လီဗာပူးတွင် နေရာမရဖြစ်နေသော အစ္စရေးကွင်းလယ်ကစားသမား ယော့ဆီဘီနာယောင်အား စပါးက ခေါ်ယူဖွယ်ရှိသည်။ (အင်တာနက်)
*** ဂိုးသမားဂျိမ်းစ်အား ခေါ်ယူရန် စပါး စိတ်ဝင်စား ***
မန်စီးတီးအသင်းသည် အက်စ်တွန်ဗီလာဂိုးသမားဟောင်းနှင့် လက်ရှိပို့စ်မောက် ဂိုးသမား ဒေးဗစ်ဂျိမ်းအား စာချုပ်ခေါ်ယူရန် စိတ်ဝင်စားနေသည်။ (အင်တာနက်)
*** ၀ီလ်ရှီရီအား ထပ်မံစာချုပ်ရေး ဘော်လ်တန် ဆွေးနွေးမည် ***
ဘော်လ်တန်အသင်းသည် အာဆင်နယ်လူငယ် ကွင်းလယ်ကစားသမား ဂျက်စ်ဝီလ်ရှီရီအား လာမည့် ဘောလုံးရာသီနှစ်ဝက်အထိ ဆက်လက်အငှားစာချုပ်ရေးကို နည်းပြ၀င်းဂါးနှင့် ဆွေးနွေးမည်ဟု ဆိုသည်။ (အင်တာနက်)
*** ဂိုးသမားပြဿနာ အာဆင်နယ်အပြီးသတ်ဖြေရှင်းလို ***
အာဆင်နယ်အသင်းသည် ၀က်စ်ဟမ်းဂိုးသမား ရောဘတ်ဂရီးန်နှင့် မန်စီးတီးဂိုးသမား ဂျိုးဟတ်တို့အား ခေါ်ယူစာချုပ်ခြင်းဖြင့် ဂိုးသမား ပြဿနာကို အပြီးသတ်ဖြေရှင်းလိုသည်ဟု ဆိုသည်။ (အင်တာနက်)
*** ခံစစ်မှူး ကာနယ်လာအား ဆမ်အလာဒွိုက်စ်အကဲခတ်နေ ***
ဘလက်ဘန်းနည်းပြ ဆမ်းအလာဒွိုက်စ်သည် စပို့တင်းဂီဂျွန် ခံစစ်မှူး ရောဘတ်တိုကာနယ်လာအား လေ့လာအကဲခတ်နေသည်။ (အင်တာနက်)
*** ပင်းနန့်အား ခေါ်ယူရန် စတုတ်စိတ်ဝင်စား ***
စပိန်အသင်း ရီရဲဇာရာဂိုဇာတွင် သွားရောက်ကစားနေသည်မှာ တစ်နှစ်မျှ ကြာမြင့်နေပြီဖြစ်သော အာဆင်နယ်နှင့် လီဗာပူးတောင်ပံကစားသမားဟောင်း ဂျာမိန်းပင်းနန့်အား စာချုပ်ခေါ်ယူရန် စတုတ်စီးတီးအသင်းက စိတ်ဝင်စားနေသည်။ (အင်တာနက်)
*** တိုက်စစ်မှူး အွန်နရီ ဘာစီလိုနာမှ ထွက်ခွာဖွယ် ***
စပိန်လာလီဂါအသင်း ဘာစီလိုနာမှ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီသည် ဘာစီလိုနာအသင်းမှ ထွက်ခွာဖွယ်ရှိသည်။ (အင်တာနက်)
*** တောရက်စ်အား ပေါင်သန်း ၇၀-ပေးခေါ်ယူရန် ချဲလ်ဆီးပြင်ဆင် ***
ချဲလ်ဆီးအသင်းသည် လီဗာပူးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အား ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀-ပေးစာချုပ်ခေါ်ယူကာ ပြိုင်ဘက် မန်စီးတီးထက် လက်ဦးမှုရယူနိုင်ရန် ပြင်ဆင်နေသည်။ (အင်တာနက်)
*** စီအက်စ်ကေအေမှ ကရာဆင်စ်အား ခေါ်ယူရန် မန်ယူ ကြိုးပမ်း ***
မန်ယူအသင်းသည် ရုရှားအသင်း စီအက်စ်ကေအေမော်စကိုမှ ကွင်းလယ်ကစားသမား မီလို့စ်ကရာဆစ်အား ပြောင်းရွှေ့ကြေးပေါင် ၁၆-သန်းဖြင့် စာချုပ်ခေါ်ယူရန် ကြိုးပမ်းနေသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*
*** လီဗာပူးမှ ဘီနာယောင်အား ခေါ်ယူရန် စပါးစိတ်ဝင်စား ***

No comments:
Post a Comment