အင်တာမီလန်နည်းပြ ဂျို့စ်မော်ရင်ဟိုသည် လာမည့်ဘောလုံးရာသီတွင် အင်တာမီလန်၌ ရှိနေမည်ဟု အတိအကျ ပြောကြားရန် ငြင်းဆန်ခဲ့ကြောင်း၊ ၄င်းအနေဖြင့် အတိအကျ မပြောနိုင်ကြောင်း ဘောလုံးလောကတွင် အကြောင်းအရာတစ်ခုကို ယင်းကဲ့သို့ မည်သည့်အခါမျှ အတိအကျပြော၍ မရနိုင်ကြောင်း ပြောကြားသည်။ (အင်တာနက်)
*** ကီဗင်ဒွိုင်လီ ၀ူဗာဟမ်တန်မှ ထွက်ခွာမည်မဟုတ် ***
အာဆင်နယ်အသင်းက ပေါင် ၁၀-သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေသော ၀ူဗာဟမ်တန်အသင်းတိုက်စစ်မှူး ကီဗင်ဒွိုင်လီသည် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ယင်းအသင်းက အခိုင်အမာ ပြောကြားသည်။ (အင်တာနက်)
*** ၀င်းဂါး၏ ပစ်မှတ် ပါလာမိုမှ ဆိုင်မွန်ကေဂျာ ဖြစ်လာဖွယ် ***
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် သောမတ်စ်ဗာမေလန်နှင့် တွဲဖက်ကစားရန် ဗဟိုခံစစ်မှူးသစ် ရှာဖွေလျက်ရှိရာ အသက် ၂၁-နှစ်အရွယ်ရှိ ပါလာမိုခံစစ်မှူး ဆိုင်မွန်ကေဂျာသည် ၄င်း၏ ပစ်မှတ်ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** ၀ုဖ်ဘတ်ဂ်သို့ စတိဗ်မက္ကလာရင် ပြောင်းရွှေ့ဖွယ် ***
အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း စတိဗ်မက္ကလာရင်သည် နယ်သာလန်အသင်း အက်ဖ်စီတွမ်တီးအား နယ်သာလန်လိဂ်ဖလားရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါအသင်း ၀ုဖ်ဘတ်ဂ်သို့ ပြောင်းရွှေ့ကိုင်တွယ်ဖွယ်ရှိသည်။ (အင်တာနက်)
*** ပို့စ်မောက်တွင်သာ ဆက်ကစားမည်ဟု ဖင်နန်ကတိပြု ***
ပို့စ်မောက်အသင်းသည် ပရီးမီးယားလိဂ်မှ တန်းဆင်းကာ လာမည့်ရာသီ၌ ချန်ပီယံရှစ်တွင် ကစားရလင့်ကစား အသင်းတွင်သာ ဆက်ကစားမည်ဖြစ်ကြောင်း ခံစစ်မှူး စတိဗ်ဖင်နန်က ကတိပြုပြောကြားသည်။ (အင်တာနက်)
*** ချန်ပီယံခါးပတ် ငါးခုရ ပတ်ကွိုင်အော နောက်ဆုံးလက်ဝှေ့ပြိုင်ပွဲ ထိုးသတ်မည် ***
(လန်ဒန်၊ မေလ ၁၄-ရက်)
မိမိအနေဖြင့် လွှတ်တော်အမတ်ရာထူးတာဝန် မထမ်းဆောင်မီ နောက်ဆုံးပြိုင်ပွဲ တစ်ရပ် ထိုးသတ်မည်ဖြစ်ကြောင်း ကမ္ဘာ့ချန်ပီယံခါးပတ် ငါးခုရ ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီပတ်ကွိုင်အောက ပြောသည်။ လာမည့်ပြိုင်ပွဲမှာ နိုဝင်ဘာလ ၆-ရက်၊ သို့မဟုတ် ၁၃-ရက် ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ မေ၀ဲသား သို့မဟုတ် မက္ကဆီကို လက်ဝှေ့သမား မာဂါရီတိုတစ်ဦးဦး ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပတ်ကွိုင်အော၏ ဘဏ္ဍာရေး အကြံပေးအရာရှိ မိုက်ကယ်ကွန့်ဇ်က ပြောကြားသည်။ (အင်တာနက်)
*** ရှုံးပွဲမရှိစံချိန် လက်ဝှေ့ကျော် ရစ်ကီအိုဝင် ဆက်ထိန်းမည် ***
ဆွန်ဆီးမြို့သား စူပါဘင်တန်ဝိတ်တန်း လက်ဝှေ့သမား ရစ်ကီအိုဝင်သည် လာမည့် ဆုကြေးစားလက်ဝှေ့ပွဲစဉ်တွင် ၄င်း၏ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထားမည်ဟု ဆိုသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** လာမည့်ရာသီ၌ အင်တာ၌ ဆက်ရှိရန် မသေချာဟု မော်ရင်ဟို ဖွင့်ဟ ***

No comments:
Post a Comment