(ခတ္တမန္ဒူ၊ မေလ ၂၉-ရက်)
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်၌ တောင်တက်သမား ၃၄၇-ဦးနှင့်အတူ နွေဦးတောင်တက်ရာသီမှာ မေလ ၂၅-ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် မေလ ၂၈-ရက်နေ့၌ ဖော်ပြသည်။ နီပေါနိုင်ငံဘက်မှ တက်ရောက်သည့် တောင်တက်သမား ၃၄၇-ဦးတွင် နိုင်ငံခြားသား တောင်တက်သမား ၁၅၇-ဦးနှင့် နီပေါနိုင်ငံသားတောင်တက်သမား ၁၉၀-ဦးတို့ ပါဝင်သည်ဟု နီပေါအစိုးရဆက်သွယ်ရေးအရာရှိက ပြောကြားသည်။ နွေဦးရာသီအတွင်း တောင်တက်လုပ်ငန်းမှ နီပေါအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၃-သန်းခန့်ရရှိသည်ဟု သိရသည်။ (ဆင်ဟွာ)
*** တရုတ်၌ မြေအောက်ရထားလမ်း ၃၀-ဖောက်လုပ်မည် ***
တရုတ်နိုင်ငံတစ်ဝန်း ခရီးသွားလာမှုနှင့် ကုန်ပစ္စည်းများ တင်ဆောင်ရေးတို့တွင် လျင်မြန် ချောမွေ့စေရေးအတွက် မြေအောက်ရထားလမ်း ၃၀-ကို ၂၀၂၀-ခုနှစ်၌ အပြီးဖောက်လုပ်သွားမည်ဖြစ်ကြောင်း တရုတ်ရထားလုပ်ငန်းအရာရှိများက မေလ ၂၉-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဂျပန်ကမ်းလွန်၌ ရုရှားရေတပ် စစ်ရေးလေ့ကျင့် ***
ဂျပန်ကမ်းလွန်ရေပြင်၌ မေလ ၂၉-ရက်နေ့ နံနက်က ရုရှားရေတပ်စစ်သင်္ဘောများ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုမှာ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် ဖြစ်ကြောင်း ရုရှားရေတပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** မက္ကဆီကို၌ လေယာဉ်ငယ် ပျက်ကျ ***
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့ အနောက်ပိုင်းတွင် မေလ ၂၉-ရက်နေ့ နံနက်က လေယာဉ် ငယ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူနှစ်ဦး သေဆုံးခဲ့ကြောင်း မက္ကဆီကိုလေကြောင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ဂွါတီမာလာနိုင်ငံ၌ မီးတောင်ပေါက်ကွဲ ***
ဂွါတီမာလာနိုင်ငံ တောင်ပိုင်းရှိ ပါကာယာအမည်ရှိ မီးတောင်သည် မေလ ၂၉-ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ မီးခိုးများ ပြာမှုန်များဝေဟင်၌ လွင့်ပျံ့နေသဖြင့် ဂွါတီမာလာ လေဆိပ်တွင် လေယာဉ်အဆင်းအတက်များ ပိတ်ထားလိုက်ကြောင်း လေဆိပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အင်ဒိုနီးရှား ကမ်းလွန်၌ ငလျင်လှုပ် ***
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ်ကမ်းလွန်၌ မေလ ၂၉-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆-အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှုမရှိကြောင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း အင်ဒိုနီးရှားအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အီကွေဒေါနိုင်ငံ ဟွန်ဂူရာဟွာမီးတောင် ပေါက်ကွဲ ***
အီကွေဒေါနိုင်ငံရှိ ဟွန်ဂူရာဟွာမီးတောင်သည် မေလ ၂၉-ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားရာ အနီးဝန်းကျင်ရှိ ဒေသခံထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အီကွေဒေါနိုင်ငံဝေဟင်၌ မီးခိုးနှင့် ပြာမှုန်များလွင့်ပျံ့နေမှုကြောင့် လေဆိပ်များ ပိတ်ထားရကြောင်း အီကွေဒေါအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဧ၀ရက်တောင်ထိပ် နွေဦးတောင်တက်ရာသီ မေလ ၂၅-ရက်နေ့က ပြီးဆုံးသွားပြီ ***

No comments:
Post a Comment