လက်ရှိ အင်တာမီလန်အသင်းကို နည်းပြနေရာမှ ရီရဲနည်းပြအဖြစ် တာဝန်ယူရန် သဘောတူညီထားသူ နည်းပြ ဂျို့စ်မော်ရင်ဟိုက ချဲလ်ဆီးကြယ်ပွင့်များဖြစ်ကြသည့် မိုက်ကယ်အက်ဆီယံနှင့် အက်ရှ်လေကိုးလ်တို့ နှစ်ဦးအား ပေါင်သန်း ၅၀-ဖြင့် ခေါ်ယူရန် ရီရဲမက်ဒရစ်အသင်းအား ပြောကြားခဲ့သည်။ (အင်တာနက်)
*** ဗန်ဒါဗတ်အား ခေါ်ယူရန် မန်ယူပစ်မှတ်ထားနေ ***
မန်ယူအသင်းသည် စပိန်လာလီဂါအသင်း ရီရဲမက်ဒရစ်မှ အသက် ၂၇-နှစ်အရွယ်ရှိ တိုက်စစ်မှူး ရာဖေးလ်ဗန်ဒါဗတ်အား ပေါင်သန်း ၂၀-ဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေသည်။ (အင်တာနက်)
*** ၀က်စ်ဟမ်းနှင့် စာချုပ်ရန် ယာကူဘူ သဘောတူညီ ***
အဲဗာတန် တိုက်စစ်မှူး ယာကူဘူသည် ၀က်စ်ဟမ်းနှင့် စာချုပ်တစ်ရပ် ချုပ်ဆိုရန် သဘောတူညီခဲ့ပြီး ၀က်စ်ဟမ်းနည်းပြ အေဗရန်ဂရန့်၏ ပထမဆုံး စာချုပ်ခေါ်ယူသည့် ကစားသမားဖြစ်လာဖွယ်ရှိသည်။ (အင်တာနက်)
*** ရစ်ချက်အား ခေါ်ယူရန် စပါးပြင်ဆင် ***
မန်စီးတီးမှ အသက် ၂၁-နှစ်အရွယ်ရှိ ခံစစ်မှူး မီကက်ခ်ျရစ်ချက်အား စပါးက ပေါင်ကိုးသန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် ပြင်ဆင်နေသည်။ (အင်တာနက်)
*** တိုက်စစ်မှူး ဇီဂစ် ဘာမင်ဂမ်သို့ ပြောင်းရွှေ့ရန် သဘောတူ ***
အရပ် ခြောက်ပေ ရှစ်လက်မရှိပြီး ကမ္ဘာ့ဖလားတွင် အရပ်ရှည်ဆုံး ဘောလုံးသမားဖြစ်လာမည့် ဗလင်စီယာမှ ဆားဘီးယားတိုက်စစ်မှူး နီကိုလာဇီဂစ်သည် ဘာမင်ဂမ်သို့ ပေါင်ခြောက်သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူပြီဖြစ်သည်။ (အင်တာနက်)
*** ပီယင်နာ အဲဗာတန်နှင့် စာချုပ် ထပ်မံချုပ်ဆို ***
အဲဗာတန်အသင်းသည် စပါးအသင်းက ခေါ်ယူရန် ဆက်သွယ်နေသော ယင်း၏ ကစားသမား စတီဗင်ပီယင်နာအား ပေါင်ငါးသန်းဖြင့် စာချုပ်ထပ်မံချုပ်ဆိုလိုက်သည်။ (အင်တာနက်)
*** ယာယာတိုရေးအား ခေါ်ယူရန် မန်ယူစဉ်းစားနေ ***
ဘာစီလိုနာအသင်းတွင် နေရာမရဖြစ်နေသော ကွင်းလယ်ကစားသမား ယာယာတိုရေးအား မန်ယူက ပေါင် ၁၈-သန်းဖြင့် ကမ်းလှမ်းခေါ်ယူရန် စဉ်းစားနေသည်။ (အင်တာနက်)
*** မန်စီးတီးကစားသမားသုံးဦးအား ခေါ်ယူရန် လီဗာပူးစဉ်းစား ***
လီဗာပူးအသင်းသည် မန်စီးတီးကစားသမား သုံးဦးဖြစ်သော မီကက်ခ်ျရစ်ချက်၊ နီဒမ်အိုနျူယိုဟာနှင့် မိုက်ကယ်ဂျွန်ဆင်တို့အား ပေါင် ၂၂-သန်းဖြင့် ခေါ်ယူရန် စဉ်းစားချင့်ချိန်နေသည်။ (အင်တာနက်)
*** ၂၀၁၆ ဥရောပချန်ပီယံရှစ် ပြင်သစ် ကျင်းပခွင့်ရ ***
၂၀၁၆-ခုနှစ် ဥရောပချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ပြင်သစ်က တူရကီနှင့် အီတလီတို့ကို ကျော်ဖြတ်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိသွားသည်။ (အင်တာနက်)
*** အာဖရိကအသင်းများနှင့် ဘရာဇီးခြေစမ်းမည် ***
ဘရာဇီးအသင်းသည် ကမ္ဘာ့ဖလားခြေစမ်းပွဲအဖြစ် ဇွန် ၂-ရက်နေ့တွင် ဇင်ဘာဘွေအသင်းနှင့်လည်းကောင်း၊ ဇွန် ၇-ရက်နေ့၌ တန်ဇန်းနီးယားအသင်းနှင့် လည်းကောင်း ခြေစမ်းကစားရန် စီစဉ်ထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** အက်ဆီယံနှင့် ကိုးလ်အား ရီရဲမက်ဒရစ်ခေါ်ယူရန် မော်ရင်ဟို ပြောကြား ***

No comments:
Post a Comment