(အပိုင်း-၂)
၁၈၉၀ ပြည့်နှစ်အခါကစပြီး နိုင်ငံများစွာမှာ စတင်အထိမ်းအမှတ်ပြုကျင်းပခဲ့တဲ့ ကမ္ဘာ့အလုပ်သမားတိုက်ပွဲနေ့ (မေဒေး)ကို၁၉၃၈ ခုနှစ်ကျမှပဲ မြန်မာပြည်မှာ ကျင်းပနိုင်ခဲ့ပါတယ်။အကြောင်းရင်းကို ဆန်းစစ်ကြည့်ရင်မြန်မာ နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီအောက်မှာ နိုင်ငံတကာတွေနဲ့ ပြည်သူအချင်းချင်း အဆက်အသွယ်ဆိုတာလုံးဝမရှိ ခဲ့ ကြပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ မေဒေးနေ့ကို ၄၈နှစ်တိုင်တိုင်နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ ဒီတုန်းက ရေနံမြေအလုပ်သမားတွေဟာ တို့ဗမာအစည်းအရုံးကြီးရဲ့ခေါင်းဆောင်မှုတွေနဲ့ဘီအိုစီအမှူး ပြုတဲ့ အင်္ဂ လိပ်နယ်ချဲ့အရင်းရှင်ကြီးတွေကိုသပိတ်လက်နက်နဲ့ တုန့်ပြန်တိုကိခိုက်နေတဲ့ ကာလဖြစ်တဲ့၁၉၃၈ခုနှစ်
မေလ၁ရက်နေ့ကို ရေနံချောင်းမြို့၊ ချောက်မြို့တို့မှာ ပထမဆုံးကျင်းပခဲ့ပါတယ်။ဒါဟာရေနံမြေအလုပ်သမား တိုက်ပွဲကိုလည်းနိုင်ငံတကာနဲ့ ဆက်စပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်” မြန်မာပြည်မေဒေးအစ-ရေနံမြေက” လို့
ဆိုစမှတ်ပြုရမှာပါ။၁၉၃၉ခုနှစ်၊ တို့ဗမာအစည်းအရုံး မော်လမြိုင်ညီလာခံကနေ နှစ်စဉ်မေလ၁ရက်နေ့ ရောက် တိုင်း အထိမ်းအမှတ်ပွဲတွေကို နိုင်ငံနဲ့အ၀ှမ်းကျင်းပကြရန်၊ မေဒေးနေ့မှာ အစိုးရအလုပ်ပိတ်ရက်အဖြစ်သတ်မှတ် ပေးရန်ဆုံးဖြတ်တောင်းဆိုခဲ့ကြပါတယ်။ ဒ်ီလိုနဲ့၁၉၃၉ခုနှစ်နဲ့ ၁၉၄၁ခုနှစ်တွေမှာ တို့ဗမာအစည်းအရုံးခွဲများဖွဲ့
စည်းပြီးမြို့တွေနဲ့ စက်မှုလက်မှုလုပ်ငန်းကြီးများရှိတဲ့ဒေသတွေမှာ နှစ်စဉ်အလုပ်သမားတွေရဲ့လူထုအစည်းအဝေး
တွေကျင်းပခဲ့ကြသည်။ (အဲဒီတုန်းက သခင်အောင်ဆန်းဟာဌာနချုပ်တို့ဗမာအစည်းအရုံးတွေရဲ့အထွေထွေ အ တွင်းရေးမှူးဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း (၁၉၄၂ ကနေ၁၉၄၅)အထိကမြန်မာပြည်ကဖက်ဆစ်ဂျပန်
်တွေအုပ်ချုပ်တဲ့ကာလဖြစ်တာမို့ ဒုတိယကမ္ဘာ့စစ်ပြီးဖြစ်ပွားနေချိန်ကာလဒီမိုကရေစီလွတ်လပ်ခွင့်တွေဆုံးရှုံး
နေချိန်မှာတောင်မေဒေးသဘောတရားကိုယုံကြည်သက်ဝင်ကြသူတွေဟာအစဉ်အလာထိန်းသိမ်းတဲ့အနေနဲ့
လျှို့ဝှက်လုံခြုံစွာဖြင့်မေဒေးနေ့ကျင်းပကြပါတယ်။၁၉၄၆ခုနှစ်မှာတော့ ဖက်ဆစ်ဆန့်ကျင်ရေး၊ပြည်သူ့လွတ်
လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) ရဲ့အလံတော်အောက်မှာညီညွှတ်စွာနဲ့ပဲမေဒေးနေ့ ကျင်းပကြပါတယ်။ဒီလိုနဲ့ပဲ
၁၉၄၈ခုနှစ်၊ မြန်မာပြည်လွတ်လပ်ရေးကြီးရရှိလာတဲ့အခါမှာ မေဒေးနေ့ကို (အစိုးရရုံးပိတ်ရက်)အဖြစ်တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။
**စုဆောင်းတင်ပြသူ-သောင်ရင်းနဂါး**

No comments:
Post a Comment