*** နေ့စဉ် ကော်ဖီသောက်သုံးပေးခြင်းဖြင့် ဆီးချိုဖြစ်ပွားမှု လျော့ကျစေနိုင်ဖွယ်ရှိ ***
(လော့အိန်ဂျလိစ်၊ ဇွန်လ ၁၀-ရက်)
ကော်ဖီသောက်သုံးခြင်းသည် ဆီးချိုရောဂါ အဆင့် (၂)ကို လျော့ကျစေဖွယ်ရှိကြောင်း အမေရိကန် ဓာတုဗေဒ လူမှုအဖွဲ့အစည်း(အေစီအက်စ်)က ယင်းတို့၏ သုတေသနပြု လေ့လာတွေ့ရှိချက်တစ်ရပ်အဖြစ် တင်ပြထားသည်။ အဆိုပါလေ့လာတွေ့ရှိချက်ကို ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှ သုတေသီများက တိရစ္ဆာန်များနှင့် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း အေစီအက်စ်က ပြောကြားသည်။ သုတေသီများသည် ဆီချိုရောဂါခံရှိသော ကြွက်များကို ကော်ဖီသို့မဟုတ် ရေများတိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကော်ဖီတိုက်ကျွေးသော ကြွက်များမှာ သွေးအတွင်း သကြားဓာတ်မြင့်မားမှုကို
ကာကွယ်ပေးနိုင်ကြောင်း၊ သွေးအတွင်း အချိုဓာတ်ထိန်းပေးသည့် အင်ဆူလင်ဓာတ်များလည်း တိုးပွားလာစေကြောင်း၊ ယင်းလေ့လာတွေ့ရှိချက်ကို အခြေခံလျက် ကော်ဖီသောက်သုံးခြင်းဖြင့် ဆီးချိုရောဂါ အဆင့် (၂)ဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်လိမ့်မည်ဖြစ်ကြောင်း လေ့လာတင်ပြသွားသည်။ ကော်ဖီတွင်ပါဝင်သည့် ကဖိန်းဓာတ်တစ်မျိုးသည် ဆီးချိုရောဂါဖြစ်ပွားစေသည့် ဒြပ်ပေါင်းများကို တိုက်ဖျက်နိုင်သည့် အာနိသင်ရှိကြောင်းဖြင့်လည်း အဆိုပါ သုတေသီများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment