ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 30, 2010

စစ်အစိုးရညံ့ဖျင်းမှုကြောင့် (့မင်္ဂလာဈေးကြီးမီးလောင်သွားခဲ့ သလား)

>့ ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီးမီးလောင်သွားခဲ့ပါတယ်။
သိန်းပေါင်းများစွာဆုံးရှုံးမည်ဟုခန့်မှန်းကြပါတယ်။ နာရီ(၂ဝ)ကျော်မီးလောင်ခြင်းဖြစ်၍ မြန်မာပြည်
တနံတလျားမီးလောင်မှုများတွင်စံချိန်တင်မည့်မီးလောင်မှုဖြစ်ပါတယ်။ မည်သည့်အတွက်ကြောင့်
ဤသို့ အချိန်ကြာကြာမီးလောင်ရပါသနည်း။ အကြောင်းအချက်များစွာရှိသည့်အနက် အဓိကအချက်
ကတော့ရေလုံလောက်စွာမရရှိခြင်းဖြစ်ပါတယ်။ မီးလောင်မှုသတင်းဖေါ်ပြခြင်းများစွာတွင် မီးသတ်ကား
များသည်လိုအပ်သောရေကို ကန်တော်ကလေးရေလှောင်ကန်နှင့် ကန်တော်ကြီးမှရေကိုအခေါက်ခေါက်
အခါခါ သွားရောက်ဖြည့်တင်းယူဆောင်နေရသည်ဟု ဖတ်ရှုခဲ့ရပါတယ်။ ဈေးအဆောက်ဦးတွင်မီးသတ်
ပိုက်ခေါင်းများတပ်ဆင်ထားသည်ဟုဆိုသော်လည်း ရေကောင်းစွာမထွက်ဟုဆိုကြပါတယ်။

စာရေးသူဟာဈေးနှင့်မျက်နှာချင်းဆိုင်မှာရှိတဲ့ရေတွင်းကုန်းအမည်ရှိရပ်ကွက်မှာနေထိုင်ခဲ့သူဖြစ်ပါတယ်။ သပြေကုန်းရပ်ကွက်နှင့်ကပ်လျှက်ရပ်ကွက်ဖြစ်ပါတယ်။ မင်္ဂလာဈေးနေရာဟာရှေးအခါကတရုတ်သင်္ချိုင်း
ကုန်းမြေမြင့်အရပ်ဖြစ်ပြီး စာရေးသူတို့ကလေးဘဝစွန်လိုက်ကစားခဲ့တဲ့နေရာဖြစ်ပါတယ်။ ကုန်းမြေမြင့်ကို
ဖြိုဖျက်မြေညှိ၍ဈေးအဆေါက်အဦးများဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ရဲ့  မြို့ လယ်ခေါင်
မြို့ နယ်များနဲ့  ဆင်ခြေဖုန်းရပ်ကွက်များဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့ နယ်တွေမှာရှေးအခါ
ကတည်းလမ်းများအတွင်းနဲ့  လမ်းထိပ်လမ်းဆုံတွေမှာ မီင်္းသတ်ပိုက်ခေါင်းရေထွက်ပေါက်များနေရာအနှံ့ 
တပ်ဆင်ထားရှိခဲ့ပါတယ်။ စာရေးသူတို့ ငယ်စဉ်အခါက အဆိုပါမီးသတ်ပိုက်ခေါင်းများကို သက်ဆိုင်ရာ
မီးသတ်၊ မြူနီစပယ် (ယခုစည်ပင်) တို့ ကနှစ်စဉ်တလမ်းဝင်တလမ်းထွက်စစ်ဆေးတာတွေမြင်တွေ့ ခဲ့ဘူး
ပါတယ်။ လမ်းထိပ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များဆောက်၍ မြူနီစပယ်မှခွင့်ပြုချက်တောင်းခံရရှိပါက
မီးသတ်ပိုက်ခေါင်းမှရေကိုကောင်းစွာထုတ်ယူရေကစားနိုင်ခဲ့ကြပါတယ်။မီးလောင်လျှင်အရေးပေါ်အသုံးချ ရန်
နိုင်ရန်အင်္ဂလိပ်အစိုးရမှ ရန်ကုန်မြို့ ကိုစတင်တည်ဆောက်သည့်အခါကပင်စနစ်တကျထည့်သွင်းတည်
ဆောက်ခဲ့ပုံရပါတယ်။ မီးလောင်လျှင်လည်း၎င်းမီးသတ်ပိုက်ခေါင်းများမှရေထုတ်ယူမီးငြိမ်းသတ်တာတွေ
မျက်မြင်ကိုယ်တွေ့ ရှိခဲ့ပါတယ်။ အင်မတန်မှကောင်းမွန်သည့်စနစ်တခုဖြစ်ပါတယ်။ ထို့ အပြင် ဂျိုးဖြူရေ
ပိုက်လိုင်းကြီးများကိုလည်းနှစ်စဉ်သန့် ရှင်းရေးပြုလုပ်မှုများရှိခဲ့ပါတယ်။ အဲဒါကြောင့်ရန်ကုန်မြို့ တော်
မှာ ရေပြဿနာဆိုတာကြီးကြီးမားမား မကြုံခဲ့ဘူးကြပါ။

