အသိဥာဏ်ကလဲ ပွင့်နေပြီမို့
အံ့အားသင့်ဖွယ် ဥာဏ်စွမ်းတွေနဲ့
အချစ်ပန်းတွေ ပွင့်နေပါပေါ့။
**ညနေဆည်းဆာ
သန်လျင်က ပြန်လာတဲ့ ငါ့ကို
`ချစ်စရာ ကောင်းလှချည့် ဘိုးဘိုး´ ဆိုပြီး
ရှေ့တိုးလို့ လာနမ်းတော့
ဧည့်ခန်းက သင်္ဘောအင်ဂျင်နီယာ ကိုလှထွန်း
ရယ်ရွှန်းဖတ်ရွှန်းနဲ့
`တော်တော် အလွမ်းသယ်တဲ့ ကလေး
ဘိုးဘိုးရဲ့ အသက်ရှည်ဆေးပါပဲ´တဲ့။
**ငါလဲ ပီတိနှလုံး တပြုံးပြုံးနဲ့
`လာပါအုံးဟဲ့ ငါ့မြေး´လို့
ထွေးထွေးပွေ့ပွေ့ လုပ်မိတော့တယ်။
**ဒီမြေးကလေး မိုးပွင့်ဟာ
ဥာဏ်ရည်ကလည်း မြင့်ပါဘိသနဲ့
အချက်နှင့် အလက်နှင့်
အခွင့်သင့်အောင် စကားဆိုတတ်တဲ့
ဘာကမှ အပိုအလိုမရှိ
ကွက်တိခွင်ကျ အဓိပ္ပါယ်ကပါ သေချာ
သဒ္ဒါမမှား စကားသုံးအမှားမရှိ
အံ့ဖွယ်လိလိ စကားတတ်တယ်
ပါးနပ်လျင်မြန် ဥာဏ်ကလဲထက်
လူကလဲ သွက်ပါပေ့။
**အသက်က ၂၀ ရက် ဇွန်ကျမှ
နှစ်နှစ် ပြည့်မယ်။
ငါ့မှာလဲ သားသမီးတွေ မွေးခဲ့ပါရဲ့
ဒီကလေးလောက် ထူးချွန်တဲ့
ဥာဏ်ရည်မွန်ရှိသူ မကြုံဖူးသေး
ထူးခြားပါပေ့ကွယ်။
**သားအချစ် မြေးအနှစ်မို့
အချစ်အား ပိုပိုနဲ့
ကိုယ့်ငါချဉ် ကိုယ်ချဉ်မိလေသလား
ဒီငါးချဉ်ကလဲ
ချဉ်ပဲ ချဉ်နိုင်ပါပေ့ဗျာ။
**ဘာပဲဖြစ်ဖြစ်
ချစ်စရာမြေးကလေး
အသက်ရှည်ဆေး အမှန်ပါ။ ။
*** တင်မိုး ***
(၁၄၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာ ညဦးယံ)
**မြေးမကလေး မိုးပွင့်
အသိဥာဏ်ကလဲ ပွင့်နေပြီမို့
အံ့အားသင့်ဖွယ် ဥာဏ်စွမ်းတွေနဲ့
အချစ်ပန်းတွေ ပွင့်နေပါပေါ့။
**ညနေဆည်းဆာ
သန်လျင်က ပြန်လာတဲ့ ငါ့ကို
`ချစ်စရာ ကောင်းလှချည့် ဘိုးဘိုး´ ဆိုပြီး
ရှေ့တိုးလို့ လာနမ်းတော့
ဧည့်ခန်းက သင်္ဘောအင်ဂျင်နီယာ ကိုလှထွန်း
ရယ်ရွှန်းဖတ်ရွှန်းနဲ့
`တော်တော် အလွမ်းသယ်တဲ့ ကလေး
ဘိုးဘိုးရဲ့ အသက်ရှည်ဆေးပါပဲ´တဲ့။
**ငါလဲ ပီတိနှလုံး တပြုံးပြုံးနဲ့
`လာပါအုံးဟဲ့ ငါ့မြေး´လို့
ထွေးထွေးပွေ့ပွေ့ လုပ်မိတော့တယ်။
**ဒီမြေးကလေး မိုးပွင့်ဟာ
ဥာဏ်ရည်ကလည်း မြင့်ပါဘိသနဲ့
အချက်နှင့် အလက်နှင့်
အခွင့်သင့်အောင် စကားဆိုတတ်တဲ့
ဘာကမှ အပိုအလိုမရှိ
ကွက်တိခွင်ကျ အဓိပ္ပါယ်ကပါ သေချာ
သဒ္ဒါမမှား စကားသုံးအမှားမရှိ
အံ့ဖွယ်လိလိ စကားတတ်တယ်
ပါးနပ်လျင်မြန် ဥာဏ်ကလဲထက်
လူကလဲ သွက်ပါပေ့။
**အသက်က ၂၀ ရက် ဇွန်ကျမှ
နှစ်နှစ် ပြည့်မယ်။
ငါ့မှာလဲ သားသမီးတွေ မွေးခဲ့ပါရဲ့
ဒီကလေးလောက် ထူးချွန်တဲ့
ဥာဏ်ရည်မွန်ရှိသူ မကြုံဖူးသေး
ထူးခြားပါပေ့ကွယ်။
**သားအချစ် မြေးအနှစ်မို့
အချစ်အား ပိုပိုနဲ့
ကိုယ့်ငါချဉ် ကိုယ်ချဉ်မိလေသလား
ဒီငါးချဉ်ကလဲ
ချဉ်ပဲ ချဉ်နိုင်ပါပေ့ဗျာ။
**ဘာပဲဖြစ်ဖြစ်
ချစ်စရာမြေးကလေး
အသက်ရှည်ဆေး အမှန်ပါ။ ။
*** တင်မိုး ***
(၁၄၊ ဇွန်လ၊ ၁၉၉၉၊ တနင်္လာ ညဦးယံ)


No comments:
Post a Comment