မြနဒီ သောင်ကမ်းမှာ
ပိုက်ကွန်စမ်း လှမ်းပစ်လိုက်တယ်။
**တခါတလေ ဟင်းစားရ
တခါတလေ ဟင်းစားမရ
ညနေ တိမ်ရောင်စုံနဲ့
နေကုန်သာ သွားပါလေရော။
**တခါ သားမှာတော့
ငါးတကောင်ရ၊ ဧရာမ ငါး
ကိုယ့်စွမ်းအားနဲ့ မနိုင်
ပိုက်ကွန်လဲ မခိုင်လေတော့
မပိုင်မဆိုင်လေဟန် လွှတ်ခဲ့တယ်
လွတ်တဲ့ငါး ကြီးမှာသေချာတယ်
တက် တခေါက်ခေါက်
လက်မြှောက်ခဲ့ရတယ်။
**ဒီလို မချင့်မရဲလေးတွေ ဖြေရင်း
နေ၀င်တော့ အိမ်ပြန်
သန်းခေါင်ယံ ကြယ်ပြိုးပြောက်နဲ့
မိုးသောက်တော့ ကမ်းခြေရောက်ပြန်ပေါ့
အခေါင်တွေ မရေနိုင်ခဲ့…။ ။
*** တင်မိုး ***
(၂၃၊ မေလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
**လှိုင်းလေ မကြမ်းလှတဲ့
မြနဒီ သောင်ကမ်းမှာ
ပိုက်ကွန်စမ်း လှမ်းပစ်လိုက်တယ်။
**တခါတလေ ဟင်းစားရ
တခါတလေ ဟင်းစားမရ
ညနေ တိမ်ရောင်စုံနဲ့
နေကုန်သာ သွားပါလေရော။
**တခါ သားမှာတော့
ငါးတကောင်ရ၊ ဧရာမ ငါး
ကိုယ့်စွမ်းအားနဲ့ မနိုင်
ပိုက်ကွန်လဲ မခိုင်လေတော့
မပိုင်မဆိုင်လေဟန် လွှတ်ခဲ့တယ်
လွတ်တဲ့ငါး ကြီးမှာသေချာတယ်
တက် တခေါက်ခေါက်
လက်မြှောက်ခဲ့ရတယ်။
**ဒီလို မချင့်မရဲလေးတွေ ဖြေရင်း
နေ၀င်တော့ အိမ်ပြန်
သန်းခေါင်ယံ ကြယ်ပြိုးပြောက်နဲ့
မိုးသောက်တော့ ကမ်းခြေရောက်ပြန်ပေါ့
အခေါင်တွေ မရေနိုင်ခဲ့…။ ။
*** တင်မိုး ***
(၂၃၊ မေလ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)


No comments:
Post a Comment