ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, June 14, 2010

ဘောလုံးနိုင်ငံရေး

> ၁၉၆၀ ပြည့်နှစ်တွေတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ သမားရိုးကျမဟုတ်တဲ့ အခြေအနေမှန်တစ်ခုက စရပါမယ်။ အဲဒီတုန်းက နိုင်ငံရေး လှုပ်ရှားသူတွေဟာ လူမည်းတွေချည်းပဲပါတဲ့။ ဘေ့စ်ဘောလိဂ်တွေ ထောင်ခဲ့ကြတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတက ဂျက်ကီရော်ဘင်ဆင်၊ ဒုတိယသမ္မတက စတေချယ်ပေ့ဂ်ျ၊ နိုင်ငံခြားရေးဝန်ကြီးက ၀ီလီမေ။ (အားလုံးလူဖြူတွေ)။
အပေါ်ကစာထဲက ဘေ့စ်ဘောနေရာမှာ ဘောလုံးနဲ့အစားထိုး ကြည့်ပါ။ခေါင်းဆောင်တွေနေရာမှာ တောင်အာဖရိကလူဖြူခေါင်းဆောင်တွေကို အစားထိုးကြည့်ပါ။အဲဒါဆို တောင်အာဖရိကအခြေအနေကို မြင်လို့ရပြီ။ တောင်အာဖရိကဟာ ဘော လုံးနိုင်ငံရေး Political football ဆိုတဲ့ ဝေါဟာရအတွက် အဓိပ္ပာယ်သစ်ကို ဖော်ဆောင်ပေးခဲ့တဲ့ နိုင်ငံပါ။ (Political Football ရဲ့ မူရင်းအဓိပ္ပာယ်က အမေရိကန်ဘောလုံးကစားနည်းက လာတာဖြစ်ပြီး ဆက်လက်ဆွေး နွေးငြင်းခုံနေကြပေမဲ့ အဖြေရှာမရနိုင်သေးတဲ့ ကိစ္စလို့ အဓိပ္ပာယ်ရပါတယ်။တောင်အာဖရိက ဖော်ဆောင်ပေးခဲ့တဲ့ အနက်ကတော့ မတူကွဲပြားခြားနားပါတယ်။)

၁၉၉၅ တောင်အာဖရိကရဲ့ ရက်ဂ်ဘီကမ္ဘာ့ဖလားအောင်ပွဲမှာ အဲဒီတုန်းကသမ္မတ နဲလ်ဆင်မင်န်ဒဲလားရဲ့ အခန်းကဏ္ဍဟာ အထူးပဲအာရုံစိုက်ခံခဲ့ရတဲ့ ကိစ္စပါ။ Invictus ဆိုပြီးတော့ ရုပ်ရှင်တောင် ရိုက်ခဲ့ပါသေးတယ်။ ကိပ်တောင်းဇာတိသမိုင်း ပညာရှင်နဲ့ စာရေးဆရာ ရှောင်ဂျက်ကော့ဘ်ကတော့ ဒီပြိုင်ပွဲဟာ နိုင်ငံ့လူမျိုးရေးပဋိပက္ခမှာ ပုံမှန်အခြေအနေကခွဲထွက်ပြီး ထင်ရှားခဲ့အခိုက်အတန့်ကာလပဲလို့ သုံးသပ်ပါတယ်။တကယ့်ဇာတ်လမ်းက 'ဘောလုံး' ပဲလို့ဆိုပါတယ်။ တကယ့်ဇာတ်လမ်းက ကျွန်တော်တို့တစ်တွေ အပါအ၀င် ကမ္ဘာပေါ်က လူသန်းထောင်ချီကြည့်နေကြတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပရာ ကိပ်တောင်းက ဘောလုံးကွင်းကြီးနဲ့ မိုင်တော်တော်ဝေးတဲ့နေရာမှာရှိတဲ့ ရော်ဘင်ကျွန်းက စခဲ့တာ။
လူဖြူလူမဲ ခွဲခြားတဲ့ ခေတ်ကာလတုန်းက တောင်အာဖရိကနိုင်ငံရေး အကျဉ်းသားထောင်ပေါင်းများစွာရဲ့ အိုးအိမ်ဖြစ်ခဲ့တဲ့ အကျဉ်းထောင်ကြီးရှိရာ ကျွန်းကလေးပေါ့။
