သူတို့နိုင်ငံထဲက ဒေသတွေပါလို့
အကြောင်း ပြခဲ့တာနဲ့
ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ ဆိုတဲ့
မိတ်ဆွေတို့ ကျင့်ဝတ်နဲ့ အညီပဲ
ငါတို့က စွန့်လွှတ်ခဲ့ပါတယ်။
အဲဒီအရပ်က ကချင်တွေကို ဖျောင်းဖျ
မြေပုံတွေ သက်သေတွေ အခိုင်အခုံပြပြီး
ချစ်စကို ရှည်အောင်ကျင့်ခဲ့တဲ့
မြင့်မြတ်တဲ့ ဒို့စိတ်ထား
ခင်ဗျားတို့ နားလည်ထားဖို့တော့ လိုမယ်။
ဒို့နိုင်ငံရဲ့ ကြမ္မာကံကို
ဒို့ကိုယ်ပိုင် ဖန်တီးတဲ့အခါ
အပြန်အလှန် လေးစား
မမှားမယွင်း မတိမ်းမစောင်း
အိမ်နီးချင်းကောင်း ပီတဖို့
မုချ လိုအပ်ပါတယ်။
သူ့အရေး ကိုယ်ဝင်စွက်
ကိုယ့်အရေး သူပတ်သက်
ကိုယ့်ဖက်ကို သူနင်း
သူ့ဖက်ကို ကိုယ်ပင်း
အိမ်နီးချင်း စည်းမစောင့်
အမှောင့်တွေ အစုံပူး
ပလူးတာလဲ မကောင်း
မျက်စောင်း တခဲခဲနဲ့
မလုံမလဲ ဖြစ်ရတယ်။
သူ့ကိုထောက်ထားရ
ကြောက်အားကြောင့် မှောက်မှားရ
သူစေစားသမျှ ကိုယ်ငုံ့ခံ
အမှန်တရားနဲ့ မတည်ဆောက်ရင်
ကျွန်သားပေါက်ဖြစ်မှာ စိုးရတယ်။
နှစ်နိုင်ငံ နယ်ခြားက
တိုင်းရင်းသားတွေ ခမျာ
ပြဿနာ အဖုံဖုံကို
ရင်တခုန်ခုန်နဲ့ ဖြေရှင်းနေရရှာမြဲပါ။ ။
** တင်မိုး **
(၂ ဇူလိုင်၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
`ဖီမော်´ `ဂေါ်လန်´ `ကန်ဖန်´ဟာ
သူတို့နိုင်ငံထဲက ဒေသတွေပါလို့
အကြောင်း ပြခဲ့တာနဲ့
ချစ်စကိုရှည်စေ၊ မုန်းစကို တိုစေ ဆိုတဲ့
မိတ်ဆွေတို့ ကျင့်ဝတ်နဲ့ အညီပဲ
ငါတို့က စွန့်လွှတ်ခဲ့ပါတယ်။
အဲဒီအရပ်က ကချင်တွေကို ဖျောင်းဖျ
မြေပုံတွေ သက်သေတွေ အခိုင်အခုံပြပြီး
ချစ်စကို ရှည်အောင်ကျင့်ခဲ့တဲ့
မြင့်မြတ်တဲ့ ဒို့စိတ်ထား
ခင်ဗျားတို့ နားလည်ထားဖို့တော့ လိုမယ်။
ဒို့နိုင်ငံရဲ့ ကြမ္မာကံကို
ဒို့ကိုယ်ပိုင် ဖန်တီးတဲ့အခါ
အပြန်အလှန် လေးစား
မမှားမယွင်း မတိမ်းမစောင်း
အိမ်နီးချင်းကောင်း ပီတဖို့
မုချ လိုအပ်ပါတယ်။
သူ့အရေး ကိုယ်ဝင်စွက်
ကိုယ့်အရေး သူပတ်သက်
ကိုယ့်ဖက်ကို သူနင်း
သူ့ဖက်ကို ကိုယ်ပင်း
အိမ်နီးချင်း စည်းမစောင့်
အမှောင့်တွေ အစုံပူး
ပလူးတာလဲ မကောင်း
မျက်စောင်း တခဲခဲနဲ့
မလုံမလဲ ဖြစ်ရတယ်။
သူ့ကိုထောက်ထားရ
ကြောက်အားကြောင့် မှောက်မှားရ
သူစေစားသမျှ ကိုယ်ငုံ့ခံ
အမှန်တရားနဲ့ မတည်ဆောက်ရင်
ကျွန်သားပေါက်ဖြစ်မှာ စိုးရတယ်။
နှစ်နိုင်ငံ နယ်ခြားက
တိုင်းရင်းသားတွေ ခမျာ
ပြဿနာ အဖုံဖုံကို
ရင်တခုန်ခုန်နဲ့ ဖြေရှင်းနေရရှာမြဲပါ။ ။
** တင်မိုး **
(၂ ဇူလိုင်၊ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment