*** နေ့စဉ်သွားတိုက်မှုနည်းလျှင် နှလုံးရောဂါဖြစ်စေနိုင် ***
(လန်ဒန်၊ မေလ ၃၁)
နေ့စဉ်သွားနှစ်ကြိမ် မတိုက်သောသူများသည် နှလုံးရောဂါ ဖြစ်ပွားမှုနှင့် ဆက်စပ်နေကြောင်း သုတေသီများက လေ့လာတင်ပြထားသည်။ စကော့တလန်သိပ္ပံပညာရှင်များက အရွယ်ရောက်သူ ၁၁၀၀၀-ကျော်တို့အား သွားရောဂါနှင့် နှလုံးရောဂါ ဆက်စပ်ဖြစ်ပွားမှုကို သုတေသနပြုခဲ့ကြသည်။ နေ့စဉ်သွားတိုက်မှုနည်းပါးခြင်းကြောင့် သွေးကြောများကို ထိခိုက်စေလျက် နှလုံးရောဂါဖြစ်စေနိုင်သည်ဟု ဆိုသည်။ နေ့စဉ်သွားတိုက်ခြင်းမရှိခြင်းကြောင့် သွားမှတဆင့် ဗက်တီးရီးယားများ ကူးစက်ပြီး သွားဖုံးများရောင်စေနိုင်ကြောင်း၊ ယင်းမှတဆင့် နှလုံးသွေးကြောများကို ထိခိုက်ပြီး နှလုံးရောဂါဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment