(ဇွန်လ ၈-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယမန်နေ့ည (၉)နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ ထိုအချိန်တွင် မိုးရွာနေချိန်ဖြစ်ပြီး ဂိုဒေါင်တစ်ခုအနီး၌ပင် ပေါက်ကွဲခြင်းဖြစ် သဖြင့် မည်သူမျှ အထိအခိုက်မရှိခဲ့ကြောင်း၊ ဤကိစ္စနှင့် ပတ်သက်ပြီး မြ၀တီခရိုင် အာဏာပိုင်များက မည်သူ့ လက်ချက်ဖြစ်မှန်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။ (BBC)
(ဇွန်လ ၇-ရက် ၂၀၁၀) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ရှိ UNHCR ရုံးရှေ့တွင် မလေးရှားနိုင်ငံရောက် ရခိုင်တိုင်းရင်းသားများက ၄င်းတို့ကို အခြားတိုင်းရင်းသားများနှင့် အတူပဲ ခွဲခြားဆက်ဆံခြင်းကြောင့် ဆိုတာ ယနေ့ဆန္ဒပြုကြကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံသို့ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားဒုက္ခသည် အရေအတွက်မှာ ၁-သိန်း ၂-ထောင်ခန့်ရှိကြောင်း သိရသည်။ (RFA)
(ဇွန်လ ၆-ရက် ၂၀၁၀) မလေးရှားနိုင်ငံ တရင်ဂနူ ပြည်နယ်က နိုင်ငံခြားသား ထိန်းသိမ်းရေး စခန်းမှာ ထိန်းသိမ်းခံနေရသူ မြန်မာနဲ့ ဗီယက်နမိုံင်ငံသား ၂ ရာလောက် စခန်းဖောက် ထွက်ပြေးဖို့ ကြိုးစားခဲု့ကရာမှာ မလေးရှားရဲတပ်ဖွဲ့က အခြေအနေကို ဝင်ရောက် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ (RFA)
(ဇွန်လ ၅-ရက် ၂၀၁၀) ထိုင်းနိုင်ငံရှိ လူကုန်ကူးခံရသူ အများဆုံးမှာ မြန်မာလုပ်သားများဖြစ်ပြီး ထိုင်းနိုင်ငံ၏ တနေ့တခြား ကြီးထွားကျယ်ပြန့်လာသော ငါးဖမ်းလုပ်ငန်းတွင် အလုပ်သမားများ ပြတ်လပ်နေခြင်းကလည်း လူကုန်ကူးမှု ပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောဆိုကြသည်။ (မဇ္ဈိမ)
(ဇွန်လ ၄-ရက် ၂၀၁၀) `နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့´ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ SAW-အထက်တန်းကျောင်းတွင် ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
(ဇွန်လ ၃-ရက် ၂၀၁၀) ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဗလီဝတ်ကျောင်းတစ်ခုအတွင်းတွင် တွေ့ရှိရသော အစ္စလာမ်ဘာသာဝင် အမျိုးသမီးအလောင်း (၆)လောင်းကို သေဆုံးစေခဲ့အောင် ပြုလုပ်သူမှာ မိမိတို့ ထိုင်းစစ်တပ်မဟုတ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနဖွန်ဖောင်ကျင်ဒါက ငြင်းဆိုလိုက်သည်။ မိမိတို့ထိုင်းစစ်တပ်သည် လက်ရှိအစိုးရနှင့် သဘောထားကွဲပြားကာ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသော ရှပ်နီဂိုဏ်းသားများထဲမှ အမျိုးသမီးများနှင့် ကလေးများကိုပင် စာနာထောက်ထားမှုနှင့် ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာယုံကြည်ကိုးကွယ်သူများ၏ ဘာသာတရားကိုလည်း အစဉ်လေးစားလျက်ရှိကြောင်း ၄င်းက ပြောဆိုသွားသည်။ (RFA)
(ဇွန်လ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ နှိမ်နင်းမှုတွေအကြောင်း ထိုင်းလွှတ်တော်အတွင်း အချေအတင် ပြောဆိုခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝပ် (Abhisit Vejjajiva) ကို အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ကြပေမဲ့လည်း ၀န်ကြီးချုပ်ဘက်က အနိုင်ရခဲ့ပါတယ်။ (VOA)
ဖြစ်ရပ်-၂။ ။ထိုင်းနိုင်ငံမှာ ၂ လကျော်ကြာ ဖြစ်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေကြောင့် နစ်နာဆုံးရှုံးကြရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေကို ထိုင်းအစိုးရက နစ်နာကြေးပေးဖို့ စီစဉ်ရာမှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အကျုံးဝင်ပါတယ်။ အလုပ်သမားတွေအတွက် နစ်နာကြေးအနေနဲ့ တလကို အနည်းဆုံး ဘတ် ၇,၀၀၀ ကျော် ၂ လစာ နစ်နာကြေးပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ (VOA)
(ဇွန်လ ၁-ရက် ၂၀၁၀) ဖြစ်ရပ်- ၁။ ။ ထိုင်းအစိုးရက အကြမ်းဖက် သမားအဖြစ် သတ်မှတ် လိုက်သော ပြည်ပရောက် ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖမ်းဆီးပေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ငြင်းဆန် လိုက်သည်။ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ အခြေစိုက် Interpol မှ အထွေထွေ အတွင်းရေးမှူး ရော်နယ် နိုဘယ်လ်က “လွတ်မြောက်နေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို နိုင်ငံရေးမှုနဲ့ ဖမ်းဆီးမှာ မဟုတ်ပါဘူး”ဟု မေလ ၂၈ ရက်နေ့က ပြောဆို ထားသည်။ (ဧရာဝတီ)
ဖြစ်ရပ်-၂။ ။ ယနေ့နံနက် (၁၁) နာရီအချိန်တွင် ထိုင်းနိုင်ငံတောင်ပိုင်း တကွာပမြို့နယ် ဘန်နမ့်ခမ်းကျေးရွာ၌ ဆူနာမီ သဘာဝဘေးအန္တရယ် ကာကွယ်ရေး အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ၂၀၀၄ ခုနှစ်အတွင်း ဖြစ်ပွားသော ဆူနာမီရေလှိုင်းဒဏ်ကြောင့် ထိုင်းနိုင်ငံတွင် အထိခိုက်ဆုံး ဖြစ်ခဲ့သည့် ဖန်ငခရိုင်၊ တကွာပမြို့နယ်၊ ဘန်နမ့်ခမ်း ကျေးရွာတွင် ကုန်းရေပူးတွဲ အစမ်းလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လေ့ကျင့်ခဲ့သည်။ (ခေတ်ပြိုင်)

No comments:
Post a Comment