စပိန်အသင်းအတွက် အဆုံးအဖြတ်ဂိုးများသွင်းယူနိုင်ရန် တောရက်စ်၊ ဖာဘရီဂတ်စ်နှင့် ဒေးဗစ်ဗီလာတို့အား ဇွန်လ ၁၀-ရက်နေ့၌ ဂိုးသွင်းမှုသီးခြားလေ့ကျင့်မည်ဟု စပိန်အသင်းတာဝန်ရှိသူများက ဇွန်လ ၉-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** စပိန်မှ အင်နီယေစတာ ဒဏ်ရာရရှိ ***
တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေသော စပိန်ဘောလုံးအသင်းသည် ဇွန်လ ၉-ရက်နေ့က လေ့ကျင့်မှုပြုလုပ်ရာတွင် အင်နီယေစတာ ၀ဲဘက်ခြေထောက် ကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့သဖြင့် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးနေကြောင်း စပိန်အသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** ချီလီကွင်းလယ်ဒိုင် ကွင်တာရော့စ် ပွဲမကြီးကြပ်နိုင်တော့ ***
ချီလီနိုင်ငံသား ကွင်းလယ်ဒိုင်လူကြီးကွင်တာရော့စ်နှင့် အကူဒိုင်နှစ်ဦးတို့သည် မမျှော်လင့်ဘဲ ဒဏ်ရာများရရှိခဲ့သဖြင့် ဇွန်လ ၁၃-ရက်နေ့၌ ကျင်းပမည့် အုပ်စု (ဂ)မှ အယ်လ်ဂျီးရီးယားနှင့် ဆလိုဗေးနီးယားတို့ ပွဲစဉ်၌ တာဝန်ယူ မကြီးကြပ်နိုင်တော့ကြောင်း ဖီဖာက ဇွန်လ ၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** မက္ကဆီကို ခံစစ်မှူး မားကွတ်ဇ် လေ့ကျင့်မှုစတင် ***
တောင်အာဖရိကနိုင်ငံသို့ ရောက်ရှိနေသော မက္ကဆီကိုအသင်းမှ ခံစစ်မှူး မားကွတ်ဇ်သည် ပြီးခဲ့သည့် သီတင်းပတ်က အီတလီအသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲကစားရာတွင် ညာခြေချင်းဝတ် ဒဏ်ရာရရှိခဲ့သဖြင့် လေ့ကျင့်မှုမပြုနိုင်ဘဲ ရှိခဲ့ရာ ဇွန်လ ၉-ရက်နေ့မှ စတင်း၍ အသင်းနှင့်အတူ ပြန်လည်လေ့ကျင့်နေပြီဖြစ်ကြောင်း မက္ကဆီကိုအသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** တိုက်စစ်မှူး လီဒေါင်ဂွတ် ဒဏ်ရာသက်သာ ***
တောင်ကိုရီးယားတိုက်စစ်မှူး လီဒေါင်ဂွတ်၏ ခြေထောက်ကြွက်သား ဒဏ်ရာရရှိနေမှုမှာ သက်သာနေပြီဖြစ်သဖြင့် ဂရိအသင်းနှင့် စတင်ကစားရမည့်ပွဲ၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း အသင်းမှတာဝန်ရှိသူများက ဇွန်လ ၉-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ပြင်သစ်အသင်းခေါင်းဆောင် အဖြစ် အီဗရာကိုတာဝန်ပေး ***
ပြင်သစ်အသင်းနည်းပြ ဒိုမီနစ်က အသင်းခေါင်းဆောင် အွန်နရီအစား အီဗရာကို တာဝန်ပေးခြင်းအပေါ် မှန်ကန်သည်ဟု ယုံကြည်မှုအပြည့်ရှိကြောင်း ဇွန်လ ၉-ရက်နေ့၌ ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ဗီဒစ် အဖွင့်ပွဲစဉ်၌ ပါဝင်ကစားနိုင်မည် ***
ပိုလန်အသင်းနှင့် ခြေစမ်းပွဲ၌ ၀မ်းဗိုက်ကြွက်သားဒဏ်ရာရရှိခဲ့သော ဆားဘီးယားအသင်းခေါင်းဆောင် ဗီဒစ်သည် အသင်းနှင့်အတူ လေ့ကျင့်မှုများ မပြုလုပ်နိုင်ခဲ့ရာမှ ဇွန်လ ၉-ရက်နေ့မှ စတင်ကာ ပြန်လည်လေ့ကျင့်နေပြီဖြစ်ရာ ဇွန်လ ၁၃-ရက်နေ့၌ စတင်ကစားရမည့် ဂါနာပွဲ၌ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း ဆားဘီးယားအသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** ကီးဝဲလ် လေ့ကျင့်စဉ် ဒူးဒဏ်ရာရရှိ ***
တောင်အာဖရိက ရောက်ရှိနေသော သြစတြေးလျအသင်းမှ နာမည်ကြီးကစားသမား ကီးဝဲလ်သည် ဇွန်လ ၉-ရက်နေ့က အသင်းနှင့်အတူ လေ့ကျင့်စဉ် ဒူးဒဏ်ရာရရှိခဲ့ကြောင်း သြစတြေးလျအသင်း တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** တောရက်စ်၊ ဖာဘရီဂက်စ်၊ ဗီလာတို့ ဂိုးသွင်းလေ့ကျင့် ***

No comments:
Post a Comment