*** ဟော်မုန်းဓာတ်ချို့တဲ့လျှင် ခန္ဓာကိုယ်ပုညှက်စေနိုင်ဟုဆို ***
(လန်ဒန်၊ မေလ ၁၃-ရက်)
ခန္ဓာကိုယ်ကြီးထွားစေသည့် ဟော်မုန်းဓာတ်များ ချို့တဲ့လျှင် အရပ်ပုစေနိုင်ကြောင်း လန်ဒန်ဆေးတက္ကသိုလ်မှ ဆရာဝန်များက သတိပေးထားသည်။ ဆယ်ကျော်သက်အရွယ်တွင် ဟော်မုန်းဓာတ်ချို့တဲ့လျှင် ခန္ဓာကိုယ်ကြုံလှီစေနိုင်ကြောင်းဖြင့်လည်း ဆရာဝန်များက အကြံပြုထားသည်။ ငယ်ရွယ်စဉ်ကလေးဘ၀တွင် ကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း ခန္ဓာကိုယ်ကြီးထွားမှု ဟော်မုန်းဓာတ်ချို့တဲ့မှုမရှိစေရေးအတွက် အစားအသောက်၊ အအိပ်၊ အနေအထိုင် အရေးကြီးကြောင်းဖြင့်လည်း အကြုံပြုထားသည်။ ဟော်မုန်းဓာတ်ချို့တဲ့၍ ကြုံလှီပုညှက်နေပါက ပြုပြင်နေထိုင်သွားခြင်းဖြင့် ခန္ဓာကိုယ် ဖွံ့ဖြိုးလာစေနိုင်သည်။
(အင်တာနက်)
*** လုပ်ငန်းခွင်၌ အချိန်ပုံမှန် လုပ်ကိုင်ခဲ့လျှင် နှလုံးရောဂါ ဖြစ်ပွားနိုင်ဖွယ်ရှိ ***
လုပ်ငန်းခွင်၌ အချိန်ပို ပုံမှန် လုပ်ကိုင်ကြသူများနှင့် နေ့စဉ် အလုပ်ချိန် ၁၀-နာရီ၊ ၁၁-နာရီကြာ အလုပ် လုပ်ကိုင်လေ့ရှိသူများသည် နှလုံးရောဂါ ရရှိစေနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ ဗြိတိသျှ ၀န်ထမ်း ၆၀၀၀-ကျော်တို့ကို လန်ဒန်ဆေးတက္ကသိုလ်မှ သုတေသီများက လေ့လာဆန်းစစ်ခဲ့ရာတွင် အထက်ဖော်ပြပါအချက်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွာနိုင်သကဲ့သို့ လုပ်ငန်းခွင်၌ အလုပ်ချိန် ၃-နာရီ၊ ၄-နာရီ ပိုလုပ်နေခြင်းမှာလည်း နှလုံးရောဂါဖြစ်ပွားနိုင်သည်ကို သတိမူသင့်ကြောင်း အဆိုပါ သုတေသီများက သတိပေးထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment