မေလအရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။
လုပ်အားကိုမျှ၊ ထုတ်ခွင့်မရ
အလုပ်ကိုမျှ လုပ်ခွင့်မရတော့
ဘယ်လ ဘာအရေးတော်ပုံ ပေါ်မလဲ။
အလုပ်လက်မဲ့၊ လုပ်ခမဲ့ပေါ့
လုပ်ခမဲ့တော့၊ ဘ၀မဲ့ပေါ့
ဘ၀မဲ့တော့၊ မျှော်လင့်ချက်မဲ့ပေါ့
ရတဲ့လုပ်ခ၊ မျှတ မမျှတ
ဘာမျှ ဘာမျှပြောပိုင်ခွင့်မရှိ။
လူမှန်သမျှ အလုပ်လုပ်ရမယ်
လုပ်ခွင့်ရမှ၊ လုပ်ခရမယ်
လုပ်ခရမှ၊ ဘ၀တစ်ခု
တည်ဆောက်မှု၊ ပြုနိုင်ပေလိမ့်မယ်။
ဘွဲ့လက်မှတ်များ၊ သင်းတန်းဆင်းလက်မှတ်များ
ထောက်ခံစားများ၊ ဘာဘာညာညာများ
ခါးကြားမှာထိုး၊ ရွာရိုးကိုပေါက်
အလုပ်လျှောက်
မလျှောက်ခင်က ပြုတ်ခဲ့တယ်။
ဘယ်သူ ကယ်တင်မလဲကွယ်…။ ။
*** တင်မိုး ***
(၁၊ မေလ၊ ၁၉၉၉- စနေနေ့ နံနက်ခင်း (May Day)
လုပ်အားလုပ်ခ၊ မမျှတလို့
မေလအရေးတော်ပုံ ပေါ်ပေါက်ခဲ့တယ်။
လုပ်အားကိုမျှ၊ ထုတ်ခွင့်မရ
အလုပ်ကိုမျှ လုပ်ခွင့်မရတော့
ဘယ်လ ဘာအရေးတော်ပုံ ပေါ်မလဲ။
အလုပ်လက်မဲ့၊ လုပ်ခမဲ့ပေါ့
လုပ်ခမဲ့တော့၊ ဘ၀မဲ့ပေါ့
ဘ၀မဲ့တော့၊ မျှော်လင့်ချက်မဲ့ပေါ့
ရတဲ့လုပ်ခ၊ မျှတ မမျှတ
ဘာမျှ ဘာမျှပြောပိုင်ခွင့်မရှိ။
လူမှန်သမျှ အလုပ်လုပ်ရမယ်
လုပ်ခွင့်ရမှ၊ လုပ်ခရမယ်
လုပ်ခရမှ၊ ဘ၀တစ်ခု
တည်ဆောက်မှု၊ ပြုနိုင်ပေလိမ့်မယ်။
ဘွဲ့လက်မှတ်များ၊ သင်းတန်းဆင်းလက်မှတ်များ
ထောက်ခံစားများ၊ ဘာဘာညာညာများ
ခါးကြားမှာထိုး၊ ရွာရိုးကိုပေါက်
အလုပ်လျှောက်
မလျှောက်ခင်က ပြုတ်ခဲ့တယ်။
ဘယ်သူ ကယ်တင်မလဲကွယ်…။ ။
*** တင်မိုး ***
(၁၊ မေလ၊ ၁၉၉၉- စနေနေ့ နံနက်ခင်း (May Day)
No comments:
Post a Comment