၁၉၆၆ ခုနှစ် လန်ဒန်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပေါ်တူဂီကို မြောက်ကိုရီးယားက ငါးဂိုး- သုံးဂိုးဖြင့် ရှုံးခဲ့သည့်အကြွေးကို ယခုပွဲတွင် ပြန်မချေနိုင်ဘဲ ရှုံးကြွေးထပ်မံတင်ခဲ့ကြောင်း မြောက်ကိုရီးယားနည်းပြ ကင်ဂျုံးဟန်က ပြောကြားသည်။ (အင်တာနက်)
** အမှားများပြုလုပ်ခဲ့ကြောင်း အီတလီနည်းပြ ၀န်ခံ **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိမိအနေဖြင့် ပွဲထွက်ကစားသမားများထုတ်ခဲ့ရာတွင် အမှားများပြုလုပ်ခဲ့ကြောင်း အီတလီအသင်းနည်းပြ မာဆယ်လိုလစ်ပီက ဇွန်လ ၂၂-ရက်နေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၀န်ခံပြောကြားသည်။ (အင်တာနက်)
** ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း ဖာဘီရာနို ပြောကြား **
အိုင်ဗရီကို့စ်အသင်းအား သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ဘရာဇီးအသင်းသည်ကမ္ဘာ့ဖလားအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း ယင်းပွဲတွင် နှစ်ဂိုးသွင်းယူခဲ့သည့် ဘရာဇီးတိုက်စစ်မှူး ဖာဘီရာနိုက ဇွန်လ ၂၂-ရက်နေ့က ပြောကြာသည်။ (အင်တာနက်)
** ဒေးဗစ်ဗီလာဂိုး အကောင်းဆုံးဖြစ် **
၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ်(၃၂)အထိ ကစားပြီးချိန်တွင် စပိန်နှင့် ဟွန်းဒူးရပ်စ်တို့ပွဲစဉ်တွင် စပိန်တိုက်စစ်မှူး ဒေးဗစ်ဗီလာသွင်းယူခဲ့သော ဒုတိယသွင်းဂိုးသည် အကောင်းဆုံးဖြစ်ကြောင်း ဖီဖာတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** အင်္ဂလန်အသင်းတွင် အခက်အခဲမရှိဟု လမ်းပတ်ပြောကြား **
အင်္ဂလန်အသင်းတွင် ဂွှန်တယ်ရီနှင့် နည်းပြကာပယ်လိုတို့အကြား နားလည်မှုလွဲမှားခြင်းမှာ ပြီးဆုံးခဲ့ပြီဖြစ်ရာ ယခုအချိန်တွင် အသင်းအောင်မြင်မှုရရှိရေးအတွက် အာရုံစိုက်ရတော့မည်ဟု လမ်းပတ်က ပြောကြားသည်။ (အင်တာနက်)
** အကောင်းဆုံးကစားနိုင်သည့်ပွဲဟု နည်းပြကွီရော့ဇ် ပြောကြား **
မြောက်ကိုရီးယားအသင်းကို ခုနစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပေါ်တူဂီအသင်း၏ ကစားခဲ့မှုမှာ ယခုနှစ်အတွင်း အကောင်းဆုံးဖြစ်ကြောင်း ပေါ်တူဂီနည်းပြ ကွီရော့ဇ်က ဇွန်လ ၂၂-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** အာဂျင်တီးနား ဗိုလ်စွဲမည်ဟု မာရာဒိုနာ ယုံကြည် **
ဘရာဇီးအသင်း ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်မည်ဟု မိမိထင်မြင်ကြောင်း၊ သို့သော် မိမိ၏ အာဂျင်တီးနားအသင်း ဖလားသိမ်းပိုက်နိုင်မှုအပေါ် ယုံကြည်မှုအပြည့်အ၀ရှိနေကြောင်း အာဂျင်တီးနားနည်းပြ မာရာဒိုနာက ဇွန်လ ၂၂-ရက်နေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** ကွင်းလယ်ကစားသမား ဘီရာမီပွဲပယ်ခံရ **
ချီလီနှင့် ကစားခဲ့သောပွဲတွင် ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ဘီရာမီသည် အနီကတ်ထိခဲ့သဖြင့် ဇွန်လ ၂၅-ရက်နေ့တွင် နောက်ဆုံး အုပ်စုပွဲစဉ်အဖြစ် ဟွန်းဒူးရပ်စ်နှင့် ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း ဆွစ်ဇာလန်အသင်းတာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** တောရက်စ်က ဘောလုံးထိန်းရခက်ကြောင်း ပြောကြား **
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုနေသော ဂျာဘူလာနီဘောလုံးသည် ထိန်းသိမ်းရခက်ခဲပြီး မိမိလိုရာကို ပေးပို့ရာတွင်လည်း ထိရောက်မှုမရှိကြောင်း စပိန်တိုက်စစ်မှူး တောရက်စ်က ဇွန်လ ၂၂-ရက်နေ့တွင်သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန် - အာကာဟိန်း **
** ရှုံးကြွေးထပ်တင်ခဲ့ဟု မြောက်ကိုရီးယားနည်းပြပြောကြား **

No comments:
Post a Comment