ဗုံးခွဲ လက်နက်တွေလား…။
စကားလုံး ကာရန်တွေဟာ
ဗုံးဆန်တွေပဲလား…။
**ကဗျာရေးတဲ့ လက်
စာရေးတဲ့ လက်
လက်နက်မကိုင်နိုင်အောင် ရိုက်ချိုး
ကြိုးနဲ့တုပ် မျက်နှာအုပ်
`မလှုပ်နဲ့ ငြိမ်ငြိမ်နေ´… တဲ့…။
**ကဗျာ စကားလုံးတွေကြောင့်
အတုံးအရှုံး ပက်လက်လန်
ဗုံးမှန် ပေါက်ကွဲ
သွေးရဲရဲ သံရဲရဲ
ကျဆုံးသူတွေ ဘယ်သူလဲ….။
ဖိနှိပ်သူတွေရဲ့ နှလုံးသားကို
ဗုံးအားနဲ့ ဖောက်ခွဲ
စကားလုံးများနဲ့ ဖောက်ခွဲ
ဖိနှိပ်သူ ယုတ်မာသူ မှန်သမျှ
ကျဆုံးရ စမြဲ….။ ။
*** တင်မိုး ***
(၈၊ ဇွန်၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
စကားလုံး အတွဲတွေဟာ
ဗုံးခွဲ လက်နက်တွေလား…။
စကားလုံး ကာရန်တွေဟာ
ဗုံးဆန်တွေပဲလား…။
**ကဗျာရေးတဲ့ လက်
စာရေးတဲ့ လက်
လက်နက်မကိုင်နိုင်အောင် ရိုက်ချိုး
ကြိုးနဲ့တုပ် မျက်နှာအုပ်
`မလှုပ်နဲ့ ငြိမ်ငြိမ်နေ´… တဲ့…။
**ကဗျာ စကားလုံးတွေကြောင့်
အတုံးအရှုံး ပက်လက်လန်
ဗုံးမှန် ပေါက်ကွဲ
သွေးရဲရဲ သံရဲရဲ
ကျဆုံးသူတွေ ဘယ်သူလဲ….။
ဖိနှိပ်သူတွေရဲ့ နှလုံးသားကို
ဗုံးအားနဲ့ ဖောက်ခွဲ
စကားလုံးများနဲ့ ဖောက်ခွဲ
ဖိနှိပ်သူ ယုတ်မာသူ မှန်သမျှ
ကျဆုံးရ စမြဲ….။ ။
*** တင်မိုး ***
(၈၊ ဇွန်၊ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)


No comments:
Post a Comment