(တိုကျို၊ ဇွန်လ ၂၂-ရက်)
ဂျပန်ဝန်ကြီးချုပ် နာအိုတိုကန်သည် ဂျပန်ဗဟိုဘဏ်ဥက္ကဌ မာဆာကီရှီရာကာဝါနှင့် တိုကျိုမြို့တွင် ဇွန်လ ၂၁-ရက်နေ့က တွေ့ဆုံဆွေးနွေးကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)
** ကူဝိတ်နိုင်ငံတွင် အပူချိန်မြင့်တက်မှု သတိပေး **
ကူဝိတ်နိုင်ငံတစ်ဝန်းတွင် အပူချိန်မြင့်တက်လျက်ရှိရာ ဇွန်လ ၂၂-ရက်နေ့က အပူချိန် ၅၄ ဒီဂရီဆဲလ်စီးရပ်စ်အထိ ရှိခဲ့သဖြင့် အမြင့်ဆုံးစံချိန်တင်မှုဖြစ်ကြောင်း နောက်ရက်အနည်းငယ်အတွင်း အပူချိန်ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း ကူဝိတ်အရာရှိများက သတိပေးချက်ထုတ်ပြန်ထားသည်။ (အင်တာနက်)
** ရုရှားက ဖွံ့ဖြိုးဆဲနိုင်ငံများကို ငွေလှူဒါန်းမည် **
ရုရှားနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ယခုနှစ်တွင် ငွေလှူဒါန်းရန်အတွက် အမေရိကန် ဒေါ်လာသန်း ၅၀၀ သတ်မှတ်ပေးထားကြောင်း ၂၀၀၉ ခုနှစ်က ဒေါ်လာ ၇၈၅ သန်း လှူဒါန်းခဲ့ကြောင်း အာဖရိကနှင့် အာရှအလယ်ပိုင်းနိုင်ငံများကို လှူဒါန်းခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ဇွန်လ ၂၂-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** အိန္ဒိယတွင် ဓာတ်ငွေ့ကန်အတွင်း ၃၅-ဦးပြုတ်ကျ **
အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ဘူရမ်ပူရာခရိုင်အတွင်း ရေပေးဝေမှုကိုအထောက်အကူပြုပေးသည့် ဓာတ်ငွေ့သိုလှောင်ကန်တစ်ခုအတွင်းသို့ ပြွန်ပေါက်မှ တစ်ဆင့် ၃၅-ဦးပြုတ်ကျခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး ဆေးကုသပေးလျက်ရှိကြောင်း အိန္ဒိယအရာရှိများက ဇွန်လ ၂၂-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ (အင်တာနက်)
** ကမ္ဘောဒီးယားကို ဂျာမနီက ဒေါ်လာသန်း ၂၈၀ လှူဒါန်း **
ဂျာမနီနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ ၁၉၉၂ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာသန်း ၂၈၀ လှူဒါန်းခဲ့ကြောင်း တရုတ်၊ ဂျပန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့ပြီးလျှင် ဂျာမနီနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ ပဉ္စမမြောက် အများဆုံးလှူဒါန်းသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘောဒီးယားဘဏ္ဍာရေးဝန်ကြီးက ဇွန်လ ၂၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂါနာနိုင်ငံ တီမာမြို့တော်တွင် မိုးသည်းထန်ပြီးရေလွှမ်း **
ဂါနာနိုင်ငံ မြို့တော် အက်ရာမြို့အရှေ့ဘက်ဆိပ်ကမ်းမြို့ဖြစ်သည့် တီမာမြို့တွင် ဇွန်လ ၂၂-ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုများဖြစ်ပွားရာ ဒေသခံ ၁၁-ဦးသေဆုံးပြီး နေအိမ်များ ရေလွှမ်းခံခဲ့ရကြောင်း တီမာမြို့ ရဲတပ်ဖွဲ့က ဇွန်လ ၂၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်-မောင်ချစ်ကြည် **
** ဂျပန်ဝန်ကြီးချုပ်နှင့် ဗဟိုဘဏ်ဥက္ကဌ ကမ္ဘာတစ်ဝန်း စီးပွားရေးအခြေအနေများ တွေ့ဆုံဆွေးနွေး **

No comments:
Post a Comment