ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသရှိ ဂါဇာမြို့တွင် ဟားမတ်စ်တို့က အောအက်ဆာ တီဗွီအစီအစဉ်များကို ပြင် သစ်ဂြိုဟ်တုအကူအညီဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ဟားမတ်စ်တို့က ဧပြီလ ၂၅-ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။ (အင်တာနက်)
** ရုရှားတွင် ရေနံနှင့် ဓာတ်ငွေ့တူးဖော်မှုများ လေလံတင်မည် **
ရုရှားနိုင်ငံ ယာမာလိုနီနက်စ်ဒေသရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်ခုနစ်ခုကို ဇွန်လ ၂၈-ရက်နေ့တွင် လေ လံတင်ရန်အစီအစဉ်ရှိကြောင်း ရုရှားစွမ်းအင်အရာရှိများက ဇွန်လ ၂၅-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)

** ကိုလံဘီယာတွင် ကိုကင်းအများဆုံးထုတ်လုပ်နေ **
ကိုလံဘီယာနိုင်ငံသည် ကမ္ဘာတွင် ကိုကင်းအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်နေကြောင်း၊ ကိုကင်းထုတ်လုပ်မှုများ လျှော့ချရန် အမြန်ဆုံးကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ကိုလံဘီယာအရာရှိများက ဇွန်လ ၂၅-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းကျဆင်း **
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်တွင် ဇွန်လ ၂၅-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၃၃ ဒသမ ၆၅ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း တရုတ်ငွေကြေးဆိုင်ရာ အရာရှိများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ဟားမတ်စ်တို့ ရုပ်သံအစီအစဉ်ထုတ်လွှင့်မည် **

No comments:
Post a Comment