ဂျာနယ်သတင်းထောက်တစ်ဦးကို ထိုးကြိတ်သောကြောင့် ဘာဘာတော့ဗ်အား မန်ယူအသင်း၏ နည်းပြ ဖာဂူဆန် ကရုံးခန်းသို့ ခေါ်ကာဆူသည်။
`မင်းဘာလို့ သတင်းထောက်ကို ဒီလောက်အထိထိုးတာလဲကွ။ သွားတွေတောင်ကျိုးသွားတယ်´
`ဆရာမသိဘူးနော်… သူ ကျနော့်ကစားပုံတွေ၊ ဂိုးသွင်းပုံတွေကို ဂျာနယ်ထဲမှာ ဖော်ပြတယ်ဗျ…´
`ဟ… ဒါကောင်းတာပေါ့။ မင်းအတွက် ဂုဏ်ယူစရာပဲဟာ´
`ဘယ်ကလာဆရာရယ်…။ သူဖော်ပြတာက ရယ်စရာကဏ္ဍမှာ ဗျ….´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။

(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment