အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပတ်သက်သူ ၈-ဦးအား ဇွန်လ ၉-ရက်နေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်း၌ ကူးတို့လှေနစ်မြုပ် ***
ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်ပိုင်းရှိ မြစ်တစ်မြစ်အတွင်း ဇွန်လ ၉-ရက်နေ့က ကူးတို့လှေတစ်စင်းနစ်မြုပ်ခဲ့ရာ ၁၆-ဦးသေဆုံးပြီး အများအပြားပျောက်ဆုံးလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** အိန္ဒိယအရှေ့ပိုင်း၌ ယာဉ်မတော်တဆမှုဖြစ်ပွား ***
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဒီဟန်ဘတ်ခရိုင်တွင် ဇွန်လ ၉-ရက်နေ့၌ မင်္ဂလာဆောင်အခမ်းအနားတစ်ခုသို့ သွားရောက်သည့် ဘတ်စ်ကားတစ်စီး မတော်တဆမှုဖြစ်ပွားရာ ၂၁-ဦးသေဆုံးပြီး လူ ၂၀-ဒဏ်ရာရရှိကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်ကျဆင်း ***
ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ ဇွန်လ ၉-ရက်နေ့က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၃၇ ဒသမ ၅၄ ဒေါ်လာ ဖြစ်ခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** နော်ဝေ၌ ၀င်ရိုးစွန်းဆိုင်ရာ ကွန်ဖရင့်ကျင်းပ ***
နော်ဝေနိုင်ငံ လိုင်လီစတွန်မြို့တွင် ၀င်ရိုးစွန်းဆိုင်ရာ သိပ္ပံကွန်ဖရင့်တစ်ရပ်ကို ဇွန်လ ၈-ရက်နေ့မှ ၁၂-ရက်နေ့အထိ ကျင်းပလျက်ရှိရာ နိုင်ငံပေါင်း ၆၀-ကျော်မှ သိပ္ပံပညာရှင် ၂၀၀၀-ကျော်တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း နော်ဝေအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
*** လော့စ်အိန်ဂျလိစ်၌ မူးယစ်မှောင်ခိုများ ဖမ်းဆီး ***

No comments:
Post a Comment