အနုပညာ ဂိတ-တဲ့
တဘ၀လုံး သီချင်းတကြော်ကြော်နဲ့
အိမ်ထဲမှာ ပျော်ခဲ့တယ်။
မဟာဂီတဟာ
သူ့ဘ၀ သူ့အမွေ
တအုပ်လုံး သူမွှေလို့
တနေကုန် သီချင်းဆိုရင်း
ဘင်ဂျိုဒေါင်ဒင် တီးခဲ့တယ်။
ဂီတမှာ ဂူဝင်လို့
ဖြူစင်စွာ စိတ်ထားနဲ့
အများအတွက်
အလကားလဲ ရှက်မနေနိုင်
တရားဖက်လဲ မနီး
ပုတီးလဲ မကိုင်
စည်းကလေး တကိုင်ကိုင်နဲ့
သန်းခေါင်တိုင် သီချင်းသံနဲ့
ဂီတဈာန် ၀င်ခဲ့တယ်။
အသက်ပျောက်မှ အသံပျောက်
ဘယ်ဘုံဘ၀ ရောက်မလဲ မသိ
နောက်ဘ၀လဲ ဂီတနဲ့ပဲ နေမှာပဲ။
အဖေရဲ့ ဇီဇ အမွေရရော့ထင့်
ညည နေ့နေ့၊ မွေ့မွေ့ လျော်လျော်
ငါ့အဖော် သဟာ ကတော့
ကဗျာပါပဲ။
ကဗျာနဲ့ အဖော်တွေ့
ကဗျာနဲ့ ပျော်မွေ့
အားလုံးကို မေ့။
ပန်းမုန်းတဲ့ ပျားပိတုန်းဟူ၍
ထုံးမရှိ ပြုံးမိတယ်လေ့…။ ။
** တင်မိုး **
(၃၀၊ ဇွန်လ ၁၉၉၉၊ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်း)
အဖေရဲ့ ၀ါသနာ
အနုပညာ ဂိတ-တဲ့
တဘ၀လုံး သီချင်းတကြော်ကြော်နဲ့
အိမ်ထဲမှာ ပျော်ခဲ့တယ်။
မဟာဂီတဟာ
သူ့ဘ၀ သူ့အမွေ
တအုပ်လုံး သူမွှေလို့
တနေကုန် သီချင်းဆိုရင်း
ဘင်ဂျိုဒေါင်ဒင် တီးခဲ့တယ်။
ဂီတမှာ ဂူဝင်လို့
ဖြူစင်စွာ စိတ်ထားနဲ့
အများအတွက်
အလကားလဲ ရှက်မနေနိုင်
တရားဖက်လဲ မနီး
ပုတီးလဲ မကိုင်
စည်းကလေး တကိုင်ကိုင်နဲ့
သန်းခေါင်တိုင် သီချင်းသံနဲ့
ဂီတဈာန် ၀င်ခဲ့တယ်။
အသက်ပျောက်မှ အသံပျောက်
ဘယ်ဘုံဘ၀ ရောက်မလဲ မသိ
နောက်ဘ၀လဲ ဂီတနဲ့ပဲ နေမှာပဲ။
အဖေရဲ့ ဇီဇ အမွေရရော့ထင့်
ညည နေ့နေ့၊ မွေ့မွေ့ လျော်လျော်
ငါ့အဖော် သဟာ ကတော့
ကဗျာပါပဲ။
ကဗျာနဲ့ အဖော်တွေ့
ကဗျာနဲ့ ပျော်မွေ့
အားလုံးကို မေ့။
ပန်းမုန်းတဲ့ ပျားပိတုန်းဟူ၍
ထုံးမရှိ ပြုံးမိတယ်လေ့…။ ။
** တင်မိုး **
(၃၀၊ ဇွန်လ ၁၉၉၉၊ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်း)
No comments:
Post a Comment