*** လုပ်ငန်းခွင်၌ ဖိအားပေးခံရသူ စိတ်ကျရောဂါဖြစ်လာနိုင်ဟုဆို ***
(လန်ဒန်၊ မေလ ၁၉-ရက်)
လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရမှုများလျှင် စိတ်ကျရောဂါဖြစ်ပွားနိုင်ကြောင်း ဗြိတိသျှ သုတေသီများက လေ့ လာတင်ပြထားသည် ဗြိတိသျှလူမျိုး ၁၀-ဦးလျှင် တစ်ဦးမှာ လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရ၍ စိတ်ကျရောဂါ ဖြစ်ပွားလျက်ရှိကြောင်း လုပ်ငန်းခွင်၌ ငွေကြေးအကျပ်အတည်းကြောင့်လည်း စိတ်ကျရောဂါ ဖြစ်ပွားနိုင် ကြောင်း ၄င်းတို့က ပြောကြားသည်။ ယင်းသုတေသနအဖွဲ့က ဗြိတိသျှအလုပ်သမား ၂၀၅၀-တို့အား သုတေသနပြု ဆန်း စစ်လေ့လာခဲ့ရာ ထက်ဝက်နီးပါးမှာ လုပ်ငန်းခွင်အတွင်း ဖိအားပေးခံရ၍ စိတ်ကျရောဂါ ဖြစ်ပွားနေမှုနှင့် ဆက် စပ်နေကြောင်း သတိပေးပြောကြားလျက်ရှိသည်။ (အင်တာနက်)
*** ၀က်အူချောင်းများ နေ့စဉ်စားသုံးမှု နှလုံးရောဂါနှင့် ဆက်စပ်မှုမရှိ ***
(လန်ဒန်၊ မေလ ၁၉-ရက်)
ဝက်အူချောင်းများနေ့စဉ် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်မှုမရှိကြောင်း ဟားဗက်တက္ကသိုလ်မှ သုတေသီများက လေ့လာတင်ပြထားသည်။ နေ့စဉ် ၀က်အူချောင်း ၅၀-ဂရမ် စားသုံးသော လူတစ်သန်းကျော်တို့အား အဆိုပါ သုတေသီများက သုတေသနပြုခဲ့ရာ ဆီးချိုရောဂါ ဖြစ်ပွားခြင်းမရှိသလို နှလုံးရောဂါလည်း ဖြစ်ပွားနိုင်ဖွယ်မရှိကြောင်း၊ ၀က်သား၊ အမဲသားနှင့် သိုးသားများနေ့စဉ် စားသုံးလျှင်သော်မှ နှလုံးရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်မှုမရှိကြောင်း လေ့လာတင်ပြထားသည်။ သို့သော် အသားနှင့် ၀က်အူချောင်းများ အလွန်အကျွံ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောဓာတ်များ အလွန်များလာ၍ ကျန်းမာရေးထိခိုက်နိုင်ကြောင်း သတိပေးထားသည်။ (အင်တာနက်)
*** Public Health ***

No comments:
Post a Comment