*** တစ်နှစ်အောက် ကလေးများအား ပျားရည် မတိုက်ကျွေးသင့် ***
(လန်ဒန်၊ ဇွန်လ ၉-ရက်)
ပျားရည်တွင် ပါဝင်သော ဗက်တီးရီးယားပိုးသည် ကလေးများအတွက် အဆိပ်သင့်စေနိုင်သဖြင့် မတိုက်ကျွေးသင့်ကြောင်း သုတေသီများက သတိပေးထားသည်။ အသက်တစ်နှစ်အောက် ကလေးများသည် ပျားရည်တွင် ပါဝင်သော ဗက်တီးရီးယားပိုးကို ချေဖျက်နိုင်စွမ်းမရှိသဖြင့် အပြင်းအထန်နာဖျားစေနိုင်ပြီး အကြောများသေသည်အထိ ဖြစ်နိုင်ကြောင်း
အစားအစာအဆင့်အတန်းသတ်မှတ်ရေးအေဂျင်စီက သတိပေးထားသည်။ အဆိုပါပျားရည်တွင် ပါဝင်သော ဗက်တီးရီးယားပိုးသည် မြေကြီးမှ ဖုန်မှုန်များအတွင်း ရောက်ရှိကာ ပျားအုံသို့ ရောက်ရှိစေလျက်ရှိသည်။ ယင်းဗက်တီးရီးယားပိုးသည် ကလေးများ၏ ၀မ်းဗိုက်အူလမ်းကြောင်းအတွင်း ကြီးထွားလာပြီး အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်း သုတေသီများက တွေ့ရှိထားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ကောင်းမြတ်သူ ***
*** Public Health ***

No comments:
Post a Comment