မဆလစစ်အစိုးရခေတ်ဦးပိုင်းလောက်အထိ ၄င်းစနစ်များကိုဆက်လက်အကောင်အထည်ဖေါ်ဆေါင်ရွက်
ခဲ့မည်ထင်ပါတယ်။ နောက်ပိုင်းဂျိုးဖြူပိုက်လိုင်းများကိုသန့် ရှင်းရေးမလုပ်တော့သည့်အတွက်ဂျိုးဖြူပိုက်
အပါအ၀င် ရန်ကုန်မြို့ ရှိလမ်းများအတွင်းဆက်သွယ်ထားသည့်ရေပိုက်လိုင်းများ၊ မီးသတ်ပိုက်လိုင်းများ
အားလုံးသံချေး(ချီး) ဆို့ ခါ ရေစီးရေလာမကောင်းတော့ပါ။ သည့်အတွက်လမ်းများအတွင်းရှိတထပ်အိမ်
များသို့ ပင်ရေမတက်တော့ပါ။ တထပ်အိမ်များပင်မော်တာတပ်ဆင်ရေစုပ်တင်ရသည့်အခြေသို့ ရောက်
မှန်းမသိရောက်ခဲ့ပါတော့တယ်။ န၀တ/နအဖစစ်အစိုးရခေတ်တွင်ရေပြဿနာပိုမိုကြီးမားလာခဲ့ပါတယ်။
လျှပ်စစ်မီးမှန်မှန်မရတဲ့အတွက် ရေစုပ်စက်မလည်နိုင်တော့ ရေတင်ရခက်လာကြပြီး ရေပြဿနာလည်း
တက်မှန်းမသိတက်လာပြီး၊ ထပ်ဆင့်ပြဿနာတွေလည်းပေါ်လာပါတယ်။ ရန်ကုန်မြို့ ရပ်ကွက်အတော်
များများမှာနေ့ ဘက်မီးလာချိန်မမှန်ဘဲ ညအိပ်ချိန်ရောက်မှမီးလာတော့ မော်တာဖွင့်ပြီးရေတင်ကြရတဲ့
အတွက် ညဆိုမော်တာသံများဆူညံပြီး နေ့ နဲ့ ညမှားနေတယ်လို့ တောင်ပြောသံကြားလာရပါတယ်။

