ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, June 22, 2010

မုန့်ဟင်းခါး ပုံပြင်

> နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်..

“မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ဟင်းရည်ပေးပါဦး”

စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်..အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး

တစ်ယောက်ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကိုအငမ်းမရစားနေတဲ့ကောင်လေးတွေက

စိတ်ဝင်တ စားလှည့်ကြည့်လိုက်ကြတယ်..။

ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့

မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုးလေးမှာလိုက်နိုင်ပါတယ်…..လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲ ဘာနဲ့စားမှာလဲ

မမေးမိတော့ဘူး..ဒီလိုနဲ့ပဲကောင်မလေးရှေ့ကိုရောက်လာတဲ့ မုန့်ဟင်းခါးပန်းကန်ကငရုတ်သီး တွေအများကြီးနဲ့ မြင်ရတာနဲ့တင်

ချွေးပြန်စရာ…ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေးလဲဘာလုပ်ရမှန်းမသိ

ဖြစ်လို့နေပါတယ်..ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်ကကောင်မလေးအနားကို

သွားပြီးသူကငရုတ်ကို အလွန်ကြိုက်ကြောင်းမုန့်ဟင်းခါးစားတိုင်းလဲ ငရုတ်သီးများများနဲ့ စားလေ့ရှိကြောင်း

ပြောပြပြီးတော့ကောင်မလေးမုန့်ဟင်းခါးကို … သူစားလိုက်ပြီး ကောင်မလေးအတွက်

မုန့်ဟင်ခါး အသစ်တစ်ပွဲ မှာပေးလိုက်ပါတယ်…….ဒီလိုနဲ့ပဲ မြင်မြင်ချင်း ချစ်လိုက်မိတဲ့ကောင်လေး နဲ့

ငရုတ်သီးမကြိုက်တဲ့ကောင်မလေးတို့ဟာ သိပ်မကြာခင်မှာပဲမေတ္တာမျှသွားကြပါတော့တယ်။ သူတို့နှစ်ဦးတစ်တွဲတွဲ ဈေးဝယ် ၊

ဘုရားသွား၊ ပန်းခြံထဲလျှောက်လည်ကြလို့ မကြာခင်မှာပဲ ရာသက်ပန်အတူတူနေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်…….။

ချစ်သူတွေဘ၀မှာရော အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို မုန့်ဟင်းခါးစားတိုင်း

ငရုပ်သီးခပ်များများကို ထည့်ပေးလေ့ရှိပါတယ်။ ကောင်လေးမစားခင် မုန့်ဟင်းခါးကို မြည်းလိုက်တိုင်း စပ်လွန်းလို့

ကောင်မလေးမျက်နှာဟာ ရှုံ့ ရှုံ့ သွားရမြဲပါ။ ကြာခဲ့ပါပြီ။ ဟိုတုန်းက ကောင်မလေးဟာ အခုတော့ အသက် ငါးဆယ်ကျော်

ခြောက်ဆယ်နီးပါးအဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူ့လက်ထဲမှာ စာတစ်စောင် ကိုင်ပြီးဖတ်နေပါတယ်..မျက်လုံးအစုံမှာလဲ

မျက်ရည်စတွေနဲ့

“မောင်ဘ၀မကူးခင် အမှန်ကိုဝန်ခံခဲ့ပါရစေ။ အချစ်ကိုစတင်မြင်တွေ့စနေ့က

မြင်မြင်ချင်းချစ်မိပါတယ်။ တကယ်တော့ မောင်ဟာ အပူအစပ်ကို မောင်လုံးဝမကြိုက်ဘူး။ ဒါပေမဲ့ အချစ်နဲ့စတွေ့ခဲ့တဲ့

အချိန်ကစပြီး ဒီငရုတ်သီးစပ်စပ်နဲ့ မုန့်ဟင်းခါးကို မောင်တစ်သက်လုံးစားခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်

နောင်တမရမိပါဘူး။ အချစ်နဲ့ဆုံခဲ့ ၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင်ဘ၀အတွက်အပျော်ဆုံး မို့ပါ။ နောက်ဘ၀တွေမှာ

အချစ်နဲ့ပြန်ဆုံဖို့အတွက် ဒီ မုန့်ဟင်းခါး စပ်စပ်ကို စားရမယ်ဆိုရင် မောင်စားဦးမှာပါ။”

မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ် တွေတွေကျသွားပါတယ် ။ မျက်ရည်ကိုအသာအယာ သုပ်လိုက်ရင်း

မုန့်ဟင်းခါးထဲကို ငရုတ်သီးခပ်များများ ထည့်ပြီး အားရပါးရစားနေပါတော့တယ် ။ ဒီအချိန်မှာ သမီးလုပ်တဲ့သူက ရောက်လာပြီး

အံ့အားသင့်ဟန်ကြည့်ပြီး....

“ဟယ် မေမေ ဒီလောက် ငရုတ်သီးအများကြီး ထည့်စားနေတာ မစပ်ဘူးလား ..
စားလို့ရောကောင်းရဲ့လား”

လို့မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးနဲ့ ချွေးတွေတစ်ဒီဒီး ကျနေတဲ့ကြားထဲက ပြုံးပြီးပြန်ဖြေ လိုက်ပါတယ်။

“အရမ်းစားလို့ ကောင်းတာပါပဲ သမီးရယ်တဲ့ “

**khun aung nge khun aung nge**

နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်..

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)