ရေးနှင့် ပါတ်သက်လာလျှင် ငွေအင်အားကော၊ လူအင်အားပါ စည်းလုံးညီညွတ်မှုရှိသည်ဟု ချီးကျူးထိုက်ပေတော့သည်။
ကျွန်ုပ်နှင့် ကိုလေးတို့ ရောက်တက် ရာရာ ပြောဆိုဆွေးနွေးရင်းမှ သမထနှင့် ၀ိပဿနာ လမ်းကြောင်းပေါ်သို့ စကားပြောင်းသွားကြ၏။ ကျွန်ုပ်တို့ နှစ်ဦးသည် မတက်တခေါက် တစွန်းတစ ကြားနာမှတ်သားဖူးတာလေးတွေ အပြန်အလှန် အားထုတ်ကြစို့ရယ်´လို့ သတိပေး နိုးဆော်လေ၏။ ကျွန်ုပ်က အခုလိုဆွေးနွေးနေကြ၏။ ကိုလေးသည် ကျွန်ုပ်ကို ညီရင်း အကိုလို ခင်မင်ရင်းနှီးသောကြောင့် မေတ္တာစေတနာထားပြီး၊ `ဒီလိုဗျ မိတ်ဆွေကြီးရေ… ခင်ဗျားတို့ ကျနော်တို့ အသက်အရွယ်တွေက ငယ်တော့တာမဟုတ်ဘူး။ သီလတွေ လုံခြုံအောင် ထိန်းနိုင်သလောက်ထိန်း။ မေတ္တာ ဘာဝနာတွေ ပွားနိုင်သလောက်ပွား။
ရှူမှတ်ခြင်း ၀ိပဿနာကိုလဲ ကြိုးစား ၊ သတိပေးနိုးဆော်တာကို ကျေးဇူးလဲတင်လို့ ညီအကိုလို သဘောထားတဲ့အတွက် ၀မ်းလဲ ၀မ်းသာပါတယ်။ ကိုလေး ကျနော့်ဘ၀အတွက် အဆွေခင်ပွန်းကောင်း တစ်ဦးလိုလဲ အသိအမှတ်ပြုပါတယ်။ `ခုန ကိုလေးပြောပြတဲ့ ကိုယ်ကျင့်သီလပိုင်းကို ထိန်းနိုင်သလောက် ထိန်းနေဆဲပါ။ မေတ္တာဘာဝနာကတော့ ပွားများဖြစ်တာ များပါတယ်။ ၀ိပဿနာအလုပ်ကတော့ အားမထုတ်ဖြစ်သေးဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကိလေသာတဏှာ ရေယဉ်ကြောမှာ အစုံန်အဆန် မျောနေရတဲ့ ကျနော့်ရဲ့ဘ၀ကို သမာဓိဆိုသော ဖောင်ပေါ်တင်ပြီး ကိုယ်ကျင့်သီလဆိုတဲ့ လှော်တက်နဲ့ သမထဆိုသော သောင်ကမ်းဆီသို့ ဆိုက်ကပ်နိုင်အောင် လှော်ခတ်ပြီး ၀ိပဿနာ စံကျောင်းတော်မှာ ရာသက်ပန်ပျော်စံသွားချင်ပါတယ်။ အဲဒီလို မဟုတ်ပ လောဘကို ရှေ့တန်းတင် ။ပူပင်သောကကို ကျောပိုး ။အာရုံငါးပါးကို ရင်မှာထားပြီး ၀ိပဿနာ ရိပ်သာမှာ စိတ်ကြိုက်တရား မရှာနိုင်ဘ အိပ်ငိုက်တာတွေ များနေမယ်ဆိုရင်တော့ ကျနော်တို့ ၀င်ရာတရားစခန်းဟာ သူတပါး အမြင်ကောင်းတဲ့ လမ်းကြောင်းလေး တခုလောက်သာ အကျိုးအမြတ်ရှိမှာပေါ့။´ ကိုလေး ဒါက ကျနော့်ရဲ့ အဇ္ဈတ္တ သ န္တာန်မှာ စဉ်းစားမိသလောက် ပြောကြည့်တာပါ။ အကို့ရဲ့ ဗဟုသုတနဲ့ ခံယူချက်လေးတွေ ကျနော့်ကို ပြောင်းပြပေးပါဦးဆိုတော့၊ `ဒီလို ရှိတယ်။ မိတ်ဆွေကြီးရဲ့ တချို့သော တရားစခန်းတွေမှာ ဆရာတော်များက ယောဂီ သူတော်စဉ်များကို ပတိစ္စသမုပ္ပကို နားလည်သဘောပေါက်အောင် ဟောပြောပြီးလေမှ တရားရှူမှတ်ခိုင်းတယ်။ နောက်တခါ တရားအားထုတ်သူတွေ ရှူမှတ်ခြင်း မလွတ်ကင်းအောင် အလာပ္ပသလာပ္ပ စကားပြောဆိုခြင်းတွေ တားမြင့်ထားတယ်။ အဲဒီတော့ တရားပါတ်အတွင်းမှာ ကာယကံနဲ့ ၀စီကံကတော့ အပစ်ကင်းကြတာပေါ့။ မနောကံကတော့ အပြစ်ကင်းမယ် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဖာသာ ကိုယ့်စဉ်းစားကြည့်တာကို တရားစခန်းမှာ ရှိနေတဲ့ ယောဂီ သူတော်စဉ်တွေက ကံသုံးပါးလုံခြုံကြမှာပါ။ ကံသုံးပါးကို ထိန်းနိုင်သွားပြီဆိုရင်တော့ ဒုစရိုက်ဆယ်ပါးကိုပါ ထိန်းနိုင်သွားပြီ။ ဒုစရိုက် ဆယ်ပါးဆိုတာက ပါဏာသိပါတာ၊ အဒိန္နဒါနာ၊ ကာမေသု မိစ္ဆာစာရာ၊ ကာယကံသုံးပါး၊ သဖ္ဖဖလ၀ါစာ၊ ဖရုစ္စ၀ါစာ၊ ပိသုနာဝါစာ၊ မုသာဝါဒါ၊ ၀စီကံလေးပါး၊ အဘိဇ္ဈာ၊ ဗြဿန၊ မိစ္ဆာဒိဠိ၊ မနောကံသုံးပါး၊ ၄င်းဒုစရိုက်ဆယ်ပါးဟာ သူတော်စဉ် သူမြတ်လောင်းတွေအတွက် အဓိက ကျင့်ဆောင်ရမယ့် သော့ချက်ဘဲလို့ မှတ်သားဖူးတယ်ဗျ။ မိတ်ဆွေကြီးရေ ကိုယ်လဲ တရားစခန်း မ၀င်ဖြစ်တာ တော်တော်ကြာသွားပြီဗျ။ ဘာကြောင့်လဲဆိုတော့ တနေ့သော ညအချိန်ခါမှာ အိပ်မပျော်တာနဲ့ တရားထိုင်ကြည့်တယ်။ စိတ်ကို ဘယ်လိုမှ ရှူမှတ်ထိန်းချုပ်လို့ မရဖူးဖြစ်နေတော့ သမာဓိအား စုစည်းတဲ့အနေနဲ့ ဂုဏ်တော်တပုဒ်ကို ကြိမ်ဖန်များစွာ ရွက်ဖတ်နေလိုက်တယ်။ အဲဒီမှာ ကိုယ်ကိုယ်ကို ပြန်သုံးသပ်ဖို့ သတိဝင်လာတယ်။ ဒါနဲ့ဘဲ ကိုယ်ရဲ့ ဘာသာရေး၊ လုပ်ဆောင်မှုတွေကို အပြန်ပြန် အလှန်လှန် စီစစ်လိုက်တော့ ဒီလို စဉ်းစားဝေဖန်မိတယ်ဗျ။ ငါဟာ တရားစခန်းလဲဝင်ခဲ့ဘူးတယ်။ အိမ်မှာလဲ မနက် ည ၀တ်မပြတ်တမ်း သီလတွေ ခံယူဆောက်တည် မေတ္တာဘာဝနာတွေ အကြိမ်ကြိမ် ပွားများနေလိုက်တာ၊ ဘုရားကျောင်းဆောင်ရှေ့မှာတော့ ဟုတ်သလိုလိုနဲ့ အိပ်ယာထဲရောက်တဲ့အခါ ဈေးရောင်းတဲ့အခါ မိတ်သင်္ဂဟများနဲ့ အလာပ္ပသလာပ္ပ ပြောတဲ့အခါ တယောက်တည်း ထိုင်နေရတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ဒိဠိနဲ့ ငါးပါးအာရုံ ကာမကုံတွေရဲ့၊ ဖြားရောင်းသွေးဆောင်မှုနောက်ကို လိုက်ပါနေမိတယ်။ ဗုဒ္ဓရဲ့ နောက်ဆုံးစကားကို ဆရာတော်များက ထပ်ထပ်ပြီးပြောကြားပေးနေတယ်။ အပ္ပမာဒေနသမ္ဘာဒေထ ပြောလိုက်တာနဲ့ အာမဘန္တေ လုပ်ချလိုက်တာပဲ။ တကယ်တမ်းကြတော့ သတိမမေ့ပါနဲ့လို့ အတန်တန်မှာထားပါလျက်နဲ့ စဉ်းစားမရအောင် မေ့တတ်သူဘ၀ကို ရောက်နေပါရောလား။ ဒီလိုဆိုရင်ဖြင့် မဖြစ်သေးဘူ။ ဒီပယောဂ ဥာဉ်ဆိုးတွေကို သီလဆိုတဲ့ ဆေးကိုတိုက။် သမာဓိဒုတ်နဲ့ နာနာရိုက်ပြီး ဥာဏ်ပညာ လက် ကို အပ။် သမထ ကျောင်းကိုတက်ပြီး ၀ိပဿနာ စံကျောင်းတော် စာမေးပွဲ ၀င်ဖြေပေါ့လို့ ကိုယ်ကိုယ်ကို ပြန်ပြီး ဆုံးမနေတယ်။ မိတ်ဆွေကြီးရေ´ဟု ပြောလေ၏။ ကျွန်ုပ်ကလဲ သိပ်မှန်တာပေါ့ အကိုလေး ။ကျနော်တို့ဟာ သူငယ်တန်းအဆင့်ဆိုတော့ သူငယ်တန်းကနေဘဲ စတက်သွားတာကောင်းပါတယ်ဗျာ။ အခွင့်သာတယ်ဆိုပြီး ဆယ်တန်း ကျောင်းသားတွေနဲ့ ရောထွေးပြီး စာမေးပွဲ ၀င်ဖြေနေမယ်ဆိုရင် အချိန်ကုန် လူပန်းပေမယ့် ဘယ်တော့မှ အောင်မှာမဟုတ်ဖူးဗျာ၊ ကဲ… ကျနော်လဲ ဈေးနည်းနည်း ၀ယ်ရအောင် သွားခွင့်ပြုပါဦး။ နောက်တစ်ပါတ်ဆုံတော့ ဆက်ဆွေးနွေးကြတာပေါ့….။
***ယမကာလုလင်- (ယာတောမြေ)မဲဆောက်**
တနေ့သ၌ကျွန်ုပ်သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဈေးတွင် ကွမ်းယာ ပစ္စည်းမျိုးစုံ ရောင်းချလျှက်ရှိသော ကိုလေးဆိုသူနှင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး ကိစ္စရပ်များကို စကားစပ်မိ၍ ပြောဆို ဆွေးနွေးကြလေ၏။ ကိုလေးသည် စီးပွားရေးကို လုံးပမ်းနေသလောက် ဘာသာရေးကိုလည်း ကြုံကြိုက်ပါက သူ၏ ဓမ္မမိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေးကာ တက်တက် ကြွကြွ လုပ်ကိုင်ဆောင်ရွက်ကြလေ၏။ ရွှေ့ပြောင်းအလုပ်သမား အသီးသီးတို့၌ ဈေးမိသားစုများသည် ဘာသာ

No comments:
Post a Comment