အကျဉ်းထောင်ရဲ့ ဘောလုံးလိဂ်မှာ ကစားခဲ့ကြတဲ့သူတွေဟာ ဒီနေ့ခေတ် လူမျိုးရေးခွဲခြားမှုခေတ်လွန် တောင်အာဖရိကကို ပုံဖော်နေကြတဲ့ သူတွေလို့ဆိုရင် အံ့အားသင့်စရာ ကောင်းနေမလားပဲ။ ဒီအထဲမှာ လက်ရှိသမ္မတ ဂျက်ကော့ဘ်ဇူးမား၊ အတိုက်အခံခေါင်းဆောင်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း လီကိုတာ၊ အိုးအိမ်ဝန်ကြီး ဆက်စ်ဝေးလ်၊ သမ္မတဟောင်း သာဘိုအမ်ဘီကီရဲ့ နောက်ဆုံးသက်တမ်းကို ယာယီထမ်းဆောင်ခွင့်ရခဲ့တဲ့ မို့လန်သေးစတဲ့သူတွေ ပါပါတယ်။ မင်ဒဲလားကတော့ ဘောလုံးဝင်မကန်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့မြင်ကွင်းကိုကာသွားတဲ့ နံရံကြီးကို အာဏာပိုင်တွေက မဆောက်ခင်အချိန်အထိတော့ သံတိုင်နောက်ကွယ်ကနေ အားပေးနေကျ ပရိသတ်စစ်စစ် ဖြစ်ခဲ့ဖူးပါတယ်။ ဇူးမားကတော့ ကစားသမားရော၊ ဒိုင်လူကြီးပါ နှစ် မျိုးရတဲ့သူပါ။ နောင်အခါ သမ္မတဖြစ်လာမဲ့သူဟာ ဒီတစ်ပတ်ဝင်ကစား၊ နောင်တစ်ပတ်ဒိုင်လူကြီး လုပ်ရပါတယ်။

Chuck Korr နဲ့ Marvin Close တို့ရေးတဲ့ More Than Just a Game စာအုပ်ထဲမှာတော့ ရော်ဘင်ကျွန်းက အကျဉ်းသားတွေ ထောင်စာကြည့်တိုက်က အငှားဆုံးစာအုပ်နှစ်အုပ်အကြောင်း ရေးဖူးပါတယ်။အဲဒီနှစ်အုပ်က ကားလ်မက်စ်ရဲ့ အရင်းကျမ်း (Karl Marx's Das Kapital)နဲ့ ဒင်းနစ်ဟိုဝဲလ်ရဲ့ ဘောလုံးပွဲစီမံခန့်ခွဲနည်း စာအုပ် (Danis Howell's Soccer Refereeing) တို့ပါ။ အစဉ်တစ်စိုက် အသနားခံ တောင်းဆိုခဲ့ကြပြီးတဲ့ နောက်မှာတော့ ၁၉၆၇ ခုနှစ်မှာ ထောင်အာဏာပိုင်တွေဟာ အကျဉ်းသားတွေ ကိုယ်ပိုင်ဘောလုံးလိဂ်ထောင်ဖို့ကို ခွင့်ပြုခဲ့ကြပါတယ်။ အမည်ကတော့ မာကာနာဘောလုံးအဖွဲ့ချုပ်ပါ။ စနေ၊ တနင်္ဂနွေဆို အကျဉ်းသားတွေ ကျောက်ထုရပါတယ်။ ဒါပေမဲ့ စနေနေ့မှာ ဘောလုံးကန်ဖို့ အချိန်နှစ်နာရီရပါတယ်။ တနင်္ဂနွေမနက်ဆို ကန်ခဲ့တဲ့ပွဲအကြောင်း ပြောကြသုံးသပ်ကြပြီ။ တနင်္လာကနေ ကြာသပတေးအထိက စည်းမျဉ်းစည်းကမ်းတွေချဖို့ ငြင်းကြ ခုန်ကြ၊ ကြာသပတေး သောကြာဆို လူရွေး၊ နည်းဗျူဟာချနဲ့ သံတိုင်နောက်ကွယ်က နေ့ရက် တွေကို သက်သာရာ ရစေခဲ့ကြပါတယ်။ ကစားသမားတွေအကြားမှာ ဒီလိုလုပ်နေရတာနဲ့ ပတ်သက်ပြီးရှိတဲ့ အတွေးက ''ငါတို့တွေ ဒီလိုခက်ခဲဆိုးရွားတဲ့ အခြေအနေမျိုးမှာတောင် (ဘောလုံး) လိဂ်တစ်ခုကို လည်ပတ်နိုင်သေးရင်၊ နိုင်ငံတစ်နိုင်ငံကို စီမံ အုပ်ချုပ်ဖို့ဆိုတာ ဘာကြောင့်မဖြစ်နိုင်ရမလဲ''လို့ပါ။
