ချင်းပြည်နယ်ပလက်ဝအခြေစိုက်ခလရ၂၃၂မှတပ်ကြပ်တစ်ဦးနှင့်တပ်သား၅ဦးတို့လက်နက်အပြည့်အစုံဖြင့်၊
ALAရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ထံ လက်နက်ချခိုလှုံလာခဲ့ကြောင်းALA ဒုဥက္ကဌ ဗိုလ်မှူးခိုင်မျိုးမင်းကပြောသည်။ခလရ၂၃၂ လက်အောက်ခံ ချင်းလက်ဝ စစ်ကြောင်း၁ တပ်ခွဲမှ အထက်အရာရှိ ဗိုလ်ကြီးထက်အောင်စန်းအားပစ်သတ်ခဲ့ပြီးထွက်ပြေးလာခဲ့ကြောင်းသိရသည်။
ခိုလှုံလာသူများနှင့်ပတ်သက်၍ဗိုလ်မှူးခိုင်မျိုးမင်းက“ရခိုင်၃ယောက် ဗမာ၃ ယောက်ပါဝင်ပါတယ်။
သူတို့ ပြောပြချက်အရ အထက်အရာရှိတစ်ယောက်ကိုသတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။ အထက်အောက်ဖိနှိပ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေ၊အခွင့်အရေးမတူညီမှုတွေအပါအ၀င် ဆင်းရဲ
ကြပ်တည်းဆင်းရဲမှုတွေကိုဆက်ပြီးမခံစားနိုင်တော့လို့ ထွက်ပြေးလာကြတာလို့ ပြောပါတယ်။
အယင်းခိုလှုံလာခဲ့တဲ့လူတွေကိုရော၊ခုရောက်လာတဲ့လူတွေကိုပါ ကျနော်တို့ ကသူတို့ အလိုဆန္ဒ
ရှိတဲ့အတိုင်း တတ်နိုင်သလောက်ကူညီပေးပါမယ်”ဟုပြောသည်။
ALAရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်အနေဖြင့် နိင်ငံတကာလက်နက်ကိုင်တပ်မတော်များ
လုပ်ထုံးလုပ်နည်းများနည်းတူ မိမိတို့ အဖွဲ့ တွင်လည်း တိကျသောစည်းကမ်းများချမှတ်ထား
ကြောင်းပြောသည်။ယခင်နှင့်ယခုတိုက်ပွဲအတွင်းရန်သူများအဖြစ် သူသေ၊ ကိုယ်သေတိုက်ခိုက်ခဲ့ကြသော်လည်း၊ခိုလှုံအညံ့ခံလာသည့်သူများ၊စစ်ပွဲအတွင်းဖမ်းမိသူများအား မိမိတို့ လက်ထဲသို့ ရောက်ပြီးလျှင်လူသားချင်းစာနာထောက်ထားမှုရှိကြောင်း၊
နှိပ်စက်ညှင်းပမ်းမှုများမပြုလုပ်ရကြောင်း၊လက်နက်ခဲယမ်းမီးကျောက်များမှလွဲ၍၄င်းတို့ ကိုယ်ပိုင်
အခြားပစ္စည်းများကိုသိမ်းယူခြင်းမျိုးမပြုလုပ်ရကြောင်း၊ဒဏ်ရာများကိုဆေးဝါးကုသပေးရမည်ဖြစ်ကြောင်း၊
အစားအစာနှင့်အ၀တ်အထည်များပေးရမည်ဖြစ်ကြောင်းတိကျသည့်မူဝါဒနှင့်ပေါ်လစီများချမှတ်ထားကြောင်း
ပြောသည်။
ပြီးခဲ့သည့်အချိန်များနှင့် ယခု အချိန်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များအား နအဖ
စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ စည်းရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးခဲ့သော်
လည်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ALAကိုမူ ကမ်းလှမ်းခြင်းမရှိခဲ့ပေ။
“ကြုံကြိုက်တုန်းကျနော်ပြောချင်တာက လက်နက်ကိုင်အဖွဲ့ တွေက နိုင်ငံရေးပြ သနာကိုနိုင်ငံရေးနည်းအရဖြေရှင်းနိုင်မလားဆိုပြီးငြိမ်းချမ်းရေးလုပ်ခဲ့ကြတယ်။ဒါပေမယ့်နိုင်ငံရေးအရ ပြောဆိုမယ့်အခွင့်အခါ တစ်ခါမှမပေးပဲလက်နက်ချခိုင်း၊နယ်ခြားစောင့်တပ်ဖွဲ့ ခိုင်းတယ်။ ဖိအားတွေပေးတယ်။စစ်ရေးတွေပြင်ဆင်တယ်နည်းအမျိုးမျိုးသုံးနေတယ်။နအဖပြောသလိုလိုက်မလုပ်ပဲ
ဲကြံ့ကြံ့ခံနေတဲ့ ညီကိုတိုင်းရင်းသားအဖွဲ့ တွေကိုအထူးလေးစားပါတယ်။တန်ဘိုးလည်းအထူးထားပါတယ်လို့ ပြောချင်ပါတယ်၊ဒီလိုမှန်မှန်ကန်ကန်ရပ်တည်နေတဲ့ လူတွေဟာတိုင်းရင်းသားအားလုံးအတွက်လို့ ကျနော်မြင်ပါတယ်၊ဂုဏ်လည်းပြုပါတယ်”ဟုဆိုသည်။
ပြီးခဲ့သည့်မေလ ၁၆ ရက်နေ့ က ALA ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်သို့ လက်နက်ချခိုလှုံ
လာခဲ့သည့် နအဖစစ်သား ၆ ယောက်နှင့်အတူ MA3 သေနတ်၂လက် MA11 အမျိုးအစားသေနတ် ၅လက် MA12 အမျိုးအစား သေနတ် ၁လက်၊MA79 မော်တာ၁လက်နှင့်မော်
တာကျည်၁၉လုံး၊B100ကွန်မင်ဒိုစိန်ပြောင်း ၁လက်နှင့်၎င်းကျည် ၁၂လုံး၊9MMပစ္စတို၁လက်နှင့်
ကျည်မဂ္ဂဇင်း၂ခု၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၆လုံးနှင့် Equipment ၁၀စုံတို့ အပြင် ကြော
ပိုးအိပ် ၆လုံး၊ဆက်သွယ်ရေးစက်ကြီး၁လုံး၊နှင့်လက်နက်ငယ်ကျည်မျိုးစုံ ၁၃၄၀ တောင့် တို့ ပါ
လာကြောင်း ALAထုတ်ပြန်ချက်တွင်ပါရှိသည်။
ရခိုင်ပြည်နယ်၊နယ်စပ်တွင်အခြေစိုက်သည့် ALAရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်သို့ 
ယခင်ကလည်းနအဖ စစ်သားအချို့ လက်နက်ချခိုလှုံခဲ့ဖူးကြောင်းတာဝန်ရှိသူများကပြောသည်။
သတင်း- ကိုကျော်သောင်း(ဘန်ကောက်)
**(မေ၂၀။၂၀၁၀)**

No comments:
Post a Comment