(ဘဂ္ဂဒက်၊ မေလ ၁၉-ရက်)
အမေရိကန်စစ်ဘက်က ပြန်လွှတ်ပေးလိုက်သော အကျဉ်းသားများသည် အယ်လ်ခိုင်ဒါအဖွဲ့နှင့် ပြန်လည်ဆက် သွယ်ကာ အီရတ်နိုင်ငံတစ်ဝန်း အကြမ်းဖက် တိုက်ခိုက်မှုများကျူးလွန်နေကြကြောင်း အီရတ်လုံခြုံရေး တာဝန် ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားသည်။ အမေရိကန်တို့၏ အကျဉ်းသားဖြစ်ခဲ့ဖူးသူအများစုသည် အကျဉ်း ထောင်မှ လွတ်မြောက်ပြီးနောက် ရာဇ၀တ်မှုနှင့် အကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးလှည့်သွားကြကြောင်း၊ ၄င်း တို့သည် အယ်လ်ခိုင်ဒါအဖွဲ့၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် နေရာရခဲ့ကြကြောင်း ဗိုလ်ချုပ်ကာဆင် အက်တာက သတင်းထောက်များကို ပြောကြားသည်။ အီရတ်ရဲတပ်ဖွဲ့က အမေရိကန်စစ်အကျဉ်းစခန်း များကို အကြမ်းဖက်သမားများမွေးထုတ်ရာ စက်ရုံများအဖြစ် ဖော်ပြသည်။ ၂၀၀၉-ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူ ၁၀၀-ကျော် သေဆုံးခဲ့ရသည့် အီရတ်အစိုးရ၀န်ကြီးဌာနများ တိုက်ခိုက်ခံရမှုတွင် ပါဝင်သော အသေခံဗုံးခွဲ သမား ၂-ဦးသည် ဘက်ကာအမေရိကန်စစ်အကျဉ်းစခန်းဟောင်းတွင် အကျဉ်းကျဖူးသူများ ဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
*** ကမ္ဘာ့အသေးငယ်ဆုံး ကြာပန်းတွေ့ရှိ ***
(လန်ဒန်၊ မေလ ၁၉-ရက်)
မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီဖြစ်သော ကမ္ဘာ့အသေးငယ်ဆုံး ကြာပန်းတစ်မျိုးကို ဗြိတိန်နိုင်ငံ တော်ဝင်ရုက္ခဗေဒဥယျာဉ်အတွင်း၌ တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ ယင်းကမ္ဘာ့အသေးဆုံးကြာပန်းကို သိပ္ပံပညာရှင်များက မိခင်နိုင်ငံဖြစ်သည့် ရ၀မ်ဒါနိုင်ငံ၌ နွေဦးရာသီကာလအတွင်း ပြန်လည်မျိုးပွားထုတ်လုပ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ကြာပန်းကို ရုက္ခဓေဒအခေါ်အဝေါ် ကားလို့စ်မက်ဒါလင်ဒါဟုခေါ်ပြီးပွင့်ချပ်၊ ပွင့်ဖတ်များမှာ အလွန်သေးငယ်ကြောင်း သိရသည်။ (အင်တာနက်)
*** ဖိလစ်ပိုင်တွင် ရဟတ်ယာဉ်ပျက်ကျ ပြည်နယ်အုပ်ချုပ်ရေးမှူး သေဆုံး ***
(မနီလာ၊ မေလ ၁၈-ရက်)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏ အနောက်တောင်ပိုင်းတွင် တနင်္လာနေ့က ရဟတ်ယာဉ်တစ်စင်းပျက်ကျရာ ပြယ်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး အပါအ၀င် ၆-ဦးသေဆုံးကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ ကွီဇုန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရာဖေးလ်နန်တီးစ်၊ ကိုယ်ရံတော် ၂-ဦးနှင့် ရဟတ်ယာဉ်မောင်းအပါအ၀င် ၄-ဦးလိုက်ပါလာသော ရဟတ်ယာဉ်သည် ပျံတက်ပြီးအနည်ငယ်မျှအကြာ လူစီနားမြို့ လူနေရပ်ကွက်အတွင်းသို့ ပျက်ကျခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းရဟတ်ယာဉ်သည် အိမ်များပေါ်ပျက်ကျ၍ မီးလောင်ခဲ့ရာ ယာဉ်ပေါ်ပါ ၄-ဦးနှင့် မြေပြင်မှ ၂-ဦးသေဆုံးကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂျီနီရိုဆိုဘိုလီနာက ပြောကြားသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် မိုင် ၆၀-ဝေးသော မနီလာမြို့၌ ကျင်းပသည့် အစေည်းအဝေးသို့ တက်ရောက်ရန် ရဟတ်ယာဉ်ငှားရမ်း၍ သွားစဉ် ဤကဲ့သို့ဖြစ်ရကြောင်း ၄င်း၏ လက်ထောက်ကပြောကြားသည်။ မည်သည့်အတွက်ကြောင့် ပျက်ကျရသည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ (ရိုက်တာ)
*** တောင်အာဖရိကကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပစဉ် အကြမ်းဖက်မှုများလုပ်ဆောင်ရန် အယ်လ်ခိုင်ဒါကြံစည် ***
(ဘဂ္ဂဒက်၊ မေလ ၁၈-ရက်)
တောင်အာဖရိကနိုင်ငံ၌ ရှေ့လအတွင်း ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသည်ဟု ယူဆရသော အယ်လ်ခိုင်ဒါစစ်သွေးကြွတစ်ဦးကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ကြောင်း တနင်္လာနေ့သတင်းများတွင် ဖော်ပြထားသည်။ (အင်တာနက်)
*** အမေရိကန်တို့ ပြန်လွှတ်သည့် အကျဉ်းသားများ အယ်လ်ခိုင်ဒါနှင့် ပြန်ဆက်သွယ် ***

No comments:
Post a Comment