ဂျို့စ်မော်ရင်ဟိုအား ရီရဲမက်ဒရစ်နည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း ၄င်းကလပ်က ကြေညာသည်။ မော်ရင်ဟိုသည် လွန်ခဲ့သော ခုနစ်နှစ်အတွင်း ၁၁-ဦးမြောက် ရီရဲမက်ဒရစ်အသင်း နည်းပြဖြစ်လာသည်။ (အင်တာနက်)
*** ဂျိုးကိုးလ်အား ချဲလ်ဆီးက ထွက်ခွာခွင့်ပြု ***
ချဲလ်ဆီးအသင်းသည် လီဗာပူးအသင်းမှ ဘီနာယောင်အား ခေါ်ယူရန် စိတ်ဝင်စားနေသဖြင့် ဂျိုးကိုးလ်အား စတန်းဖို့ဒ်ဘရစ်ခ်ျမှ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်သည်။ (အင်တာနက်)
*** မာရှေယာနိုအား ဘာစီလိုနာမျက်စီကျ ***
ဘာစီလိုနာအသင်းသည် လီဗာပူကွင်းလယ်ကစားသမား မာရှေယာနိုအား စာချုပ်ခေါ်ယူရန် မျက်စိကျနေကြောင်း၊ သို့သော်လည်း အာဆင်နယ်မှ ဖာဘရီဂတ်စ်အား ခေါ်ယူရေးကြိုးပမ်းမှုက အဟန့်အတားဖြစ်စေဖွယ်ရှိကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** အင်ဒီမာရေး ပြင်သစ်အိုးပင်းပြိုင်ပွဲကို ကျောခိုင်းခဲ့ရ ***
ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသည့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်တွင် ဗြိတိသျှအဆင့် (၁)တင်းနစ်သမား အင်ဒီမာရေးသည် ကမ္ဘာ့ အဆင့် (၁၅)ရှိ ပြိုင်ဘက် ချက်တင်းနစ်ကစားသမား တိုမက်ဘာဒိုက်ခ်ျအား ၄-၆၊ ၅-၇၊ ၃-၆-ဖြင့် ရှုံးနိမ့်ကာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်နှင့် လွဲချော်ကာပြိုင်ပွဲများ ကျောခိုင်းခဲ့ရပြီဖြစ်သည်။ (အင်တာနက်)
*** ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ ဖက်ဒဲယာအနိုင်ရရှိ ***
ပြင်သစ်အိုးပင်းတင်းနစ် လက်ရှိချန်ပီယံ ကမ္ဘာ့အဆင့် (၁)ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲယာသည် စတုတ္ထအဆင့်ပြိုင်ပွဲတွင် တစ်နိုင်ငံတည်းသား တင်းနစ်သမား စတာနစ်လက်စ်ဝေါ်ရင်ကာအား ၆-၃၊ ၇-၆၊ ၇-၅ ဖြင့် အနိုင်ရရှိကာ ၄င်း၏ ချန်ပီယံသရဖူကာကွယ်ရေးအိပ်မက်ကို ထိန်းထားနိုင်ခဲ့သည်။ (အင်တာနက်)
*** နိုင်ဂျီးရီးယား ကစားသမား အူချီ ကမ္ဘာ့ဖလားနှင့် လွဲချော် ***
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် နိုင်ဂျီးရီးယားအသင်းတွင် အသင်း၏ အဓိက အားထားရသော ရီရဲဇာရာဂိုဇာကစားသမား အူချီ ဒူးခေါင်းဒဏ်ရာရထားသဖြင့် မပါဝင်နိုင်တော့ကြောင်း သတင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** ဒဗလျူဘီစီလက်ဝှေ့သရဖူ ကလစ်ရှ်ကို ကာကွယ်နိုင် ***
ယူကရိန်းလက်ဝှေ့ကျော် ဗီတာလီကလစ်ရှ်ကိုသည် ဂျာမနီနိုင်ငံ ဂယ်လ်ဆင်ကီချင်မြို့၌ ပြိုင်ဘက်လက်ဝှေ့သမား အဲလ်ဘတ်ဆိုစနိုစကီအား ၁၀-ချီမြောက်တွင် အလဲထိုးအနိုင်ယူကာ ၄င်း၏ ဒဗလျူဘီစီလက်ဝှေ့သရဖူကို ပြန်လည်ရယူနိုင်ခဲ့သည်။ (အင်တာနက်)
*** ကာကစ်အားစာချုပ်ခေါ်ယူရန် ဖာဂူဆန်စိတ်ဝင်စား ***
မန်ယူနည်းပြ ဖာဂူဆန်သည် ဘာစီလိုနာမှ ဆယ်ကျော်သက် တိုက်စစ်မှူး ဘိုဂျန်ကာကစ်အား ပြောင်းရွှေ့ကြေး ပေါင် ၁၂-သန်းဖြင့် စာချုပ်ခေါ်ယူရန် စိတ်ဝင်စားနေသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- ချစ်စိုးနိုင် ***
*** မော်ရင်ဟို ရီးရဲမက်ဒရစ် နည်းပြဖြစ်ပြီ ***

No comments:
Post a Comment