အာဖရိကလူဖြူ (Afrikaner) အရာရှိတွေက ဘောလုံးကို ဘယ်တုန်းကမှ လိုလိုလားလာရှိခဲ့တာ မဟုတ်ပါဘူး။ သူတို့က ရပ်ဂ်ဘီတို့၊ ခရစ်ကတ်တို့ပဲ နှစ်ခြိုက်ကြသလို ဒီအားကစားတွေကိုပဲ ရန်ပုံငွေအမြောက်အမြား ထောက်ပံ့ခဲ့ကြတာပါ။ ဘောလုံးကိုတော့ အာဖရိကလူမည်းတွေ (Africans) တွေရဲ့ ကစားနည်းလို့ပဲ မှတ်ယူခဲ့ကြတာကိုး။ အစပိုင်းကတော့ ဒီအားကစားကို လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ တချို့ပွဲတွေကို ပိတ်ပစ်ဖို့ပါ လုပ်လာကြတယ်။ ၁၉၆၃ ခုနှစ် ဧပြီလမှာ ဂျိုဟန်နက်စဘတ်မှာရှိတဲ့ နာတယ်လ်စပရွတ် အားကစားကွင်းဝင်ပေါက်တွေကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပြီး အဲဒီနေ့ကစားမဲ့ ပွဲတွေဖျက်သိမ်းကြောင်း ကြော်ငြာစာကပ်ခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဘောပွဲကြည့်မဲ့ ပရိသတ် ၅၀၀၀ ကျော်ဟာ ဂိတ်တွေကိုဖျက်ပြီး ၀င်လာခဲ့ကြတယ်။ဖြုတ်သွားတဲ့ ဂိုးတိုင်တွေနေရာမှာ အစားထိုးဖို့ ဂိုးတိုင်တစ်စုံပါ ယူလာခဲ့ကြတယ်။ အဲဒီနေ့ပွဲတွေလည်း ကန်ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ လူဖြူအစိုးရက တစ်မျိုးစီစဉ်ပြန်တယ်။ လူဖြူနဲ့လူမည်း နှစ်ဖက်ကန်တဲ့ပွဲတွေ နှစ်တိုင်းလုပ်ပေးတယ်။ သို့ပေမဲ့လည်း သူတို့ရည်ရွယ်တာနဲ့ ပြောင်းပြန်သက်ရောက်မှု ရှိလာခဲ့တယ်။ ဒီပွဲတွေဟာ နိုင်ငံရဲ့မမျှတတဲ့ လူမျိုးရေးခွဲခြားမှုရှိတဲ့ နိုင်ငံရေး စနစ်ကိုပဲ မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့တယ်။ ဒီပွဲတွေလုပ်တာ အောင်မြင်ပေမဲ့ လူမျိုးရေးခွဲခြားတဲ့ အစိုးရကို အခက်ကြုံစရာဖြစ်လာစေခဲ့တယ်။
၁၉၆၇ မှာတော့ အစိုးရဟာ လူဖြူ၊ လူမည်း ရောနှောပါဝင်တဲ့အသင်းနဲ့ ဧည့်သည် အာဂျင်တီးနား အသင်းတစ်သင်းကို ဂျိုဟန်နက်စဘတ်မှာ ဧည့်ခံခဲ့ပါတယ်။ လူဖြူရောလူမည်းရော အတူတကွ ၀င်ကစားခွင့်ရခဲ့ပေမဲ့ ပွဲကြည့်စဉ်တွေကိုတော့ ခွဲခြား ထားတုန်းပဲ။ ဒီပွဲမှာ အိမ်ရှင်အသင်း က ၅ ဂိုး- ဂိုးမရှိနဲ့ နိုင်ပါတယ်။ အဲဒီတုန်းက မထင်မရှားကစားသမားတစ်ဦးဖြစ်တဲ့ ဂျိုမိုဆိုနိုက ဟက်ထရစ် သွင်းသွားပါတယ်။သူက အာဂျင်တီးနားကို တစ်ဂိုးသွင်းလိုက်တိုင်း သူ့ကစားဖော် လူဖြူတွေ ရော လူမည်းတွေရော အားကစားပွဲတွေမှာ အသင်းဖော်တွေလုပ်နေကြ ပုံစံအတိုင်း အတူတကွပွေ့ဖက်ကြ လက်တွေလှုပ်ရမ်းကြနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒီအောင်ပွဲဟာ အခိုက်အတန့်တော့ တောင်အာဖရိကနေ လူဖြူလူမည်းအားလုံးအပေါ် လွှမ်း မိုးမှုရှိခဲ့ပါတယ်။ ဆိုဝီတို အုံကြွမှုမှာ လူမည်းအာဖရိကသား ၅၀၀ ကျော်လောက် အသတ်မခံခဲ့ရခင် အထိပေါ့။ဒီအထဲမှာ ကိုင်ဇာချိဖ်ဘောလုံးအသင်းက နာမည်ကျော်ကစားသမား Ariel Kgongoane လည်း ပါသွားခဲ့ပါတယ်။
လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားသူတွေအတွက် ဘောလုံးပွဲတွေရဲ့ အရှိန်အဟုန်ဟာ ထောက်ခံမှုရဖို့နဲ့ ရန်ပုံငွေရဖို့အတွက် အထူးပဲအသုံးဝင်တဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ပိတ်ပင်ခံထားရတဲ့ မြေအောက်အဖွဲ့အစည်းဖြစ်နေတဲ့ အာဖ ရိကအမျိုးသားကွန်ဂရက်(အေအင်န်စီ) ဟာ ဘောလုံးပွဲရှိရင် လူအုပ်လည်းရှိတယ်ဆိုတဲ့ အချက်ကို လျင်လျင်မြန်မြန်ပဲ နားလည်လာခဲ့ပါတယ်။ ၁၉၇၆ ခုနှစ် နောက်ပိုင်းမှာ နိုင်ငံရေးအရ စုဝေးတာတွေကို ပိတ်ပင်ခံထားခဲ့ပေမဲ့ ဘောလုံးကွင်းထဲမှာ လူထောင်ပေါင်းများစွာ ကြားထဲမှာထိုင်ပြီး ဆွေးနွေးနေကြတဲ့ နိုင်ငံရေးပါတီတစ်ခုက အဖွဲ့ဝင်တွေကို ပိတ်ပင်ဖို့ဆိုတာတော့ မဖြစ်နိုင်ခဲ့ပါဘူး။ ဇူးလူးတော်ဝင်အသင်းရဲ့ ပွဲတွေမှာဆိုရင် တိမ်းရှောင်နေရတဲ့ ဇူးမားဟာ ဘော လုံးကွင်းထဲလာပြီး အခြားနိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဇူးမား ဇမ်ဘီယာကို ထွက်ပြေးတိမ်းရှောင်နေရာကနေ ၁၉၉၃ မှာပြန်လာခဲ့တုန်းကလည်း ပထမဆုံးနေခဲ့တဲ့အိမ်ဟာ အော်လန်ဒိုပိုင်းရိတ် အသင်းပိုင်ရှင်ရဲ့ အိမ်ဖြစ်နေတာဟာ တိုက်ဆိုင်မှုလို့ မဆိုနိုင်ပါဘူး။အော်လန်ဒိုပိုင်းရိတ်အသင်းဟာ တောင်အာဖရိကရဲ့ အကြီးဆုံးဘောလုံးကလပ်အသင်းတွေထဲက တစ်ခုပါ။
၁၉၈၀ ပြည့်နှစ်တွေမှာ လှုပ်ရှားသူတွေဟာ အာဏာပိုင်တွေကို မျက်စေ့လည်အောင်လုပ်ဖို့ ဘောလုံးအသင်းသားတွေအဖြစ် အသွင်ပြောင်းတာ လုပ်ရိုးလုပ်စဉ်ဖြစ်လာတယ်။ နိုင်ငံတကာနယ်ခြားတွေကို လွယ်လွယ်ကူကူဖြတ်ကျော်လို့လည်းရ၊ ဘောပွဲကရတဲ့ငွေက မြေအောက်လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေလည်းရတာကိုး။ African Soccerscapes စာအုပ်ရေးသားသူ Peter Alegi ရဲ့ အဆိုအရတော့ ဘောလုံးပွဲတွေကရတဲ့ ၀င်ငွေဟာ ၁၉၄၄ ခုနှစ်လောက် ကတည်းက အေအင်န်စီအတွက် ရန်ပုံငွေဖြစ်နေခဲ့တယ် ဆိုတာပါ။အော်လန်ဒိုပိုင်းရိတ် ကစားသမားဟောင်း ပတ်ဆန်ဘရန်ဒါက ဇင်ဘာဘွေနယ်စပ် ပရိသတ်တစ်သိန်းလောက်ရှေ့မှာ ကစားရတဲ့ပွဲကို အခုထိအမှတ်ရနေတုန်းပဲလို့ ဆိုပါတယ်။အဲဒီပွဲကရတဲ့ ၀င်ငွေဟာလည်း ရန်ပုံငွေဖြစ်ခဲ့ပါတယ်။
ဘောလုံးပွဲတွေဟာ လူမျိုးရေးခွဲခြားမှုကို တန်ပြန်ဖို့ အခွင့်ကောင်းတစ်ရပ်ပါ။ လူဖြူအသင်းတွေက သူတို့ရဲ့ခြေစွမ်းကို စမ်းသပ်ဖို့ လူမည်းအသင်းတွေနဲ့ ခြေစမ်းရမယ်လို့ နားလည်ထားကြတယ်။ ထူးခြားတာက လူဖြူတွေချည်းကန်တဲ့ ဘောလုံးလိဂ်ဟာ လူမည်းတွေရဲ့လိဂ်နဲ့ယှဉ်ရင် ဒုတိယတန်းစားလိဂ် ပဲ ဖြစ်နေတာပါ။ ၁၉၇၇ မှာ လူဖြူလိဂ်ပြိုလဲသွားတော့ အံ့အားသင့်စရာသိပ်မရှိခဲ့ပါဘူး။ အမေရိကန်က နယူးယောက်ကော့စ်မော့မှာ ဘောလုံးဂန္ထ၀င်ကြီးပီလီနဲ့အတူ သွားကန်နေတဲ့ ဆိုနို(ဟက်ထရစ်သွင်းခဲ့တဲ့ ဆိုတဲ့ ဂျိုမိုဆိုနို) တောင်အာဖရိကကို ပြန်လာတဲ့အချိန် ၁၉၈၂ ခုနှစ်မှာ ပြိုလဲသွားတဲ့ လူဖြူလိဂ်က အသင်းကြီး Highland Park ကို ၀ယ်ခဲ့ပါတယ်။ဒါဟာ လူဖြူလူမည်းခွဲခြားမှုအား ကောင်းနေသေးတဲ့ ၁၉၈၂ တောင်အာဖရိကမှာ တကယ့်ကို ထူးခြားတဲ့ နိုင်ငံရေးကြေညာချက်တစ်ရပ်လို ဖြစ်ခဲ့ပါတယ်။
၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းမှာတော့ ဘောလုံးပွဲတွေဟာ နိုင်ငံရဲ့ လျင်လျင်မြန်မြန် တိုးတက်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ အဓိကဇာတ်ခုံ ဖြစ်ခဲ့ပါတယ်။ ပိတ်ပင်ခံထားရဆဲဖြစ်တဲ့ အေအင်န်စီရဲ့အလံတွေဟာ ဘောလုံးကွင်းတွေမှာ တလူလူလွင့်နေတာ မြင်နေရမှာပါ။လူဖြူအစိုးရ အားနည်းလာခြင်းရဲ့ ပြယုဂ်လည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ တောင်အာဖရိကရဲ့(လက်ရှိ) ဘောလုံးအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ကြပါတယ်။ တည်ထောင်ခြင်းအထိမ်းအမှတ် ကြေညာချက်မှာ ''သ ဘာဝအတိုင်း... ဘောလုံးအားကစားသည် တင်းကျပ်သော လူမျိုးရေး ဖိနှိပ်မှုကို ချိုးဖျက်ရာလမ်းကို ဦးဆောင်ခဲ့သည်''ဆိုတဲ့ စာသားပါရှိပါတယ်။ ဒီကြေညာချက်ဟာ လူမျိုးရေးခွဲခြားတဲ့ အစိုးရမပြိုကွဲခင် နှစ်နှစ်အလိုလောက်က ဖြစ်တာကြောင့် အန္တ ရာယ်များတဲ့ ကြေညာချက်ပါ။
လက်ရွေးစင်အသင်း နိုင်ငံတကာဇာတ်ခုံပေါ် စရောက်ခဲ့တဲ့ အစောပိုင်းကာလတွေမှာတော့ ၁၉၉၆ မှာ အာဖရိကနိုင်ငံများဖလား ရခဲ့သလို ကမ္ဘာ့ဖလားနှစ်ကြိမ် ခြေစစ်ပွဲအောင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၀ ရောက်တဲ့အချိန် ကိုယ့်နိုင်ငံမှာ ကမ္ဘာ့ ဖလားကို လက်ခံကျင်းပနိုင်တဲ့အချိန်မှာတော့ အသင်းဟာ အားနည်းလျော့လျဲနေတာ ၀မ်းနည်းစရာပါ။ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေဟာ ငွေပိုရတဲ့ ဥရောပမှာ သွားကစားကြပေမဲ့ ပြည်တွင်းမှာတော့ ဆုတ်ယုတ်လာပါတယ်။ ဘောလုံး အဖွဲ့ချုပ်ဟာ ဒုတိယတန်းစားနိုင်ငံလေးတွေနဲ့ ခြေစမ်းပွဲတွေလောက်ပဲ ကျင်းပပေးနိုင်ပါတယ်။ တောင်အာဖရိက Business Day ရဲ့ အားကစားအယ်ဒီတာ Mninawa Ntloko ရဲ့ အဆိုအရတော့ ၁၉၉၅ ရက်ဂ်ဘီအောင်ပွဲအတွက် လူမည်းတွေက တစ်သင်းလုံးနီးပါး လူဖြူတွေချည်းပါတဲ့ လက်ရွေးစင်အသင်းကို ထောက်ခံကြသလိုမျိုး အားလုံးနီးပါး လူမည်းတွေဖြစ်တဲ့ ဘောလုံးအသင်းကို လူဖြူတွေက ပြန်ထောက်ခံပါ့မလားလို့ အများစုက ထင်နေကြတယ်လို့ ဆိုပါတယ်။
တိုးတက်လာတာတွေရှိပေမဲ့ ဘောလုံးကနိုင်ငံရဲ့ လူမျိုးရေးကွဲပြားမှုကို တံတားထိုးပေးနိုင်တဲ့ အရာစစ်စစ်ဖြစ်ဖို့ အများကြီးလုပ်စရာတွေ ရှိပါသေးတယ်။ဘာဖာနာဘာဖာနာလို့ခေါ်တဲ့ (ဇူးလူးစကားမှာ ကောင်လေးတွေလို့ အဓိပ္ပာယ်ရတဲ့) လက် ရွေးစင်ဘောလုံးအသင်းမှာ လူဖြူတစ်ယောက်ပဲ ပါပါတယ်။(၁၉၉၅ ကမ္ဘာဖလားချန်ပီယံ ရပ်ဂ်ဘီအသင်းမှာလည်း လူမည်းတစ်ယောက်သာပါခဲ့တာဟာ ထူးခြားတဲ့တိုက်ဆိုင်မှုပါ)။ကိပ်တောင်းက ကွင်းကြီးဟာ လူဖြူအများစုနေတဲ့နေရာမှာ ဆောက် ထားတာပါ။ဘောလုံးပွဲ ပွဲကြည့်စင်တွေဟာလည်း လူဖြူလူမည်းကွဲပြားမှုကို အတိုင်းအတာတစ်ခုထိတော့ ဖော်ပြနေဦးမှာပါ။ပရိသတ်တွေဟာ အဝေးကြီးကနေ လာကြရမှာဖြစ်သလို တောင်အာဖရိကပြည်တွင်းလိဂ်ပွဲတွေ ဆိုတာကလည်း လူမည်းတွေပဲ ကြည့်တဲ့ကိစ္စလိုမျိုး ဖြစ်နေဆဲပါ။(ကမ္ဘာ့ဖလားလက်မှတ်ဈေးတွေ ကြီးလွန်းတာကလည်း ပြဿနာတစ်ခုပါ)
ဒီကမ္ဘာ့ဖလားကတော့ ရေချိန်ကိုပြောင်းလဲစေလိမ့်မယ်လို့ မျှော်လင့်စရာရှိပါတယ်။''ကျွန်တော်အခု စမြင်နေရပြီ။အရင်လတွေကမှပါ။ လူဖြူကလေးတွေက ဘာဖာနာဘာဖာနာ (တောင်အာဖရိကဘောလုံးအသင်း) အင်္ကျီတွေနဲ့လေ''ဟု Ntloko ကတော့ အားတက်စကားဆိုပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလားဟာ တောင်အာဖရိက ကြွယ်ဝစေရေးအတွက် တစ်ကယ်ပဲ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ကြတာတွေရှိပါတယ်။ ငွေကြေးအရဆိုရရင်တော့ ဒါဟာမဖြစ်နိုင်ပါဘူး။အိမ်ရှင်က အခြေခံအဆောက်အအုံတွေ ဆောက်တယ်။ ဖီဖာက ရုပ်သံနဲ့စပွန်ဆာမူပိုင်ခွင့်က အကျိုးအမြတ်တွေရတယ်။ထင်သာမြင်သာမှုနည်းပေမဲ့ အကျိုးအမြတ်ရစရာတွေတော့ ရှိပါတယ်။ဒီပွဲကြီးဟာ လူမျိုးရေးခွဲခြားမှုခေတ်လွန် တောင်အာဖရိက ဘယ်အထိ ခရီးရောက်ခဲ့ပြီဆိုတာ၊ ဘာတွေလုပ်ဖို့ ကျန်သေးတယ်ဆိုတာ ကမ္ဘာကို ချပြနိုင်ပါလိမ့်မယ်။လူမျိုးရေးခွဲခြားမှု လုံးဝသေဆုံးသွားသည့်တိုင်အောင် ဘောလုံးပုံပြင်ကတော့ တောင်အာဖရိကနိုင်ငံရေးရဲ့ နှလုံးအိမ်မှာရှိနေဦးမှာပါပဲ။
Ke Nako! (အချိန်ကျပါပြီ)

**ဇေ၀င်းနောင်**
Ref;Foreign Policy,Football politics,How Soccer Defeated Apartheid, by Nicholas Griffin.

From**Eleven News Website**

၁၉၆၀ ပြည့်နှစ်တွေတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ သမားရိုးကျမဟုတ်တဲ့ အခြေအနေမှန်တစ်ခုက စရပါမယ်။ အဲဒီတုန်းက နိုင်ငံရေး လှုပ်ရှားသူတွေဟာ လူမည်းတွေချည်းပဲပါတဲ့။ ဘေ့စ်ဘောလိဂ်တွေ ထောင်ခဲ့ကြတယ်။ အဲဒီတုန်းက အမေရိကန်သမ္မတက ဂျက်ကီရော်ဘင်ဆင်၊ ဒုတိယသမ္မတက စတေချယ်ပေ့ဂ်ျ၊ နိုင်ငံခြားရေးဝန်ကြီးက ၀ီလီမေ။ (အားလုံးလူဖြူတွေ)။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)