အရက်အလွန်ကျွံသောက်သုံး၍ မှတ်ဥာဏ်များကင်းမဲ့နေသော ဘောလုံးလူဆိုး ဂက်စ်ကွိုင်နီတစ်ယောက် ဆေးရုံတက်ပြီး ရက်အတန်ကြာ ဆရာဝန်က အခြား အရက်သမားနှစ်ဦးနှင့် မှတ်ဥာဏ်ကို စမ်းသပ်နေသည်။
ပထမလူအား `သုံးသုံးလီ ဘယ်လောက်လဲ´။
`၂၇၄´
ဆရာဝန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ဒုတိယလူအား မေးမြန်းပြန်သည်။
`သုံးသုံးလီ ဘယ်လောက်လဲ´
`အင်္ဂါနေ့လေ´
ခေါက်ကိုခါပြီး ဂက်စ်ကွိုင်နီဘက်လှည့်ကာ `ပြောပါဦး သုံးသုံးလီ ဘယ်လောက်တုန်း´
`ကိုးလေ´
`ဟုတ်ပြီ ဘယ်လိုတွက်ချက်လိုက်တာလဲ´
`လွယ်ပါတယ် ၂၇၄ ထဲက အင်္ဂါနေ့ကို နှုတ်ဆက်လိုက်တာပေါ့´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment