**(မေ ၁၈။၂၀၁၀)**
ထိုင်းနိုင်ငံအတွင်းသိုရောက်ရှိနေကြသည့်မြန်မာရွေပြောင်းအလုပ်သမားများ၏သားသမီးများတွက်၊ထိုင်း
နိုင်ငံတောင်ပိုင်းဖန်ငအခြေစိုက် အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE အဖွဲ့ က ဆဋ္ဌမမြောက်ပညာသင်နှစ်အဖြစ်ယမန်နေ့ ကစတင်ဖွင့်လှစ်လိုက်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရာဘာခြံ၊ငါးဖမ်း၊ပန်းရံ၊ဘန်ဂလို၊အိမ်ဖေါ်နှင့်အခြားလုပ်ငန်းပေါင်းစုံတို့ တွင်
အလုပ်လုပ်ကိုင်နေကြသည့်မြန်မာအလုပ်သမားများ၏သားသမီးငယ်များပညာရေးအတွက် ရည်ရွယ်ပြီး
ဆူနာမိဖြစ်ပွားပြီး၊ ပြီးခဲ့သည့်၂၀၀၅ခုနှစ် ဂျွန်လတွင် စာသင်ကျောင်း ၃ကျောင်းဖြင့်စတင်ခဲ့သည်။
ယမန်နေ့ ကျောင်းဖွင့်ပွဲနှင့်ပါတ်သက်၍ အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန
GHRE မှပညာရေးတာဝန်ခံဦးမင်းသိန်းကျော်က“မနေ့ ကကျောင်းပေါင်း၁၀ကျောင်းဖွင့်ပါတယ်။ကျောင်းလာအပ်တဲ့
ကျောင်းသူ၊ကျောင်းသား(၄၈၁)ံဦးရှိပါတယ်၊ ကျနော်တို့ ကျောင်းမှာ နိုင်ငံခြားဘော်လံဒီယာဆရာတွေ၊ထိုင်းဆရာမ
တွေ၊ပြီးတော့ မြန်မာနိင်ငံကရောက်လာကြတဲ့ဘွဲ့ ရ၊ဘွဲ့လွန်ဆရာ၊ဆရာမစုစုပေါင်း ၄၀ ၀န်းကျင်နဲ့  ကြား
ပေးပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင်လူငယ်သိပံကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ကျနော်တို့ ကသြစတီလျှား
ကပညာရေးဒေါက်တာတစ်ယောက်ရဲ့ အကြံညဏ်ကိုရယူပြီးတော့ကျနော်တို့ ညှိနှုင်းပြီးတော့သင်ရိုးချကြ
ပါတယ်။မြန်မာပြည်မှာလို အလွတ်ကျက် ပညာသင်ကြားနည်းကိုတော့ကျနော်တို့ မသုံးဘူး၊ကလေးတွေ
လွတ်လပ်စွာတွေးတော့ကြံဆနိုင်တဲ့နည်းဖြစ်ပါတယ်”ဟုပြောသည်။
အိမ်စာပေးခြင်းမျိုးကိုအထူးရှောင်ရှားပြီး၊သင်ကြားလိုသမျှကို စာသင်ခန်းတွင်ပြီးမြောက်အောင်သင်ကြား
ပေးလိုက်သည်။ အကြောက်တရားကင်းစင်ပြီး ပြောရဲဆိုရဲ၊ရှိသောကလေးများဖြစ်အောင်လေ့ကျင့်သင်
ကြားပေးသည်။ ကလေးများအားလုံးတွင်မတော်သကဲ့သို့ အားလုံးတွင်လည်းမညံ့နိုင်ကြောင်း၊ ကလေးများမှာ တစ်နေကုန်စာသင်ပြီးအိမ်ကိုရောက်သည့်အခါနွေးထွေးသည့်မိသားစုနေထိုင်နိုင်သည့်အချိန်တွင်လွတ်လပ်
်ပေါ့ပါးစွာနေထိုင်သင်ကြောင်း ကလေးများကို ကိုယ်ပိုင်ချိန်ပေးသင့်ကြောင်း ဦးမင်းသိန်းကျော်ကရှင်းပြသည်။
ဖန်ငဒေသတွင်ဆူနာမိငလျှင်ဖြစ်ပွားပြီနောက်ပိုင်း ဒေသတွင်း မိဘမဲ့ကလေးများအပါဝင်အခြားရွေ့ ပြောင်း
လုပ်သမားများ၏သားသမီးငယ်များပညာရေးလိုအပ်ချက်အတွက်စတင်ဖွင့်လှစ်ခဲ့သည့် ပညာရေးအစီအစဉ်
အတွက် ကြုံခဲ့ရသည့်အခက်အခဲအချို့ အား အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE အဖွဲ့ မှ
ဒါရိုက်တာဦးထူးချစ်က“အစပိုင်းတုန်းက ဒေသခံထိုင်းလူမျိုးတွေအမြင်မကြည်တာကို ကျနော်တို့ အရင်ကြိုး
စားခဲ့ရတယ်၊လုံခြုံရေးကအစပေါ့၊ ခုတော့ကျနော်တို့ ကိုယ်ပိုင်မြေ၀ယ်ပြီးကျောင်းတွေဆောက်နိုင်ခဲ့ပါပြီ၊
နိုင်ငံတကာစီးပွားရေးကျပ်တည်းမှုကြောင့်ရံပုံငွေ အခက်အခဲအနည်းငယ်တော့ရှိပါတယ်။ ပြီးခဲ့နှစ်နဲ့ ဒီနှစ်မှာ
ကျနော်တို့ ဆီကနေထိုင်းကျောင်းကို ကျောင်းသားတစ်ရာကျော်ပို့ ပေးနိုင်ခဲ့ပါတယ်။တစ်နှစ်မှာ ကျောင်းသား
ခြောက်ရာကျော် ခုနှစ်ရာကျော်ထိသင်ကြားပေးနိုင်ပါတယ်။ ကျနော်တို့ အဖွဲ့ က ကလေးတွေပညာရေးကိစ္စ
တစ်ခုတည်းမဟုတ်ပဲ၊ကလေးမိဘတွေရဲအလုပ်သမားအခွင့်အရေးကိစ္စ၊အလုပ်အကိုင်ရှာဖွေရေးကိစ္စ
၊ကျမ္မာရေးကိစ္စအပါအ၀င်အခြားကဏ္ဍအတော်များများကိုပါကူညီဆောင်ရွက်ပေးတာကြောင့်မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက်အထူးကောင်းမွန်ပါတယ်။လူထုရဲ့အားကိုကျနော်ယုံပါတယ်။ကျနော်တို့ အခက်အခဲကြုံနေရချိန်မှာသူတို့ တွေကလည်းအလှူငွေအချို့ ထည့်ဝင်ကြပါတယ်”ဟုပြောသည်။
ယခုအခါ ထိုင်းအစိုးရပညာရေးဋ္ဌာန(ဖန်င)ကတရားဝင်အသိအမှတ်ပြုထားခြင်းခံရပြီးဖြစ်သည်။ယခုနှစ်တွင်အဖွဲ့ 
အစည်းပိုင်ဝယ်ယူထားသည့်မြေပေါ်တွင် အနည်းဆုံးကျောင်းသူ/ကျောင်းသား ၃၀၀ ကျော်ဆန့် သည့်
အမျိုးသမီး၊အမျိုးသားဆောင်များအဖြစ်ကျောင်းအိပ်၊ကျောင်းစား အဆောက်ဦ တစ်ခုဆောက်မည်ဖြစ်
ကြောင်းဒါရိုက်တာဦးထူးချစ်ကပြောသည်။
အဆိုပါပညာရေးအစီအစဉ်တွင် ၄နှစ်တိုင်တိုင်ကျောင်းတက်နေသည့်စတုတ္ထအသက် ၁၃နှစ်အရွယ်
မအိအိမိုး၏မိခင် မလှမြင့်က“သမီးလေး အခုလိုကျောင်းတက်ခွင့်ရနေတာ ကိုဝမ်းလည်းသာပါတယ်။
အခြေခံလူထု လူ့ အခွင့်အရေးပညာပေးဌာန GHRE အဖွဲ့ကိုလည်းအထူးကျေးဇူးတင်ပါတယ်။ ဗမာ
ပြည်မှာဆိုရင် ကျမတို့ ဘယ်ကျောင်းထားနိုင်မလဲ၊ခု သမီးလေးက မိဘတွေလုပ်တဲ့အလုပ်ကိုလည်း
ဝင်ကူလုပ်ပြီးလုပ်တယ်။ကျောင်းအကြိုအပို့ အတွက်ကားခ တစ်လကို ဘတ်၃၀၀ ပဲပေးရပါတယ်။
ဘာစရိတ်မှမရှိဘူး၊ဗမာပြည်မှာဆိုရင် ဘာစ၇ိတ်၊ညာစရိတ်ဆိုပြီးတောက်လျှောက်ကောက်နေတာ။
ဒီမှာကလေးတွေပေါ့ပေါ့ပါးပါးနဲ့ ပညာသင်နေရသလို ကျမတို့ ကျောင်းသားမိဘတွေမှာလည်းဘာ
ဝန်ထုတ်ဝန်ပိုးမှ မရှိဘူးရှင့်”ဟုပြောသည်။ဦးအေးကိုနှင့်မလှမြင့်တို့ ဇနီးနောင်နှံ၂ဦစလုံးမှာဖန်ငခရိုင်
အတွင်းရာဘာခြံတစ်ခုတွင်အလုပ်လုပ်နေသည့်အလုပ်သမားများဖြစ်ကြပြီးရန်ကုန်ဇာတိများဖြစ်သည်။
ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငနှင့်အနီးပတ်ဝန်ကျင်ရှိ မွန်နှင့်ထားဝယ်တိုင်းရင်းသားအလုပ်သမားအချို့ မှာ
နေရပ်ရင်းမှ သားသမီးများကို ပါခေါ်ယူပြီး မိသားစုအတူနေထိုင်ပြီး ကလေးများကိုပညာသင်ပေးခြင်း
လည်းရှိကြောင်းသိရှိရသည်။
သတင်း- ကိုကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment