** ဗီတာမင်ဘီဓာတ် ပြည့်ဝစွာစားသုံးလျှင် အဆုတ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင် **
(လန်ဒန်၊ ဇွန်လ ၂၀-ရက်)
လူတို့၏ သွေးအတွင်း ဗီတာမင်ဘီဓာတ် ပြည့်ဝစွာ စားသုံးသူများ နေဖြင့် အဆုတ်ကင်ဆာဖြစ်ပွားမှုကို လျော့ ကျစေနိုင်ကြောင်း ဥရောပသုတေသီများက အကြံပြု တင်ပြထားသည်။ ဘီတာမင်ဘီ- ၆ နှင့် အမိုင်နိုအက်စစ် ဓာတ်ကြွယ်ဝသူများသည် အဆုတ်ကင်တဆာဖြစ်ပွားမှုကို ထက်ဝက်လျော့ကျုစေနိုင်ကြောင်း လူဦးရေ ၄၀၀၀၀၀ အား သုတေသနပြုဆန်းစစ်လေ့လာရာမှ သိရသည်။ ဗီတာမင်ဘီဓာတ် ကြွယ်ဝစေရန်အတွက် လူတို့အ နေဖြင့် ပဲအမျိုးမျိုး၊ ငါး သို့မဟုတ် အသားတစ်မျိုးမျိုးကို စားသုံးပေးသင့်ကြောင်း၊
ဆေးလိပ်သောက်သုံးမှုကို ရှောင်ကြဉ်ပါက ပို၍ အဆုတ်ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာအသင်းဂျာနယ်တွင် ဖော်ပြထားသည်။ ဥရောပ ၁၀-နိုင်ငံတွင် လွန်ခဲ့သောရှစ်နှစ်က ဗီတာမင်ဘီဓာတ်ကြွယ်ဝစွာ စားသုံးသူများနှင့် မစားသုံးသူများကို နှိုင်းယှဉ်လေ့လာခဲ့ရာ ဗီတာမင်ဘီဓာတ်ကြွယ်ဝစွာ စားသုံးသူအများစုမှာ အဆုတ်ကင်ဆာဖြစ်ပွားမှု နည်းပါးစေကြောင်း လေ့လာတွေရှိခဲ့သည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment