ချဲလ်ဆီးအသင်းမှ အက်ရ်ုလေကိုးလ်နှင့် ကွာရှင်းရန် ဆန္ဒရှိနေသော ချယ်ရီကိုးလ်မှာ ခင်ပွန်းဖြစ်သူနှင့်အတူ ဥပဒေအကြံပေးတစ်ဦးထံသွားသည်။ အကြံပေးက ပြဿနာကို ဖြေရှင်းရန် ကြိုးစားသော်လည်း မအောင်မြင်။ `ဒါဆိုခင်ဗျား သူ့ကို ကွာရှင်းမယ်ဆိုရင် နှစ်ဦးသား ပိုင်ဆိုင်မှုတွေကို ခွဲယူရမှာနော်´
`ဒါဆို ကျမဘာသာစုဆောင်းထားတဲ့ ငွေတွေကို လည်းတစ်ဝက်ခွဲပေးရမှာပေါ့´

`အင်း´
`အိမ်ရောလား´
`ဟုတ်ကဲ့… တစ်ဝက်စီခွဲရပါလိမ့်မယ်´
`ဒါဆို ကလေး ၃-ယောက်ကို ရော´
`၃-ယောက်ဆိုတော့ ခွဲလို့မရဘူး။ ၄-ယောက်ရမှာကွာရှင်းကြပေါ့´
`အို ဒါတော့ မဖြစ်နိုင်ပါဘူး။ သူ့သာအားကိုးနေမယ်ဆိုရင် ဒီကလေး ၃-ယောက်တောင် ရမလာဘူးရှင့်…´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment