ပထမဆုံး စာသင်ခန်းဝင်ရသောနေ့တွင် ဆရာမဖြစ်သူက တပည့်များကို သိမ်းသွင်းရန် မိမိသည် ဘောလုံးဝါသနာရှင်တစ်ဦးဖြစ်ပြီး မန်ယူပရိသတ်ဖြစ်ကြောင်း ပြောသည်။ ပြီးနောက် ကလေးငယ်များထဲမှ မန်ယူပရိသတ်ဖြစ်သူများအား လက်ထောင်ခိုင်းရာ မေရီတစ်ဦးတည်းသာ လက်မထောင်သည်ကို တွေ့ရသည်။
`မေရီ မင်းက ဘယ်အသင်း ပရိသတ်လဲ´
`သမီးက အာဆင်နယ် ပရိသတ်ပါ။ အဖေရော၊ အမေရော အာဆင်နယ်ပရိသတ်လေ´
`သြော်…. အဖေနဲ့ အမေ အာဆင်နယ် ပရိသတ်ဖြစ်တိုင်း သမီးက အာဆင်နယ်ပရိသတ်ဖြစ်ရမလား။ ဒါဆို သမီးအဖေက လူမိုက်… သမီးအမေက နောက်မီးလင်းသူဆို သမီးက ဘာပရိသတ်လုပ်မှာလဲ´
`ချဲလ်ဆီးပရိသတ်လုပ်မှာပေါ့ ဆရာမ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) ***

No comments:
Post a Comment