လန်ဒန်မြို့လယ် လမ်းမပေါ်၌ သူငယ်ချင်း မိန်းကလေးနှစ်ဦး ဆုံမိပြီး စကားလက်ဆုံကျလျက်ရှိသည်-
ပထမမိန်းကလေး။ ။ မတွေ့တာကြာပြီနော်။
ဒုတိယမိန်းကလေး။ ။ အေး…. အလုပ်တွေများနေလို့။
ပထမမိန်းကလေး။ ။ ဘာတွေအလုပ်များနေတာလဲ ပြောစမ်းပါဦး။
ဒုတိယမိန်းကလေး။ ။ ဒီလိုဟာ… ငါနဲ့ စမစ်တို့ စေ့စပ်ထားတာ ဖျက်သိမ်းလိုက်ပြီ။
ပထမမိန်းကလေး။ ။ ဟယ်… ဘာဖြစ်လို့လဲ။
ဒုတိယမိန်းကလေး။ ။ အရှင်းဆုံးပြောရရင်တော့… သူ့ကိုခံစားလို့ မရတော့ဘူး။
ပထမမိန်းကလေး။ ။ ဟုတ်လား။
ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်… အဲဒါကြောင့် စေ့စပ်ထားတာ ဖျက်လိုက်တာ။
ပထမမိန်းကလေး။ ။ ဒါနဲ့…. နင့်အင်္ကျီပေါ်က စိန်ရင်ထိုးက စမစ်နဲ့  စေ့စပ်ပွဲတုန်းက ပေးထားတာမဟုတ်လား။
ဒုတိယမိန်းကလေး။ ။ ဟုတ်တယ်။ ။ စမစ်ကို ခံစားလို့မရပေမယ့် စိန်ရင်ထိုးကိုတော့ ခံစားလို့ရတယ်လေ….။
ပထမမိန်းကလေး။ ။ `ဟယ်´
မှတ်ချက်။ ။ (ဘ၀အမောပြေ)စာမျက်နှာမှ ကူးယူဖော်ပြသည်။
*** (ဘ၀အမောပြေ-စာမျက်နှာ) ***

No comments:
Post a Comment