ဒီနှစ်နွေနေဟာလည်းခါတိုင်းနှစ်တွေထက်ပိုပူတဲ့ အတွက်ရန်ကုန်မြို့ အပါအ၀င် ပတ်ဝန်းကျင်မြို့ ရွာ
တွေမှာတောင်ရေရှားပါးတဲ့ပြဿနာတက်လာပါတယ်။ ရေတွင်းရေကန်တွေခန်းခြောက်မှုရှိလာပါတယ်။
ရန်ကုန် အင်လျားကန်မှာလည်းရေခန်းခြောက်စပြုနေတဲ့ပုံတွေ တွေ့ လိုက်ရပါသေးတယ်။ အဲသလို
ရာသီပူပြင်းချိန်မှာမီးလောင်မှုတွေဖြစ်လွယ်တာ သဘာဝပါ။ မမျှော်လင့်ဘဲ မင်္ဂလာဈေးမီးလောင်မှုဖြစ်
လာတော့ ရေပြဿနာနဲ့ ထိပ်တိုက်တွေ့ တော့တာပါဘဲ။ မင်္ဂလာဈေးအဆောက်အဦမှာမီးသတ်ပိုက်ခေါင်း
ရေထွက်ပေါက်များတပ်ဆင်ထားတယ်ဆိုပေမယ့် အမြင်ဘဲရှိနေမှာပါ။ ဆိုခဲ့ပြီးတဲ့အတိုင်းရပ်ကွက်ထဲမှာ
ရေမှန်မှန်လာနိုင်တဲ့ပိုက်လိုင်း/ရေစီးအားကောင်းကောင်း ထွက်တဲ့ပိုက်လိုင်းမရှိတော့မီးသတ်ပိုက်ခေါင်း
တွေကရေလည်း ကောင်းကောင်း ထွက်လာနိုင်စရာရှိမှာမဟုတ်ပါ။ အဆောက်အဦးအပေါ်မှာလည်းရေ
လှောင်တိုင်ကီ ကြီးကြီးမားမား ရှိပုံမရပါ။ ကြီးမားတဲ့အဆောက်အဦကြီး မီးလောင်တော့အရေးအကြီးဆုံး
ဖြစ်တဲ့ရေ လုံလုံလောက်လောက်မရတော့ မီးလောင်မှုတာရှည်ခဲ့တာပါ။ အဖြေကတော့နာရီ(၂၀)ကျော်
ကြာ စံချိန်တင်မီးလောင်မှုကြီးအဖြစ်သို့ ရောက်ရှိရပါတယ်။

နောက်အဓိကတချက်ကတော့ခေတ်မှီ မီးသတ်ကားများမရှိခြင်းဘဲဖြစ်ပါတယ်။ အဆောက်အဦမြင့်တွေကို
မီးငြိမ်းနိုင်မယ့် မီးသတ်ကားအလုံအလောက်မရှိခြင်းပါ။ ငါးထပ်အဆောက်အဦ မင်္ဂလာဈေးကြီးမီးလောင်
နေစဉ်မှာ အထပ်မြင့်မီးငြိမ်း မီးသတ်ကား ၄-၅ စီးထက်ပိုမရှိနေဘူးလို့ သတင်းများကဆိုပါတယ်။မီးသတ်
ကားအစီးပေါင်း (၆၀)လောက်ရောက်ရှိလာတယ်ဆိုပေမယ့်အားလုံးနီးပါးဟာ သာမန်မီးသတ်ကားများဘဲ
ဖြစ်ပြီးရေသယ်ကားအဆင့်မှာဘဲရှိနေပါတယ်။ မီးသတ်ကားများဖြစ်ပြီးမီးငြိမ်းတဲ့အလုပ်မလုပ်နိုင်ရင်တေါ့
လူရယ်စရာဖြစ်နေမှာပါ။ မီးလောင်နေစဉ် ပတ်ဝန်းကျင်အရပ်များတွင် (၇)ထပ်(၈)ထပ် အဆောက်အဦး
များစွာကို ဓါတ်ပုံများတွင်တွေ့ ရှိရပါတယ်။ ရန်ကုန်မြို့ မှာအခုအခါ (၁၀)ထပ်ကျော် ဟိုတယ်အဆောက်
အဦတွေများစွာရှိလာပြီဖြစ်ပါတယ်။ အဆိုပါအဆောက်အဦမြင့်များ မတော်တဆမီးလောင်မှုဖြစ်လာရင်
လက်ရှိမီးသတ်စနစ်နဲ့ ဆိုရင်တော့မတွေးရဲစရာပါ။ အသက်ဆုံးရှုံးမှုတွေပါ နောက်ဆက်တွဲသတင်းများ
ထွက်လာနိုင်ပါတယ်။

စစ်အစိုးရရဲ့ အလွန်အမင်း ညံ့ဖြင်းတဲ့ စီမံအုပ်ချုပ်မှုစနစ်တွေကြောင့် မြန်မာပြည်သူပြည်သားများနဲ့ 
မြန်မာနိုင်ငံဟာ့  ။

**Htun Wai**

ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီးမီးလောင်သွားခဲ့ပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)