ပုပ်စော် နံနေမှာမို့
ပေယျာလကန် ၀ကွက်ချန်တော့မယ်
အမှန်တွေချည်း မပြောတော့ပါဘူး…။
**ခွင့်လွှတ်တန်ရင် ခွင့်လွှတ်မှ
နူးညွတ်လို့ ရပေမယ့်
အဓမ္မကို အားပေးတာတော့မဟုတ်….။
**လမ်းအမှားကို
ရမ်းရမ်းကားကား သွားမိသူအဖို့
သူ့တရား သူစီရင်
တစပြင်က ကြိုပေလိမ့်မယ်….။
**အမှားတွေ ကြာညောင်းရင်
ထုထောင်းဒဏ်ရာတွေ များမှာမို့
အမှား မကြာရအောင်
ခ၀ါချမှ တော်မယ်လေ….။
**အမှန်တရားကို ဆုပ်ကိုင်ပြီး
မဏ္ဍပ်တိုင် မတက်တော့ပါဘူး
စိတ်ထား ပျော့ပျော့နဲ့
လက်လျှော့လိုက်ပါပြီ သူငယ်ချင်း….။ ။
*** တင်မိုး ***
(၁၃၊ ဇွန်လ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
**သမိုင်းကို လှန်ရင်
ပုပ်စော် နံနေမှာမို့
ပေယျာလကန် ၀ကွက်ချန်တော့မယ်
အမှန်တွေချည်း မပြောတော့ပါဘူး…။
**ခွင့်လွှတ်တန်ရင် ခွင့်လွှတ်မှ
နူးညွတ်လို့ ရပေမယ့်
အဓမ္မကို အားပေးတာတော့မဟုတ်….။
**လမ်းအမှားကို
ရမ်းရမ်းကားကား သွားမိသူအဖို့
သူ့တရား သူစီရင်
တစပြင်က ကြိုပေလိမ့်မယ်….။
**အမှားတွေ ကြာညောင်းရင်
ထုထောင်းဒဏ်ရာတွေ များမှာမို့
အမှား မကြာရအောင်
ခ၀ါချမှ တော်မယ်လေ….။
**အမှန်တရားကို ဆုပ်ကိုင်ပြီး
မဏ္ဍပ်တိုင် မတက်တော့ပါဘူး
စိတ်ထား ပျော့ပျော့နဲ့
လက်လျှော့လိုက်ပါပြီ သူငယ်ချင်း….။ ။
*** တင်မိုး ***
(၁၃၊ ဇွန်လ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)


No comments:
Post a Comment