအနေကို ဆွေးနွေးခြင်းဖြင့် မှန်ကန်သောကုသမှုများရရှိမည်ဖြစ်၍ လူနာကျန်းမာရေးတိုးတက်မှုကိုလည်း ရရှိစေလိမ့်မည်ဖြစ်ကြောင်း အဆိုပါ ဆေးကောင်စီက သတိပေးထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment