ရေစီးသံစဉ် ငြိမ့်ငြိမ့်နဲ့
စိမ့်စိမ့်အေးရိပ်လွှမ်း
ဒေါန ၊တောင်ညိုတောင်တန်းပေါ်က
သစ်ပင်စိမ်းတန်းတွေ
လေပြည့်အသွေ့မှာ
ညီညာယိမ်းထိုးက နေတယ် ။
**ထုံးဖွေးစေတီ
ဆည်းလည်းသံချို သဲ့သဲ့ကြား
Church ကျောင်းက ဓမ္မတေးသံများ
ငြိမ်းအေးစွာ လောကကိုလွှမ်းခြုံတယ် ၊
စောထ ၊ ၀မ်ခ ၊ဘားအံ ဒေသမှ
ဖားစည်သံနဲ့ နွဲ့နွဲ့ ညီညီက
သဘာဝ တိုင်းရင်းသမီးပျိုတွေ
လောကအလှ ဖြည့်နေတယ် ။
**ခုတော့လေ....
ကမ္ဘာမြေရဲ့ ချိုမြိန်သံစဉ်များ
စစ်သေနတ်သံကြားမှာ
ပျောက်ကွယ်သွားကြတယ် ၊
ကမ္ဘာမြေရဲ့ စိမ်းလန်းသစ်တောများ
အတ္တလူသားတွေကြား
ခုတ်လှဲ ပြုန်းတီးကာ
လွင်တီးခေါင်ခေါင်မှာ
လောကဘ၀ ပူလောင်ပြင်းပြပြီ ။
**တောင်ယာ တောလမ်း
ရှင်သန်နှေးကွေး ၊ ဒုက္ခလွှမ်း
ဖြူစဉ် ရိုးသားခဲ့စိတ်အစဉ်
မလန်းဆန်းပဲ ညစ်နွမ်း
ဖောက်ပြန်မှုများ ကြည့်ရင်း
မျက်ရည်စို ငိုကြွေးခဲ့ပြီ ၊
လောဘလက်နဲ့
လောကအလှဖျက်နေကြတယ် ။ ။
**အောင်ခိုင်မြင့်**
**ဧရာဝတီ ၊ သောင်ရင်း
ရေစီးသံစဉ် ငြိမ့်ငြိမ့်နဲ့
စိမ့်စိမ့်အေးရိပ်လွှမ်း
ဒေါန ၊တောင်ညိုတောင်တန်းပေါ်က
သစ်ပင်စိမ်းတန်းတွေ
လေပြည့်အသွေ့မှာ
ညီညာယိမ်းထိုးက နေတယ် ။
**ထုံးဖွေးစေတီ
ဆည်းလည်းသံချို သဲ့သဲ့ကြား
Church ကျောင်းက ဓမ္မတေးသံများ
ငြိမ်းအေးစွာ လောကကိုလွှမ်းခြုံတယ် ၊
စောထ ၊ ၀မ်ခ ၊ဘားအံ ဒေသမှ
ဖားစည်သံနဲ့ နွဲ့နွဲ့ ညီညီက
သဘာဝ တိုင်းရင်းသမီးပျိုတွေ
လောကအလှ ဖြည့်နေတယ် ။
**ခုတော့လေ....
ကမ္ဘာမြေရဲ့ ချိုမြိန်သံစဉ်များ
စစ်သေနတ်သံကြားမှာ
ပျောက်ကွယ်သွားကြတယ် ၊
ကမ္ဘာမြေရဲ့ စိမ်းလန်းသစ်တောများ
အတ္တလူသားတွေကြား
ခုတ်လှဲ ပြုန်းတီးကာ
လွင်တီးခေါင်ခေါင်မှာ
လောကဘ၀ ပူလောင်ပြင်းပြပြီ ။
**တောင်ယာ တောလမ်း
ရှင်သန်နှေးကွေး ၊ ဒုက္ခလွှမ်း
ဖြူစဉ် ရိုးသားခဲ့စိတ်အစဉ်
မလန်းဆန်းပဲ ညစ်နွမ်း
ဖောက်ပြန်မှုများ ကြည့်ရင်း
မျက်ရည်စို ငိုကြွေးခဲ့ပြီ ၊
လောဘလက်နဲ့
လောကအလှဖျက်နေကြတယ် ။ ။
**အောင်ခိုင်မြင့်**


No comments:
Post a Comment