ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့သည့် မြ န်မာရွေ့ ပြောင်းအလုပ်သမားများအာမခံ
ကော်ပိုရေးရှင်းထည်ထောင်ခွင့်ပြုမည့်ကိစ္စမှာ ရေရှည်တွင်ထိုင်းနိုင်ငံသားများနှင့်ရှုပ်ထွေးလာနိုင်ဖွယ်ရှိသ
ဖြင့်သီးခြားစီလုပ်ကိုင်သင့်ကြောင်းယမန်နေ့ ထုတ်မက်သီချွန်းသတင်းစာတွင်ရေးသားထားသည်။
အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိုင်ထုံကယောက်ထောင် က“မြန်မာအလုပ်သမားများအာ
မခံခြင်းကို ထိုင်းလူမျိုးများနည်းတူ လုပ်ကိုင်ခွင့်ပေးသင့်ကြောင်း”ထုတ်ဖေါ်ကြေညာခဲ့သည်။ အဆိုပါ
ကြေညာချက်အား ပြီးခဲ့တဲ့ဇွန်လ၂ ရက်နေ့  ထိုင်းအလုပ်သမားဝန်ကြီးဌာနအစည်းအဝေးတွင်တင်ပြ ခဲ့သည်။အဆိုပါကိစ္စကိုအစည်းဝေးတက်ရောက်လာကြသည့်အလုပ်သမားဝန်ကြီးဌာနလက်အောက်ခံအဖွဲ့ အစည်းကိုယ်စားလှယ်များကအတူတူမလုပ်ကိုင်သင့်ကြောင်းကန့် ကွက်ခဲ့ကြသည်။
ထိုင်းနိုင်ငံသားများအနေဖြင့် အလုပ်အကိုင်များခက်ခဲနေချိန်မျိုးအပါအ၀င် အခြားအခက်အခဲအကျပ်အ
တည်းများကြုံနေရပါက အလုပ်အကိုင်ရှာဖွေရေးရုံးတွင်သွားရောက်အကူအညီတောင်းခံနိုင်သည်။
အလုပ်အကိုင်မရမီတွင် နေထိုင်စားသောက်စရိတ်များအားထုတ်ပေးခြင်း၊အလုပ်အကိုင်ရှာဖွေပေးခြင်း
များလုပ်ပေးလေ့ရှိသည်။
ထိုသို့ ထိုင်းနိုင်ငံသားများရရှိနေသည့် အခွင့်အေ၇းမျိုးကို ရွေ့ ပြောင်းမြန်မာအလုပ်သမားများအား ခွင့်ပြု
လိုက်ပါက နောင်တစ်ချိန်ချိန်တွင်ပြဿနာတက်လာနိုင်ကြောင်း၊၊လက်ရှိထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ် သမားအရေတွက်၊ကလေးမွေးဖွားနုန်းအပါအ၀င်၊အခြားသောကိစ္စရပ်များနှင့်မြန်မာရွေ့ ပြောင်းအလုပ်သမားများ၏အနေအထားများအားဝေဖန်ထောက်ပြသွားပြီးအဆိုပါအာမခံကော်ပိုရေးရှင်း
လုပ်ငန်းကို စဉ်းစား သင့် ကြောင်း သတင်းစာတွင်ရေးထားသည်။
လုပ်ငန်းပိုင်ရှင်ထံမှ အလုပ်သမားတစ်ဦးစီ တစ်နှစ်အတွက် ဘတ်ငွေ ၅၀၀/စီကောက်ခံပြီးအကောင်
အထည်ဖေါ်မည်ဖြစ်သည်။ ထိုင်းအစိုးရအနေဖြင့်လုပ်ငန်းရှင်များထံမှရွေ့ ပြောင်းအလုပ်သမားများ
အေ၇တွက်အလိုက်ကောက်ခံမည်ဖြစ်သည်။ သို့ သော်၎င်းငွေများအတွက်လုပ်ငန်းရှင်များကအလုပ်
သမားများအပေါ် မည်သို့ မည်ပုံဖြတ်တောက်လာမည်၊ကိုမူ ရှင်းလင်းစွာဖေါ်ပြထားခြင်းမရှိပါ။
**(ဇွန် ၁၇ / မက်သီချွန်းသတင်းစာ/ဘာသာပြန် (ကိုတီး) ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment