ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 14, 2010

လူကုန်ကူးမှု အက် ဆစ်ပင်လယ်ပြင်မှ မြန်မာရွေ့ ပြောင်းအလုပ်သမားများ

>
မြန်မာပြည်အတွင်းမှာ အဆင်မပြေမှုတွေနေ့စဉ်ကြုံတွေ့  နေရတာကြောင့်ဖြစ်ချင်ရာဖြစ်၊သေရင်လည်းသေ ပစေ၊မထူးဘူးဆိုပြီးတော့မြန်မာတစ်နိုင်ငံလုံးကအလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေမှန်သမျှပြည်ပကိုထွက်
လာနေကြတယ်။ချောင်းရေလိုတသွင်သွင်မစီးပဲ ရေတံခွန်လိုခုန်ပေါက်ကျော်ဖြတ် အလုံးလိုက်အခဲလိုက်၊အစုလိုက်အပြုံလိုက်ထိုင်းနိုင်ငံထဲကိုဝင်ရောက်နေကြတယ်။မြန်မာဘက်နဲ့ထိုင်းဘက်
်နယ်စပ်အသီးသီးကစောင့်ကြပ်နေတဲ့လုံခြုံရေးတွေကိလာဘ်ငွေတွေပေးပြီးနယ်စပ်ဖြတ်ကျော်လာရတာဖြစ်
ပါတယ်။ကြာတော့ကြာခဲ့ပါပြီ။ ခုမှ အဆန်းမဟုတ်တော့ဘူးလေ။၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံရေး၊စီးပွားရေးအရဘယ်လိုမှ ပြည်တွင်းမှာအဆင်မပြေတော့ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမား ၂သန်းကျော်ကနေ ၄သန်းလောက်တောင်ရှိနိင်တယ်လို့  နိုင်ငံတကာအင်ဂျီအိုတွေနဲ့ အလုပ်သမားအဖွဲ့ အချို
့ခန့် မှန်းထားကြတယ်။
ဒီလူတွေဟာထိုင်းနိုင်ငံတောင်ပေါ်စိုက်ခင်း၊ရာဘာခြံ၊ကျေးလက်တောရွာအပါအ၀င်မြို့ကြီးတွေနဲ့ထိုင်းရေလုပ်
်ငန်းတွေမှာဖြန့် ကျက်လုပ်ကိုင်နေကြတယ်။
ခြုံပြောရရင် ထိုင်းနိုင်ငံသားတွေမလုပ်လိုတဲ့အလုပ်တိုင်း၊နေရာတိုင်းမှာ ရွှေမြန်မာတွေဝင်ရောက်လုပ်ကိုင်
နေပါတယ်။ဘယ်အလုပ်မှာမှ မြန်မာအလုပ်သမားမရှိတဲ့နေရာမရှိတော့ဘူးလို့ ပြောရင်လွန်မယ်မထင်ပါ
ဘူး။ဒီလိုအလုပ်မရွေးနေရာမရွေးလုပ်ကိုင်နေကြတဲ့ မြန်မာတွေ နေ့တိုင်း နေ့ တိုင်း၊နေရာတိုင်းနေရာတိုင်း
မှာ လုပ်ငန်းခွင်တွင်းမတော်တဆထိခိုက်မှု၊ဓါတ်လိုက်လို့ သေခြင်းမျိုးအပါအ၀င်၊မတရားသတ်ဖြတ်ခံရတာ
တွေ နေ့ တိုင်းဖြစ်ပေါ်နေပါတယ်။အိမ်ဖေါ်အလုပ်သမတွေဆိုရင် အိမ်ရှင်နဲ့ သားတွေရဲ့ အလိုမတူပဲ လိင်ဆက်ဆံခြင်းကိုခံနေကြရပြန်ပါတယ်။ အလားတူပဲသေမထူး၊နေမထူး၊ပြည့်တန်ဆာလုပ်ငန်းတွေ မှာလုပ်ကိုင်နေကြတဲ့မြန်မာလည်းဒုနဲ့ ဒေးပါပဲ။

ထိုင်းပင်လယ်ထဲမှာလုပ်အားခမရ၊တစ်နေကုန်တစ်နေခန်း ပင်ပန်းဆင်း၇ဲစွာလုပ်ကိုင်နေရပြီး မသေမချင်းအားခမရပဲ၊လုပ်ပေးနေရသူတွေလည်းရှိပါတယ်၊ထွက်ပြေးရင်လည်းဒေသခံထိုင်းပုလိပ်တွေက
ဖမ်းပေးပါတယ်။တစ်ကြိမ်နှစ်ကြိမ်ထွက်ပြေးတဲ့လူဆိုရင်မွန်ပွဲစားတွေအသေရိုက်သတ်၊ပစ်သတ်လိုက်ကြပါတယ်။လှေပေါ်အလုပ်တစ်ခုခုမှားလို့ဖြစ်ဖြစ်၊ပြန်ပြောမိတာမျိုးဖြစ်ဖြစ်၊နေထိုင်မကောင်းလို့ မလုပ်နိုင်တော့ရင်ဖြစ်ဖြစ်ပင်လယ်ထဲကိုအသေသတ်ပြီးဖြစ်စေ၊အရှင်လတ်လတ်ဖြစ်စေ၊ပစ်ချခံရလို့ မြန်မာအလုပ်သမားအလောင်းတွေထိုင်းငါးဖမ်းရေကွက်ထဲမှာနေ့စဉ်တွေ့ နေ၇တယ်လို့ ရောင်းစားခံခဲ့ရာကထွက်ပြေးလွတ်မြောက်လာသူတွေကပြောပြကြပါတယ်။
ဒီလိုအသက်အသေခံ၊ဘ၀အနစ်မွန်းခံပြီးတော့ သေမထူးနေမထူးဘ၀နဲ့ ယဉ်ကျေးမှုမတူ၊ဘာသာစကားကွဲ
ပြားတဲ့ထိုင်းနိုင်ငံအတွင်းမှာအောက်ကျခြင်းများစွာ၊မျက်နှာငယ်ရခြင်းများစွာနဲ့ကျွန်ဇါတ်ကိုအသွင်းခံပြီးတော့ မြန်မာတွေအလုပ်လုပ်ကိုင်လာကြတာ ဆယ်စုနှစ်တွေ၂ခု ၃ခုတိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဗမာလို့ ပြောလိုက်တာနဲ့ တပြိုင်တည်း ထိုင်းတွေက အနိမ့်ဆုံးကျေးကျွန်တွေအဖြစ် အော်တိုသတ်မှတ်
လိုက်ပြီးဖြစ်ပါတယ်။ဗမာလို့ ပြောဖို့ ကို စိုရိမ်ထိတ်လန့် စရာဖြစ်နေပါတယ်။
မြန်မာပြည်မှာ ဒေါက်တာမတင်ဝင်း ရေးထားတဲ့ ငယ်နိုင် ထိုင်းနိုင်ငံကို ၀ါးရင်းတုတ်နဲ့ အချိန်မရွေး တက်
သိမ်းလို့ ရတဲ့အနေအထားမှာတော့မရှိတော့ဘူး။ (စကားချပ်ပါ)
မြန်မာ ရွေ့ ပြောင်းအလုပ်သမားတွေဟာဟိုတုန်းက အခင်အကျင်းနဲ့ နည်းလမ်းအသွယ်သွယ်သုံးပြီး ထိုင်းနိုင်ငံအတွင်းကို ၀င်ရောက်အလုပ်လုပ်ကိုင်နေခဲ့ကြပါတယ်။ ဒီလိုအတောမသတ်ဝင်ရောက်လာနေ
ကြတဲ့မြန်မာတွေကို အံ့သြတုန်လှုပ်ဖွယ်ရာတ၇ားဝင်လူကုန်ကူးမှုကြီးကကြိုဆိုနေပါတော့တယ်။ တရားမ၀င်
လူကုန်ကူးသူတွေက ယာယီပတ်စပို့ ကုမ္ပဏီထောင်ပြီး မြန်မာရွေ့ ပြောင်းအလုပ်သမားတွေကို အကြီး အကျယ်ဂုတ်သွေးစုတ်ကြပါတော့တယ်။
၂၀၀၃ခုနှစ်လောက်ကစပြီးတော့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအစိုးရက တ၇ားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)ကိုလုပ်ပေးခဲ့တယ်။ပျမ်းမျှကုန်ကျငွေ ၆၀၀၀ ခန့် ရှိပါတယ်။ဒီဘတ်လုပ်လိုက်တဲ့အတွက်မြန်မာအလုပ်သမားတွေလုပ်နေတဲ့နေရာမှာတော့အတိုင်းအတာ
တစ်ခုအထိအကာအကွယ်ရရှိတယ်လို့ပြောလို့ရပါတယ်။မြို့နယ်ကျော်ခွင့်လုံးဝမရပါဘူး၊ထိုင်းပုလိပ်
ွညစ်ပတ်မှုကတော့ကွင်းလုံးကျွတ်မသက်သာခဲ့ပါဘူး၊အကျိုးအမြတ်ကတော့ထိုင်းအစိုးရအများကြီးရရှိ
သွားခဲ့ပါတယ်။သူတို့ ပြောစရာတော့ရှိပါတယ်။ ဘတ်၃၀ နဲ့ ဆေးဝါးကုသလို့ ၇တယ်လို့ လေ။ဒါပေမယ့်ဗျာ ဈေးထဲကဆေးဆိုင်မှာဝယ်လို့၇တဲ့ဘတ်၃၀နဲတန်ဘိုးညီတဲ့ဆေးလောက်ကိုပဲရရှိတာပါ။နှာစေး၊ခြောင်း
ဆိုးလောက်ပါ။ ခွဲစိတ်ကုသလို့ ဆေး၇ုံးတက်လို့ ကတော့ ကျသလောက်ရှင်းရပါတယ်။
နေထိုင်အလုပ် လုပ်ကိုင်ခွင့်(ဘတ်)ကတည်းက အပြင်သူဌေး(ပွဲစား)လုပ်ငန်းက အကြီးအကျယ်ဖွံ့ ထွား
ခဲ့ပြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ထိုင်းလုပ်ငန်းရှင်ကြီးတွေ၊သူဌေးတွေဟာ အလုပ်သမား ဘတ်
ကိစ္စအတွက်၊ဆေး၇ုံနဲ့ ၇ုံးတွေကိုမသွားချင်ကြပါဘူး၊ ပွဲစားလက်ထဲကိုပဲအပ်လိုက်တာများပါတယ်။ အချို့ 
လုပ်ငန်းရှင်တွေက မန်နေဂျာတွေကို တစ်ဆင့်လုပ်ခိုင်းပါတယ်။
ဘန်ကောက်ကဖိနပ်ရုံတစ်ခုမှာဆိုရင် အလုပ်ရှင်နဲ့ နယ်မြေခံပုလိပ်နဲ့ ပေါင်းပြီး ဘတ်အတုတောင်လုပ်
ပေးခဲ့တာရှိပါတယ်။တစ်ယောက်ကိုဘတ်၆၀၀၀စီ၊အလုပ်သမား ၅၀ ၀န်းကျင်အားလုံးဆုံးရှုံးကြပါတယ်။ ခြုံပြောရရင်မြန်မာအလုပ်သမားတွေရဲ့အားနည်းချက်အပေါ်မှာထပ်မံပြီးတော့အမြတ်ထုတ်ခံနေရတာပါ။
နောက်တစ်ခုကထိုင်းကိုမြန်မာတွေစလာတုန်းကာလကလိုအလုပ်အကိုင်ရှာဖွေတာတွေကိုနီးစပ်ရာရှာပေး
တာမျိုးတွေနည်းပါးလာပြီးတော့ထိုင်းစကားကျွမ်းကျင်သူတွေကအလုပ်ရုံတွေကမန်နေဂျာလို့ ဝဏ္ဏ(အလုပ်သမားကြီကြပ်သူ)တိုတွေနဲပေါင်းပြီးအလုပ်သွင်းပေးခဘတ်၅၀၀မျိုး၊ဘတ်၁၀၀၀မျိုးပေးပေး
မှအလုပ်သွင်းပေးတာမျိုးလည်းအထူးတွင်ကျယ်နေပါတယ်။ဗမာအလုပ်သမားအချင်းချင်းလုပ်စားနေသူတွေ
အလုပ်ရုံတိုင်းမှာရှိနေပါပြီ။ခုနောက်ဆုံးပေါ်လူကုန်ကူးမှု၊ခေါင်းပုံဖြတ်မှုတစ်ခုကအတော့်ကိုထုထယ်ကြီးမားပြီး
တော့ကျယ်ပြန့် နေပါတယ်။
နှစ်နိုင်ငံအစိုးရရဲ့ သဘောတူညီချက်အရ ယာယီပတ်စပို့ လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၀၉ မှာစတင်အကောင်
အထည်ဖေါ်နေကြပါတယ်။ ထုံစံအတိုင်း အလုပ်သမားတွေကအစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမယ့်
ပွဲစားကုမ္ပဏီတွေကမြန်မာပွဲစားတွေရဲ့ မက်လုံးစကားတွေဖြစ်တဲ့(လွတ်လွတ်လပ်လပ်သွားလို့ နေလို့ ရ
တယ်၊ထိုင်းအလုပ်သမားတွေနဲ့ အခွင့်အရေးအတူတူ၇မယ်၊ဗမာပြည်ကိုပြန်လို့ ရတယ်၊ပြန်တက်လာလို့ 
ရတယ်၊၂နှစ်အတွက်ဘာမှပူစရာမလို ဘူး)ထိုင်းလုပ်ငန်းရှင်တွေကလည်း သူတို့ ကုန်ကျမှာမဟုတ်တဲ့
အတွက်အလုပ်သမားတွေကိုမဖြစ်မနေလုပ်ရမယ်ဆိုပြီးဖိအားပေးပါတယ်။ပွဲစားကုမ္ပဏီတွေကလည်း
သူတို့ ဘယ်လောက်မြန်မြန်လုပ်ပေးမယ်ဆိုတဲ့အကြောင်း မန်နေဂျာတွေကိုလာဘ်ထိုးပေါင်းသင်းပြီး
သူတို့ ဆီမှာလုပ်စေပါတယ်။ထိုင်းအစိုးရနဲ့ ထိုင်းပုလိပ်တွေကလည်းအကျပ်ကိုင်လာတော့ မြန်မာအလုပ် သမားတွေ မဖြစ်မနေလုပ်ကြရပါတော့တယ်။
အစကယဉ်သကို ဆိုတဲ့အတိုင်း ယာယီပတ်စပို့ လုပ်မယ့်အလုပ်သမားတစ်ယောက်မှာ အယင်လုပ်ထား
တဲ့ဘတ်ရှိရမယ်။(လုပ်ငန်းရှင်သူဌေးရှိရမယ်) ဆိုတော့ အဲဒီဘတ်ကိုလုပ်ကတည်းက မြန်မာအလုပ်သမား
တွေဟာ ဘတ်၆၀၀၀ကနေ ၈၀၀၀ လောက်ကုန်ကျပြီးဖြစ်ပါတယ်၊ပြီးတော့ ယာယီပတ်စပို့ လုပ်တာ ခုမှ ဘတ် ငါးထောင်ခြောက်ထောင်ပြောပေမယ့် ပျှမ်းမျှဘတ်တစ်သောင်းဝန်းကျင်မှာကုန်ကျပါတယ်။ ပြီးတော့ work permit လုပ်ခ ဘတ်၁၉၀၀ ကနေဘတ်ငွေ ၁၆၀၀ အတွင်းထပ်မံကုန်ပါတယ်။(ဘတ်ကနေ work permit အထိဆိုရင် ဘတ်ငွေနှစ်သောင်းဝန်းကျင်အထိ အလုပ်သမားတစ်ဦးချင်းစီကုန်ကျနေပါတယ်။ ဒီငွေကြေးကိန်းကဏန်းတွေဟာထိုင်းမှာအလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေအထွက်အထူးများပြားတဲ့ငွေကြေးတွေဖြစ်ပါတယ်။မြန်မာအလုပ်သမားတွေ အတိုးတွေနဲ့ ချေးပြီးလုပ်ကိုင်ကြရတာများကြပါတယ်။ မြန်မာပြည်ပြန်လည်းလုပ်စားစရာမရှိကြတာကြောင့်၊မထူးဘူးဆိုပြီးထိုင်းမှာရှိတဲ့အလုပ်သမားအများစုကလုပ်ကိုင်ကြရပါတယ်။ ပတ်စပို့ မလုပ်ခင်တုန်းက လွတ်လွတ်လပ်လပ်သွားလာလို့ ရတယ်လို့ ပြောခဲ့ကြပေ မယ့် တကယ်လက်တွေ့ မှာ မဲဆောက်ကိုသွားရင်တောင် ဘတ်၁၀၀၀ ကနေ ဘတ်၁၅၀၀ အထိ ပေးနေရ ပြီးဖြစ်ပါတယ်။ပတ်စပို့ တွေရဲ့  နိုင်ငံတကာ စည်းကမ်းစည်းမျဉ်းအရ(re-entry) တံဆိပ်
တုံးထုရတယ်ဆိုတာက နိုင်ငံအပြင်ဖက်ကိုထွက်သွားမှ ပြန်လည်ပြည်ဝင်ခွင့်ဗီဇာအနေနဲ့ (re-entry)ထု
ဘတ်ငွေ၁၀၀၀ ပေးရတာပါ။ ၂နှစ်ဗီဇာသက်တမ်းအတွင်းအချိန်မရွေးသွားလာနိုင်ဖို့ ထိုင်းလ၀ကကို ဘတ်ငွေ၃၈၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ (multiple re-entry) လို့ ခေါ်ပါတယ်။ဒီလုပ်ထုံး လုပ်နည်း တွေကိုမြန်မာအလုပ်သမားတွေလုံးဝမသိခဲ့တာအမှန်ပါ။ခုဟာကမဲဆောက်သွားလည်းပေးရ၊ချင်းမိုင်သွားလည်းပေးရ၊ဆိုတော့၊ပတ်စပို့ လုပ်ထားပြီးတော့ထိုင်းနိုင်ငံအတွင်းမှာတောင်လွတ်လွတ်လပ်လပ်သွားလာလို့ မရဘူးလား။အဲဒီယာယီပတ်စပို့ လုပ်ငန်းစဉ်ဟာနှစ်နိုင်ငံအစိုးရက၊ဘာအတွက်လုပ်တာလဲ၊မေးရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာလာရောက်အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားအရေးအတွက်အများစုဟာ ကျေးလက်တောရွာကလာကြတဲ့ပညာမတတ်ကြတဲ့လူတွေများပါတယ်။ဝါးအိမ်နဲ့ နေလာခဲ့တဲ့သူက၊မြို့ ပြကတိုက်အိမ်တွေမှာချက်ချင်းကြီးအသားကျဖို့ ခက်မှာဖြစ်သလိုယာယီပတ်စပို့ ဆိုတာဒီလူတွေနဲ့ သိပ်တော့အဆင်မပြေသေးဘူးလို့ ထင်ပါတယ်။တစ်နေ့ ကိုဘတ်တစ်ရာကျော်ဝင်ငွေရှိတဲ့မြန်မာအလုပ်သမားတွေဟာဝင်ငွေကောင်းတဲ့လူတွေမဟုတ်ကြတာတော့သေချာပါတယ်။ ထိုင်းမှာနေထိုင်စားသောက်စရိတ်တွေကကြီးမြင့်တာကြောင့်အလုပ်သမားတွေဟာနေရပ်ရင်းကိုလစဉ်ကျပ်ငွေတစ်သိန်းတောင်ပုံမှန်မပို့ နိုင်ကြပါဘူး၊ မြန်မာအလုပ်သမားတွေ။အသက်နဲ့ ၊ဘ၀နဲ့ ရင်းပြီးတော့မှ ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီးမှ ရရှိလာတဲ့ လုပ်ခအားငွေနည်းနည်းကိုထိုင်းအစိုးရနဲ့ ဒီပွဲစားကုမ္ပဏီတွေ အ မြတ်အစွန်းရစေတာတစ်ခုကလွဲရင်မြန်မာအလုပ်သမားတွေအတွက်ကျွန်သက်ရှည်ရေးစီမံကိန်းတစ်ခုသာ
ဖြစ်တယ်လို့ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာစက်ရုံကမြန်မာအလုပ်သမားတွေကပြောကြပါတယ်။
မြန်မာအလုပ်သမားတွေထောင်ချီရှိတဲ့မဟာချိုင်ကငါးပုဇွန်ကုမ္ပဏီတစ်ခုမှာပြီးခဲ့တဲ့လေးလလောက်ကတည်း က ၀င်ငွေ၇ဲ့ ၅ ရာခိုင်နုန်းကို ဖြတ်တောက်နေပြီးဖြစ်ပါတယ်။နှစ်နှစ်စာသွားချင်သလိုသွားလို့ ရအောင် ဘတ်ငွေ၃၈၀၀ ပေးသွင်းရမှာဖြစ်ပြီးတော့ မဲဆောက်နဲ့ မြန်မာပြည်ကိုပြန်ရင် ဘတ်၁၀၀၀
ပေး၇မယ်လို့ စာကပ်ထားပါတယ်။ပေးလည်းပေးနေရပြီဖြစ်ပါတယ်။မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အသက်အာမခံကော်ပိုရေးရှင်းထူးထောင်ခွင့်ပြုမယ်ဆိုတဲ့ သတင်းကိုစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။
အချို့ ကပတ်စပို့ ရှိတော့ထိုင်းအလုပ်သမားတွေနဲ့ တန်းတူအခွင့်အရေးရမယ်ဘာညာပေါ့လေ။ဘယ်မြို့ ဘယ်ရွာ၊ဘယ်လုပ်ငန်းခွင်မှာများ ဘယ်ပြဿနာတွေမှာများ မြန်မာအလုပ်သမားတွေတန်းတူအခွင့် အရေးရတယ်ဆိုတာလေးရှိရင် အတိအကျပြောပြပေးကြပါလို့ ပြောချင်ပါတယ်။ထိုင်းနိုင်ငံအတွင်းမှာ
မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို၊ထိထိရောက်ရောက်၊တကယ့်ကိုကူညီပေးတဲ့အဖွဲ့များရှိရင်လည်း
နဲနဲဖြစ်ဖြစ်သက်သာနိုင်ပါတယ်။
အကြီးစား ပွဲစား(လူကုန်ကူးသူတွေ)က မဲဆောက်၊ဘန်ကောက်၊မဟာချိုင်၊ ဖူးခက် နဲ့ရနောင်းလို နေရာ တွေမှာကုမ္ပဏီဖွင့်ပြီးတော့မြန်မာအလုပ်သမားတွေအတွက်ယာယီပတ်စပို့ လုပ်ငန်းလုပ်ကိုင်ကြပါတယ်။ဒီမြို့ တွေအားလုံးမှာ လိမ်လည်မှုတွေရှိနေတယ်လို့ အလိမ်ခံနေရသူတွေကပြောပြကြပါတယ်။
မဲဆောက်မြို့ မှာ ပွဲစားအုပ်စု ၄စုက မဲဆောက်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ နေ့စဉ်ထွက်လာနေတဲ့
မြန်မာအလုပ်သမားတွေကိုဗမာပြည်မှတ်ပုံတင်ပြနိုင်ရင်ယာယီပတ်စပို့ လုပ်ပေးမယ်၊ဘန်ကောက်နဲ့မဟာချိုင်အပါအ၀င်အခြားမြို့ တွေမှာ တစ်နေ့ ကို ဘတ်၁၈၀ ကနေ ဘတ်၂၀၀ အထက်မှာရမယ်၊အချိန်ပိုတစ်နာရီ ဘတ်၃၀ရမယ်ဆိုတော့မဲဆောက်မှာရနေတာထက်သုံးလေးဆကွာနေတော့သိပ်များများစည်းရုံးစရာမလိုဘူးလို့ ဆိုပါတယ်။ မဲဆောက်ကမြန်မာအလုပ်သမားတွေကလည်းအိပ်စိုက်ပိုက်ဆံလည်းမကုန်ဘူး၊ထိုင်းနိုင်ငံအတွင်းကိုလည်းရောက်မယ်၊ပတ်စပို့ လည်းကိုင်ရမယ်ဆိုတော့၊ပတ်စပို့ လုပ်ကြတဲ့လူတွေပေါချင်တိုင်းပေါနေတယ်လို့ သိရပါတယ်။မဲဆောက်မြို့ ကပွဲစားတွေကမြ၀တီဘက်ကမြန်မာဝန်ထမ်းတွေနဲ့ ညှိပြီယာယီပတ်စပို့ တွေလုပ်ပေးပါတယ်။ အဲဒီလိုယာယီပတ်စပို့ လုပ်ထားလို့ ရဖို့ သေချာတဲ့ရာထောင်ချီရှိတဲ့ အလုပ်သမားတွေကို အလုပ်ရုံတွေအပါအ၀င် ပွဲစားမိသားစုအိမ်တွေဆီမှာခွဲပြီးထားကြပါတယ်။ မဲဆောက်ကနာမည်ကြီး ပွဲစားတစ်ယောက် ဟတ်ယိုင်မြို့ ကငါးသေတ္တာအလုပ်ရုံတစ်၇ုံသို့ မြန်မာအလုပ်သမား ၅၀၀၀ ကိုတစ်ဦးစီ
ဘတ်၁၆၀၀၀ နုန်းနဲ့ ရောင်းချပြီးဖြစ်ပါတယ်။ အဲဒီအလုပ်ရုံမှာပြီးခဲ့တဲ့၎ရက်က အမျိုးသမီးငယ်တစ်ယောက်
အမျိုးသမီးသဘာဝထိန်ချန်လို့  မနက်ကတည်းက မန်နေဂျာတွေကိုဆေး၇ုံသွားဖို့ အသိပေးခဲ့ပေမယ့်ညနေ
၃နာရီလောက်မှာ လူနာ သတိမေ့ သွားမှ ဆေး၇ုံကိုပို့ ဆောင်ပေးခဲ့ပါတယ်။ အဲဒီစက်ရုံဟာ မြို့ နဲ့အလှမ်း
ဝေးပြီးတော့ ထိုင်းလူမိုက်တွေ၊ထိုင်းရဲတွေ အမြဲစောင့်ကြပ်နေတာကြောင့် ထောင်ကျနေသလို ခံစားရတယ်
လို့ အလုပ်သမားတွေကပြောပါတယ်၊ အလုပ်သမားတွေကို တစ်လ ဘတ်၂၀၀၀ စီဖြတ်တောက်ပြီး ၈လ
လုပ်ပြီးတဲ့အခါ ပတ်စပို့ ကိုကိုင်ပြီး ထိုင်းနိုင်ငံအတွင်းကြိုက်တဲ့ နေ၇ာမှာအလုပ်လုပ်လို့ ၇တယ်လို့ 
မဲဆောက်ကပွဲစားကြီးတွေပြောတဲ့စကားဟာ အဲဒီစက်ရုံရောက်တော့လုံးဝမဟုတ်ဘူးလို့ ပြောကြပါတယ်။
မန်နေဂျာတို့ အလုပ်ရှင်တို့ က အဆိုပါ ယာယီပတ်စပို့ တွေဟာ အဲဒီစက်ရုံအတွက်သာလုပ်ပေးတာဖြစ်လို့ 
အခြားကို ပြောင်းမပေးဘူးလို့ အလုပ်သမားတွေကိုပြောတယ်လို့ ဆိုပါတယ်။ထိုင်းနိုင်ငံနဲ့ မလေးရှားနယ်
စပ်မှာရှိတဲ့ အဆိုပါအလုပ်ရုံက မြန်မာအလုပ်သမားတွေဟာ ၊စိတ်ဖိစီးမှုတွေကြောင့် စိတ်ဓါတ်တွေကျ
ဆင်းပြီးတော့ အရက်တွေတော်တော်သောက်နေကြတယ်လို့ လည်းသိရပါတယ်။
ဒီမဲဆောက်ပွဲစားကြီးကပဲ ကမ္ဘောဒီယားနယ်စပ်မှာရှိတဲ့ပိုက်လုပ်ငန်းတွေကိုလည်းပို့ဆောင်ပါတယ်။ သူ့ဆီ မှာ၎လလောက်စါရေးအဖြစ်လုပ်ကိုင်ခဲ့တဲ့မြန်မာခေတ်ပညာတတ်လူငယ်တစ်ယောက်က၂၀၀၉စက်တင်
ဘာကနေဒီဇင်ဘာလအထိသူလုပ်ခဲ့တဲ့အချိန်အတောအတွင်းအဲဒီပွဲစားကြီးဟာလူနှစ်သောင်းလောက်
်ထိုင်းနိုင်ငံအတွင်းကိုပို့ ဆောင်လိုက်ပြီးဖြစ်တယ်လိုပြောပါတယ်။ဒီလူဟာဘန်ကောက်အပါအ၀င်အခြားနေရာ
တွေမှာရှိတဲ့ယာယီပတ်စပို့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ရှိပြီးတော့ကြီးကြီးမားမားလုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။မဲဆောက်က၃နေရာလောက်မှာလူတစ်ထောင်ဝန်ကျင်လောက်စုပြီးတော့၊ဘန်ကောက်ကိုတက်ဖို
့သူဌေးမျှော်နေတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့ ၊မဟာချိုင်၊ဖူးခက်နဲ့ ရနောင်းတို့ မှာ များစွာသောအလုပ်သမားတွေကို ပတ်စပို့ လုပ်ပေးမယ်
ဆိုပြီး ငွေကြေးတွေလိမ်ထားခံရတာတွေရှိပါတယ်။ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် တစ်ခုဟာ မြန်မာ
အလုပ်သမားတွေအတွက် မရှိမဖြစ်လုပ်ရမှာဖြစ်တာကြောင့်လုပ်ကြတာပါ။ ဒီအခါမှာ ပတ်စပို့ 
ကုမ္ပဏီတွေက ပေးထားတဲ့ ထိုင်းမြန်မာအလံတွေ၊တံဆိပ်တွေ ပါတဲ့ အကျီတွေကို ၀တ်ပြီး တာဝန်ယူတယ်
တာဝန်ခံတယ်ဆိုတဲ့ မြန်မာပွဲစားအချို့ တွေဟာ ဖေါင်တွေဖြည့်ခိုင်းပြီးဓါတ်ပုံ၇ိုက်ခ၊အစရှိသဖြင့် စရံတောင်း
ယူပြီးတော့ လစ်သွားတာတွေရှိပါတယ်။ဖုန်းကဒ်လဲလိုက်တာတွေ၊ဖုန်းဆက်လို့ ဝင်ပြန်တော့လည်းလမ်းမှာ၊
အစည်းဝေးမှာ၊ဘာဖြစ်လို့ အစရှိသဖြင့် ပေါ်ပေါ်တင်တင်လိမ်လည်လှည့်ဖြားနေကြပါတယ်။
မဲဆောက်ကအလုပ်သမားအရေးဆောင်ရွက်နေတဲ့လူငယ်တစ်ဦးက၊တရားမ၀င်လူကုန်မှုကိုတရားဝင်လူကုန်ကူး
မှုဖြစ်အောင်လုပ်နေတာဖြစ်တယ်။မဲဆောက်မှာ လူလေးငါးခြောက်ရာကို ယာယီပတ်စပို့ လုပ်ပြီး စောင့် နေတာ၊ထိုင်းလုပ်ငန်းရှင်တွေကမှာရင်ပို့ပေးတယ်၊ဒါမှမဟုတ်ဒီကပွဲစားတွေကအလုပ်ရုံတွေကိုရှာတယ်၊ပြီးတော့
ရောင်းချပါတယ်။အလုပ်သမား(ကျွန်)အရောင်းအ၀ယ်ကိုတ၇ားဝင်လိုလုပ်နေကြပါတယ်။နောက်ပုံစံတစ်မျိုးက
ထိုင်းနိုင်ငံအတွင်းတစ်နေရာရာကအလုပ်ရုံတစ်ခုကမဲဆောက်ကပွဲစားတစ်ယောက်ကို လူလိုအပ်သ လောက်
ကိုငွေပို့ ပေးတယ်။ ပတ်စပို့ လုပ်တာ ဟိုဘက် ဒီဘက်ပေး၊ပွင့်ပွင့်လင်းလင်းပြောရရင်မြ၀တီဖက်မှာ
စစ်ဗိုလ်လူထွက်တစ်ချို့ နဲ့ မဲဆောက်ဘက်ကထိုင်းစကားကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့ကုလားပွဲစားတွေ
ပေါင်းလုပ်နေတာဖြစ်တယ်လို့ အဲဒီအလုပ်သမားအေ၇းလုပ်ကိုင်တဲ့မဲဆောက်ကလူငယ်ကပြောပါတယ်။
ယာယီပတ်စပို့ လုပ်ထားတဲ့အလုပ်ရုံတွေမှာရှိတဲ့မြန်မာအလုပ်သမားတွေ၇ဲ့ အနေအထားတွေဘယ်လိုရှိသလဲ၊ကုမ္ပဏီတွေလုပ်နေတာတွေကေ၇ာ။မှန်မှန်ကန်ကန်လုပ်နေတာဟုတ်ရဲ့ လား၊ငွေကြေးအလိမ်ခံထား၇တဲ့ထောင်ချီရှိတဲ့မြန်မာအလုပ်သမားတွေရဲ့ နာဆုံးရှုံးမှုတွေကိုဘယ်လိုလုပ်ကြမလဲဟိုတုန်းက(ဘတ်)လုပ်ငန်းကပွဲစားတွေအနည်းငယ်အကျိုးရှိခဲ့ပေမယ့်
ခုလုပ်နေတဲ့ယာယီပတ်စပို့ လုပ်ငန်းကတော့ဧ၇ာမလူကုန်ကူးတဲ့လုပ်ငန်းဖြစ်နေတယ်လို့ အဆိုပါလူငယ်ကသုံးသပ်ပါတယ်။ဒီလိုအမှန်တ၇ားကိုဖေါ်ထုတ်စစ်ဆေးတဲ့လုပ်ငန်းကိုထိုင်းအစိုးရထက
်မြန်မာအစိုးရကပိုမိုအလေးထားဖို့ လိုပါတယ်။မိမိတိုင်းပြည်တွင်းသို့ ဝင်ငွေတွေရှာဖွေပေးပို့ နေတဲ့၊သန်းချီရှိတဲ့အလုပ်သမားထုကြီးအင်အားကိုအရေးတယူလုပ်ပေးသင့်ပါတယ်။လူကုန်ကူးမှုတွေက
ိုကျနော်တို့လိုအလုပ်သမားအဖွဲ့တွေအနေနဲ့ဘယ်လိုမှအရေးမယူနိုင်တာကြောင့်ထိုင်းအာဏာပိုင်တွေဟာ
ထိထိရောက်ရောက်လုပ်သင့်တယ်လို့ ပြောပါတယ်။
ယာယီပတ်စပို့ လက်ဝယ်ရှိနေတဲ့လူတွေ၊သူတို့ သတ်မှတ်ထားတဲ့စံချိန်စံညွှန်းအတိုင်းလုပ်အားခရကြရဲ့လား။
သွားလာလို့ ကောရကြရဲ့ လား၊အစရှိသဖြင့်မြန်မာအစိုးရဟာထိုင်းနဲ့ ပူးပေါင်းပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ
့တွေဖွဲ့ ပြီးတော့စစ်ဆေးရေးလုပ်ငန်းတွေကိုတစ်လတစ်ကြိမ်လုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့ တစ်ခုက အမျိုးသမီးတစ်ဦးက ယာယီပတ်
စပို့ ကလုပ်သင့်တဲ့အလုပ်တော့ဟုတ်တယ်။ဒါပေမယ့် ကုန်ကျစရိတ်တအားများတယ်။ နောက်ပြီး နိုင်ငံတကာ
စံချိန်စံညွှန်းအတိုင်း လုပ်ကိုင်ရတာတွေကို အလုပ်သမားတွေ မလုပ်နိုင်ကြ ဘူးလေ။
မြန်မာအလုပ်သမားတွေဟာပညာသည်အဆင့်အလုပ်သမားတွေမဟုတ်ပဲ၊နိုင်ငံတကာပတ်စပို့ စည်းကမ်းအတိုင်းပေးသွင်းရအောင်။ကျမတို့ မြန်မာအလုပ်သမားတွေနိုင်ငံတကာအလုပ်သမားလုပ်အားခရကြ
လို့ လား။အလုပ်ကြ မ်းသမားတွေသာဖြစ်ပါတယ်။ ဒီလူတွေဆီက ဒီအတိုင်းသာ ကျသမျှကောက်ခံနေမယ်။
ဆိုရင် မြန်မာအလုပ်သမားတွေလုပ်သမျှပိတ်ဆံတွေမြန်မာနိုင်ငံကိုပြန်မပို့ နိုင်တော့ပဲထိုင်းမှာရှာပြီး၊ထိုင်းမှာကုန်ကျရတော့မယ့်အခြေအနေဖြစ်နေပါတယ်။၃လတစ်ကြိမ်တုံးထုတာကအစ၊
ပွဲစားပေါ်နေပြီ၊မြန်မာအလုပ်သမားတွေအတွက်အသက်သာဆုံးနဲ့အလွယ်ကူဆုံးနေထိုင်အလုပ်လုပ်ကိုင်ခွင့်ဖြစ
်သင့်တယ်လို့ ဆိုပါတယ်။
အလုပ်မျိုးစုံ၊ဒေသအစုံမှာအလုပ်လုပ်နေတဲ့ရွေ့ပြောင်း မြန်မာအလုပ်သမားတွေ၇ဲ့ လုပ်အားခချွေးနှဲစာတွေ
ကို ပွဲစားလို့ ခေါ်တဲ့ လူကုန်ကူးသူတွေနဲ့ ထိုင်းအာဏာပိုင်အချို့ တွေ မတရားဂုတ်သွေးစုတ်နေကြတာကို
လုံးဝရပ်တန့် သွားအောင်အကောင်အထည်ဖေါ်ကြဖို့ လိုပါတယ်။မြန်မာအစိုးရနဲ့ ထိုင်းအစိုးတွေအပါပင်၊နာမည်ခံထားပြီး(ပညာပေး၊သတင်းမေးသာလုပ်နေတဲ့)လူကုန်ကူမှုတိုက်ဖျက်ရေးအဖွဲ့ တွေ။ဗမာအလုပ်သမားအရေးလုပ်နေတယ်လို့ မီဒီယာတွေမှာအာလူးဖုတ်နေတဲ့ အဲယားကွန်းအခန်းထဲက
ကွန်ပျူတာနဲအလုပ်ရှုပ်နေကျဖြစ်တဲ့အမည်ခံ(ဘောဘီဘော)အဖွဲ့အစည်းကြီးကြီးတွေ၊ပူးပေါင်းပြီးဆောင်ရွက်
်ကြမယ်ဆိုရင်အတိုင်းအတာတခုအထိမြန်မာအလုပ်သမားတွေသက်သာရာရရှိနိုင်တယ်လို့ထင်ပါတယ်။
ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ကိုင်ခွင့်(ဘတ်နဲ့ ယာယီပတ်စပို့ )တို့ ဟာလူကုန်ကူမှုအက်စစ်ပင်လယ်
ပြင်ဖြစ်ပြီး၊သန်းချီရှိတဲ့မြန်မာအလုပ်သမားတွေကတော့အသွေးအသားတွေတစ်စစကုန်ခန်းကြေမွပြီးတော
့အရိုးရုပ်ကြွင်းသာကျန်မှာဖြစ်ပါတယ်။မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခထဲကရာခိုင်နုန်းအတော်များများတို့ ကို(၁)ထိုင်းလုပ်ငန်းရှင်(၂)ထိုင်းအစိုးရ(၃)ထိုင်းပုလိပ်(၄)လူကုန်ကူးသူများ(ပွဲစား)နဲ့ (၅)ထိုင်းလမ်းသရဲ
တွေ အဓမ္မနည်းတွေနဲ့  အကြောင်းအမျိုးမျိုး၊ခေါင်းစဉ်အသွယ်သွယ်နဲ့ ယူငင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့မြန်မာအလုပ်သမားတွေကိုမြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ကလုံလောက်တဲ့ကာကွယ်စောင့်ရှောက်မှုတွေမပေးတဲ့အပြင်၊ထိုင်းနဲ့မြန်မာလူကုန်ကူးသူတွေက၊ထိုင်းအာဏာ
ပိုင်တွေနဲ့ ပေါင်းပြီးတော့တရားဝင်လူကုန်ကူးမှုကိုကုမ္ပဏီဖွင့်ပြီးအကြီးအကျယ်လုပ်နေကြတာကြောင့်ဖြစ်ပါတယ်
ခင်ဗျာ။

(ထိုင်းနိုင်ငံအတွင်းအကာအကွယ်မဲ့တဲ့မြန်မာရွေ့ ပြောင်းအလုပ်သမားဘ၀ကမြန်မြန်လွတ်မြောက်ကြပါစေ)

**ကျော်သောင်း **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)