၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်အတွက် တောင်အာဖရိကနိုင်ငံသည် အမြတ်ငွေဒေါ်လာ သန်း ၁၀၀-ခန့် ရရှိနိုင်မည်ဖြစ်ရာ တောင်အာဖရိကဘောလုံးလောက တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်မည်ဟု တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်က ဇွန်လ ၂၅-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အဲရစ်ဆင် နည်းပြတာဝန်ဆက်ယူရေး စဉ်းစားမည် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဝင် အိုင်ဗရီကို့စ်အသင်းနည်းပြ တာဝန်ကို ကမ္ဘာ့ဖလားပွဲပြီးဆုံးပါက ဆက် လက်တာဝန်ယူမှုအပေါ် မိမိစဉ်းစားမည်ဖြစ်ကြောင်း နည်းပြ အဲရစ်ဆင်က ဇွန်လ ၂၅-ရက်နေ့တွင် သတင်း ထောက်များအား ပြောကြားသည်။ (အင်တာနက်)

** အနီကတ်တိုက်ရိုက်ပြအထုတ်ခံရသည့် ဘောလုံးသမားများ **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အနီကတ်ပြတိုက်ရိုက်အထုတ်ခံထားရသည့် ဘောလုံးသမားခြောက်ဦးရှိခဲ့ရာ ၄င်းတို့မှာ တင်ကာဟေး(သြစတြေးလျ)၊ ကီးဝဲလ်(သြစတြေးလျ)၊ ဂူရာကပ်ဖ်(ပြင်သစ်)၊ ကီတာ(နိုင်ဂျီးရီးယား)၊ ခွန်း(တောင်အာဖရိက)၊ ဘီရာမီ(ဆွစ်ဇာလန်) တို့ဖြစ်သည်။ (အင်တာနက်)
** ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှသည် ၂၀၂၀ အိုလံပစ်ဆီသို့ **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှ အောင်မြင်မှုများကြောင့် တောင်အာဖရိက နိုင်ငံသည် ၂၀၂၀ အိုလံပစ်အားကစားပွဲတော်အတွက်လည်း အိမ်ရှင်အဖြစ်တာဝန်ယူနိုင်သည်ကို ပြသနိုင်ခဲ့ကြောင်း တောင်အာဖရိကအားကစားအရာရှိများက ဇွန်လ ၂၅-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂျပန်အသင်းအောင်မြင်မှုအပေါ် ပတ်ဂျီဆန်ဂုဏ်ယူ **
ဂျပန်အသင်းသည် ဒိန်းမတ်အား အနိုင်ရပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီဖြစ်ရာ ဂျပန်အသင်း၏ အောင်မြင်မှုအပေါ် မိမိဂုဏ်ယူဝမ်းမြောက်ကြောင်း တောင်ကိုရီးယား အသင်းခေါင်းဆောင်ပတ်ဂျီဆန်က ဇွန်လ ၂၅-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** တောင်အမေရိကန်အသင်းများ ဗိုလ်စွဲနိုင်ဟု သုံးသပ် **
၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် တောင်အမေရိကန်အသင်းများသာ အောင်မြင်မှုများ ရရှိပြီး ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖွယ်ရှိကြောင်း တောင်အာဖရိကရှိ ဖီဖာတာဝန်ရှိသူများက ဇွန်လ ၂၃-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-အာကာဟိန်း **
** ကမ္ဘာ့ဖလားပွဲတွင် တောင်အာဖရိက အမြတ်ငွေ ဒေါ်လာသန်း ၁၀၀-ခန့်ရမည် **

No comments:
Post a Comment