လူစင်စစ်က သူခိုးဖြစ်ကရော။
ကာလက ပြောင်းပြန်မို့
ဆန်ကြမ်းက စေးသတဲ့
ကောက်ညှင်းကတော့ စေးခွင့်မရ
ဘ၀ကြမ္မာရဲ့ ပြက်ရယ်ပြုပုံ
ယုံပဲ ယုံနိုင်စရာမရှိ။
ဝိပ္ပတ္တိ ခေတ်သမယ
ညစ်နိုင်မှ လူတော် တဲ့
စာဆိုကျော်တွေ ဖော်ထုတ်
ကလိယုဂ် ဆုတ်ကပ်အဖွဲ့တွေ
တကယ့်ကို များပြားခဲ့ပါတယ်။
ခေတ်ပျက်ကို မိတ်ဖက်ပြုပြီး
လူထုကို သွေးဆောင်
မတရားကို တရားယောင်
အမှောင်ကို အလင်းလုပ်
မဟုတ်မဟပ် လုပ်ဇာတ်တွေခင်း
အချင်းချင်း ရန်တိုက်
ငမိုက်သားဇာတ် သွင်းကြတယ်။
ညံ့ဖျင်းတဲ့ ဒို့တတွေ
မွှေးချင်းတိုင်း မွှေးလို့
ကျက်သရေယုတ်အောင် ကြံရွယ်ကာ
မျက်နှာကို တံတွေးနဲ့ ထွေးကြတယ်။
ငါတို့ မြန်မာတွေကို
ရွံစရာ အကောင်ပုပ်လို
သရုပ်ဖော်လိုက်တယ်။
ရသာရင် ဘနဖူး သိုက်တူးမယ့်
စစ်ရူးတွေ အာဏာရူးတွေက
ငပြူးကပြဲ ဦးအောင်ဆဲပြီး
တကတဲ- သူဟစ်လိုက်ပုံက
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး- တဲ့။
ဟုတ်- ဟုတ်သေးတော့ကွာ…။ ။
** တင်မိုး **
(၂၄၊ ဇွန်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
သူခိုးက လူလူဟစ်တော့
လူစင်စစ်က သူခိုးဖြစ်ကရော။
ကာလက ပြောင်းပြန်မို့
ဆန်ကြမ်းက စေးသတဲ့
ကောက်ညှင်းကတော့ စေးခွင့်မရ
ဘ၀ကြမ္မာရဲ့ ပြက်ရယ်ပြုပုံ
ယုံပဲ ယုံနိုင်စရာမရှိ။
ဝိပ္ပတ္တိ ခေတ်သမယ
ညစ်နိုင်မှ လူတော် တဲ့
စာဆိုကျော်တွေ ဖော်ထုတ်
ကလိယုဂ် ဆုတ်ကပ်အဖွဲ့တွေ
တကယ့်ကို များပြားခဲ့ပါတယ်။
ခေတ်ပျက်ကို မိတ်ဖက်ပြုပြီး
လူထုကို သွေးဆောင်
မတရားကို တရားယောင်
အမှောင်ကို အလင်းလုပ်
မဟုတ်မဟပ် လုပ်ဇာတ်တွေခင်း
အချင်းချင်း ရန်တိုက်
ငမိုက်သားဇာတ် သွင်းကြတယ်။
ညံ့ဖျင်းတဲ့ ဒို့တတွေ
မွှေးချင်းတိုင်း မွှေးလို့
ကျက်သရေယုတ်အောင် ကြံရွယ်ကာ
မျက်နှာကို တံတွေးနဲ့ ထွေးကြတယ်။
ငါတို့ မြန်မာတွေကို
ရွံစရာ အကောင်ပုပ်လို
သရုပ်ဖော်လိုက်တယ်။
ရသာရင် ဘနဖူး သိုက်တူးမယ့်
စစ်ရူးတွေ အာဏာရူးတွေက
ငပြူးကပြဲ ဦးအောင်ဆဲပြီး
တကတဲ- သူဟစ်လိုက်ပုံက
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး- တဲ့။
ဟုတ်- ဟုတ်သေးတော့ကွာ…။ ။
** တင်မိုး **
(၂၄၊ ဇွန်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment