(အန်ကာရာ၊ မေလ ၁၅-ရက်)
တူရကီနိုင်ငံ၌ ပထမဆုံးညူကလီးယားစက်ရုံကို ရုရှားအစိုးရက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀-ရင်နှီးမြှုပ်နှံတည်ဆောက်ရန် ရုရှားသမ္မတနှင့် တူရကီဝန်ကြီးချုပ်တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးကြကြောင်း ပြည်နယ်မီဒီယာများက မေလ ၁၄-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စင်္ကာပူ- ဖိလစ်ပိုင် လေကြောင်း ခရီးစဉ် တိုးချဲ့ပျံသန်းရေး သဘောတူ ***
(စင်္ကာပူ၊ မေလ ၁၅-ရက်)
စင်္ကာပူနှင့် ဖိလစ်ပိုင် နှစ်နိုင်ငံလေကြောင်းပို့ဆောင်ရေးလုပ်ငန်း တိုးချဲ့ပျံသန်းရန် သဘောတူကြောင်း မေလ ၁၄-ရက်နေ့တွင် စင်္ကာပူနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာသည်။ ယင်းလေကြောင်း ဆိုင်ရာ တိုးချဲ့ပျံသန်းရေး သဘောတူညီချက်အရ စင်္ကာပူလေကြောင်း ကုမ္ပဏီများသည် မနီလာမြို့သို့ အသွားအပြန်နောက်ထပ် လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၁၄-ကြိမ်အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံရှိ အခြားသောမြို့များသို့လည်း အသွားအပြန်လေကြောင်း ခရီးစဉ်များကို တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ ၂၀၀၉-ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းများကြောင့် လေကြောင်း လုပ်ငန်းများ၌ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်ကြားမှပင် စင်ကာပူနှင့် ဖိလစ်ပိုင်လေကြောင်း ခရီးသွားလာမှု ၁၀-ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ (ဆင်ဟွာ)
*** အီရန်နှင့် ကွန်ဂို ဆက်ဆံရေးမူဝါဒသစ် အနာဂတ်၌ တိုးချဲ့လုပ်ကိုင်သွားဖွယ်ရှိ ***
(တီဟီရန်၊ မေလ ၁၅-ရက်)
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၌ အာဖရိကဒေသနှင့် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး မူဝါဒသစ်ကို ဦးစားပေးဖော်ဆောင်လျက်ရှိရာ ယင်းမူဝါဒနှင့်အညီ အီရန်က ကွန်ဂိုဒီမိုကရေက်တစ်သမ္မတနိုင်ငံနှင့် ဆက်ဆံရေးကို တိုးချဲ့သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတွင် မေလ ၁၅-ရက်နေ့က ဖော်ပြသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** တူရကီ၏ ပထမဆုံးညူကလီးယား စက်ရုံ ကို ရုရှားတည်ဆောက်သွားမည် ***

No comments:
Post a Comment