အင်တာမီလန်မှ ဘရာဇီး ညာနောက်ခံလူ မိုင်ကွန်သည် မန်စီးတီးနည်းပြ ရောဘတ်တိုမန်စီနီ၏ ယခုနွေရာသီတွင် ခေါ်ယူလိုသော ကစားသမားများအနက် ထိပ်ဆုံးမှ ပါဝင်နေကြောင်း ၄င်း၏ အေးဂျင့်က ပြောကြားသည်။ (အင်တာနက်)
*** ဆန်တာခရုဇ်အား ခေါ်ယူရန် ဘင်နီတက်ဇ် စဉ်းစား ***
လီဗာပူးနည်းပြ ရာဖေးလ်ဘင်နီတက်ဇ်သည် မန်စီးတီးတိုက်စစ်မှူး ဆန်တာခရုဇ်အား စာချုပ်ခေါ်ယူရန် စဉ်းစားနေကြောင်း၊ ယင်းသို့ ခေါ်ယူရာတွင် လီဗာပူး ကွင်းလယ်ကစားသမား ဘီနာယောင်အား အလိုက်ပေးကမ်းလှမ်းဖွယ်ရှိကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** မီလ်နာ၏ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀-ဟု ဗီလာဈေးခေါ် ***
မန်စီးတီးအသင်းနေဖြင့် အက်စ်တွန်ဗီလာကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာအားခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀-ပေးရမည်ဖြစ်ကြောင်း ယင်းအသင်းကဆိုသည်။ (အင်တာနက်)
*** ဆိုင်မွန်ကေဂျာအား ခေါ်ယူရေး ဖာဂူဆန် ပြင်ဆင် ***
မန်ယူနည်းပြဇာဂူဆန်သည် ယခုနွေရာသီတွင် ပါလာမို၌ ခြေစွမ်းပြနေသော ဆယ်ကျော်သက် ဗဟိုခံစစ်မှူး ဆိုင်မွန်ကေဂျာအား စာချုပ်ခေါ်ယူရန် ပြင်ဆင်နေသည်။ (အင်တာနက်)
*** ဖာဘရီဂတ်စ်အား ခေါ်ယူနိုင်မည်ဟု ဘာကာယုံကြည်ဆဲ ***
စပိန်လာလီဂါမှ ဘာစီလိုနာသည် အာဆင်နယ်အသင်းခေါင်းဆောင်နှင့် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား စာချုပ်ခေါ်ယူနိုင်မည်ဟု ယုံကြည်နေဆဲဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)
*** ဘော်ဒိုးမှ ဂေါ်ကပ်ဖ်အား အာဆင်နယ်စိတ်ဝင်စား ***
အာဆင်နယ်အသင်းသည် ဖာဘရီဂတ်စ် ထွက်ခွာသွားပါက အစားထိုးရန်အတွက် ဘော်ဒိုးကွင်းလယ်ကစားသမား ယိုအန်ဂေါ်ကပ်ဖ်အား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂေါ်ကပ်ဖ်အား ခေါ်ယူလိုသော ပြင်သစ်အသင်း လိုင်ယွန်နှင့် အပြိုင်ကြိုးပမ်းခေါ်ယူရဖွယ်ရှိသည်။ (အင်တာနက်)
*** အဲဗာတန်မှ အာတီတာအား မန်ယူကခေါ်ယူလို ***
အဲဗာတန်အသင်းတွင် နေရာရရေးရုန်းကန်နေရပြီး အသင်းနှင့် လက်ရှိစာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးသော အဲဗာတန်ကွင်းလယ်ကစားသမား မီခေးလ်အာတီတာအား မန်ယူက စာချုပ်ခေါ်ယူလိုသည်ဟု ဆိုသည်။ (အင်တာနက်)
*** တိုက်စစ်မှူး ကာလ်တန်ကိုးလ်အား စတုတ်ကခေါ်ယူဖွယ် ***
စတုတ်စီးတီးအသင်းနည်းပြ တိုနီပူလစ်သည် အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၂-သန်းဖြင့် ၀က်စ်ဟမ်းတိုက်စစ်မှူး ကာလ်တန်ကိုးလ်အား ခေါ်ယူဖွယ်ရှိသည်။ (အင်တာနက်)
*** ဂျိုးကိုးလ်အား ခေါ်ယူရေး အာဆင်နယ်နှင့်စပါး စိုင်းပြင်း ***
အာဆင်နယ်နှင့် စပါးတို့သည် ယခုနွေရာသီတွင် ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျိုးကိုးလ်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စိုင်းပြင်းလျက်ရှိကြသည်။ (အင်တာနက်)
*** ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်၌ ဖက်ဒဲယာ ရှုံးပွဲကြုံ ***
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အသက် ၂၅-နှစ်ရှိ ဆွီဒင်တင်းနစ်သမား ရော်ဘင်ဆိုဒါလင်သည် ကမ္ဘာအဆင့်(၁)နှင့် လက်ရှိပြင်သစ် အိုးပင်းချန်ပီယံ ရော်ဂျာဖက်ဒဲယာအား ၃-၆၊ ၆-၃၊ ၇-၅၊ ၆-၄၊ဖြင့် အနိုင်ရခဲ့သဖြင့် ဖက်ဒဲယာ၏ ၂၃-ကြိမ်ဆက်တိုက် အကြိုဗိုလ်လုပွဲ တက်ရောက်ရေး အိပ်မက်ပျက်ပြယ်ခဲ့ရသည်။ (အင်တာနက်)
*** နည်းပြဂရန့် ၀က်စ်ဟမ်းနည်းပြ ဖြစ်လာမည် ***
ပို့စ်မောက်နှင့် ချဲလ်ဆီးနည်းပြဟောင်း ဂရန့်သည် ၀က်စ်ဟမ်းနည်းပြဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ၄င်းအသင်းက ကြေညာသည်။ (အင်တာနက်)
*** ဂျိုးကိုးလ် ချဲလ်ဆီးမှ ထွက်ခွာသင့်ဟုဆို ***
ယခုနှစ်နွေရာသီ စာချုပ်ကုန်ဆုံးချိန်တွင် ချဲလ်ဆီးမှ ထွက်ခွာသင့်ပြီဖြစ်ကြောင်း ချဲလ်ဆီးတွင် ပုံမှန်ကစားခွင့်မရသည့် ဂျိုးကိုးလ်အား စပါးနည်းပြ ရက်နက်က ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** မန်စီးတီးနည်းပြ မန်စီနီ ကမိုင်ကွန်အား ခေါ်ယူလို ***

No comments:
Post a Comment