ချဲလ်ဆီးအသင်းမှ မြာပွေသော အက်ရှ်လေကိုးလ်သည် စူပါမားကက်သို့ ထွက်လာစဉ်လမ်းတွင် မိန်းမလှတစ်ဦးက သူ့အား မျက်တောင်မခတ် လိုက်ကြည့်နေသည်ကို တွေ့ရသည်။ အတန်ကြာသည်အထိ မျက်နှာမလွှဲသဖြင့် မနေနိုင်သော အက်ရှ်လေကိုးလ်က မေးလိုက်သည်။
`ခင်ဗျား ကျနော့်ကိုသိလို့လား´
`အင်း ရှင်က ကျမကလေးတွေထဲက တစ်ယောက်ရဲ့ အဖေလို့ထင်တာပဲ´
ရုတ်တရက်ကြောင်သွားသော်လည်း အသေအချာစဉ်းစားသော် အက်ရှ်လေကိုးလ်သတိရသွားသည်။ သူ့ဘ၀တွင် ချယ်ရီကိုးလ်အား တစ်ကြိမ်ဖောက်ပြန်ခဲ့ရာတွင် မှားယွင်းခဲ့ဖူးသော အမျိုးသမီးဖြစ်မည်ဟု ထင်မြင်ကာ
`သြော် လွန်ခဲ့တဲ့ ၅-နှစ်တုန်းက ပါတီပွဲတစ်ခုမှာ ကျနော်နဲ့ ခင်ဗျားမှားခဲ့ကြဖူးတာကိုး´
အမျိုးသမီးမှာ ပျာပျာသလဲလဲ
`မဟုတ်ပါဘူးရှင် ကျမရှင့်ကလေးရဲ့ ဆရာမပါ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)**

No comments:
Post a Comment