အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းလွန်တွင် ဇွန်လ ၁-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆ ဒသမ ၆ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခဲ့ကြောင်း၊ ငလျင်လှုပ်မှုကြောင့် နီကိုဘာကျွန်း၌ အအောက်အအုံများ ယိမ်းထိုးလှုပ်ခါသွားခဲ့ကြောင်း၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း မရှိကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ (အင်တာနက်)
***ကနေဒါနိုင်ငံမှ သတ္တုနှင့် သစ်အချောထည်ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး**
တရုတ်ဈေးကွက်သို့ ကနေဒါနိုင်ငံမှ သတ္တုနှင့် သစ်အချောထည်ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ထိုသို့ကုန်ပစ္စည်းများ တင်ပို့ရာတွင် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကနေဒါအရာရှိများက ဇွန်လ ၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဖိလစ်ပိုင်တောင်ပိုင်း၌ ရေလွှမ်းမှုဖြစ်ပွား ***
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနာရိုပြည်နယ်တွင် ဇွန်လ ၁-ရက်နေ့ နံနက်က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများဖြစ်ပွားရာ ဒေသခံပြည်သူ ၄၇၀၀၀-ခန့် ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဖိလစ်ပိုင်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
***တရုတ်နိုင်ငံတောင်ပိုင်းမြေပြို**
တရုတ်နိုင်ငံတောင်ပိုင်း ဖန်ချန်ဂန်မြို့ဆိပ်ကမ်းအနီး၌ ဇွန်လ ၁-ရက်နေ့က မြေပြိုမှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခြင်းဖြစ်ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** နယူးယောက်၌ ရဟတ်ယာဉ် မတော်တဆမှုဖြစ်ပွား ***
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဇွန်လ ၁-ရက်နေ့ နံနက်က ရဟတ်ယာဉ်တစ်စင်း သစ်ပင်များကိုတိုက်မိပြီး အရေးပေါ်ဆင်းသက်ခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၉-ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နယူးယောက်မြို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အိန္ဒိယအရှေ့ပိုင်း၌ အင်အားပြင်းငလျင်လှုပ် ***

No comments:
Post a Comment