ဘောလုံးလူဆိုး တစ်ဦးဖြစ်သူ ဂတ်စ်ကွိုင်နီ၏ ကျန်းမာရေးက အရင်လိုသိပ်မကောင်းတော့။ မှတ်ဥာဏ်လည်း ချို့ယွင်းချင်လာသည်။ သို့သော် ၀ါသနာကို ဖယ်ရှားလို့မရ။ တစ်ည၌ ဘားတစ်ခုတွင်သောက်ပြီး ထိန်းမရနိုင် အောင် မူးလေတော့သည်။ မတ်တတ်ရပ်ဖို့ ကြိုးစားတိုင်း လဲကျကာ မြေကြီးနှင့် မျက်နှာ မိတ်ဆက်လေသည်။ မတတ်နိုင် သည့်အဆုံးလေးဘက်ထောက်ပြီး အိမ်ပြန်ခဲ့သည်။
မနက်လင်းသော် အိမ်ရှေ့လှေကားထစ်တွင် အိပ်ပျော်နေသော သူ့ကို မိန်းမဖြစ်သူကလာနှိုးသည်။ `ရှင်အလွန်အကျွံသောက်လာပြန်ပြီလား´
`ဟေ မင်းဘယ်လိုသိလဲ…။ သြော်.. ရွံ့တွေပေလာတာကိုး´
`မဟုတ်ပါဘူး ရှင်ဝှီးချဲကို ဘားမှာမေ့ကျန်လာပြန်ပြီ မဟုတ်လား´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း) ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment