တောင်အာဖရိကနိုင်ငံသို့ ကမ္ဘာ့ဖလားပွဲ သတင်းယူရန် ရောက်ရှိနေသော သတင်းထောက်များအနက် ဂျိုဟန်နစ္စဘတ်မြို့ မြောက်ဘက်မာဂဘတ်မြို့ တည်းခိုခန်းတစ်ခု၌ တည်းခိုနေသော သတင်းထောက်များ၏ လက်တော့ပ်နှင့် မိုဘိုင်းလ်ဖုန်းများ အခိုးခံရကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဂျိုဟန်နစ္စဘတ်မြို့ရဲတပ်ဖွဲ့က ဇွန်လ ၁၀-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** စီရိုနယ်ဒို ဂိုးအများဆုံးသွင်းယူရေး ကြိုးစားမည် ***
ပေါ်တူဂီအသင်း တောင်ပံကစားသမား စီရိုနယ်ဒိုက မိမိသည် ယခကမ္ဘာု့ဖလားပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်ရေး အစွမ်းကုန် ကြိုးစားသွားမည်ဟု ဇွန်လ ၁၀-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ဂါနာအသင်းတည်းခိုရာ ဟိုတယ်ပြောင်းရွှေ့ ***
တောင်အာဖရိကနိုင်ငံ ပရီးတိုးရီးယားမြို့ ဗယ်လီရီဟိုတယ်၌ တည်းခိုနေသော ဂါနာဘောလုံးအသင်းသည် ကစားသမားများအတွက် နေထိုင်မှု အဆင်မပြေသဖြင့် ရှုစတန်ဘတ်မြို့ရှိ ဆန်းစီးတီးဟိုတယ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ဇွန်လ ၁၀-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ခြေစမ်းပွဲ၌ ချီလီက နယူးဇီလန်ကို အနိုင်ရ ***
ကမ္ဘာ့ဖလားပွဲဆင်နွှဲရန် တောင်အာဖရိကသို့ ရောက်ရှိနေသော ချီလီအသင်းနှင့် နယူးဇီလန်အသင်းတို့သည် ဇွန်လ ၉-ရက်နေ့၌ ခြေစမ်းပွဲကစားရာ ချီလီက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ကြောင်း ချီလီအသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** အမေရိကန်တိုက်စစ်မှူး အယ်တီဒို ပါဝင်ကစားမည် ***
ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနှင့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာကြောင့် လေ့ကျင့်မှုမပြုလုပ်နိုင်သော အမေရိကန်အသင်း တိုက်စစ်မှူး အယ်တီဒို ဒဏ်ရာသက်သာပြီဖြစ်ရာ ပါဝင်ကစားမည်ဖြစ်ကြောင်း အမေရိကန်အသင်း တာဝန်ရှိသူများက ဇွန်လ ၁၀-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ဘောလုံးအသင်းကိုးသင်း ဂျာစီအင်္ကျီလဲရန်ရှိနေ ***
၂၀၁၀- တောင်အာဖရိက ကမ္ဘာ့ဖလားပွဲ ဆင်နွှဲရန်အတွက် ရာသီဥတုနှင့် ကိုက်ညီသည့် ဂျာစီအင်္ကျီများ ပြောင်းလဲဝတ်ဆင်ရန် မက္ကဆီကို၊ ဆလိုဗက်ကီးယားတို့အပါအ၀င် ဘောလုံးအသင်းကိုးသင်း ကျန်ရှိနေကြောင်း တောင်အာဖရိက အားကစားအရာရှိများက ဇွန်လ ၁၀-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
***လေ့ကျင့်ကွင်းပြောင်းပေးရန်ဆားဘီးယားတောင်းဆို**
လေ့ကျင့်ကွင်းပြောင်းပေးရန် ခွင့်ပြုထားသော အေဒလူမူလာဘောလုံးကွင်းမှာ ကစားသမား ထိခိုက်ဒဏ်ရာရရှိနိုင်သဖြင့် ကွင်းပြောင်းပေးရန် ဆားဘီးယားအသင်း တာဝန်ရှိသူများက ဖီဖာသို့ ဇွန်လ ၁၀-ရက်နေ့၌ တောင်းဆိုလိုက်သည်။ (အင်တာနက်)
*** ရွန်နီကို ဒီမီရစ် ထိန်းချုပ်ကစားမည် ***
အင်္ဂလန်တိုက်စစ်မှူး ရွန်နီ ထိုးဖောက်ဂိုးသွင်းခွင့် အခွင့်အရေးနည်းပါးရန် မိမိ အပြည့်အ၀ထိန်းချုပ်ကစားသွားမည်ဖြစ်ကြောင်း အမေရိကန်အသင်းနောက်ခံလူ ဒီမီရစ်က ဇွန်လ ၁၀-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** သတင်းထောက်များ လက်တော့ပ်နှင့် ဖုန်းများအခိုးခံရ ***

No comments:
Post a Comment