** ကလေးနို့တိုက် မိခင်များ နှလုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင် **
(ပစ္စဘတ်၊ ဇွန်လ ၂၂-ရက်)
မိခင်နို့တိုက်ကျွေးသော ကလေး မိခင်များသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့မှ အထိုက်လျောက်ကာကွယ် ပေးနိုင်ကြောင်း အမေရိကန်သုတေသီများက လေ့လာတင်ပြထားသည်။ တစ်နှစ်ကျော်ကြာ မိခင်နို့ချိုတိုက် ကျွေးသော ကလေးမိခင်များသည် မိခင်နို့မတိုက်ကျွေးသည့် ကလေးမိခင်များနှင့် နှိုင်းယှဉ်ကြည့်လျှင် နှလုံးရော ဂါနှင့် လေဖြတ်ခြင်းတို့မှ ၁၀-ရာခိုင်နှုန်းလျော့နည်းလျက်ရှိသည်ကို တွေ့ရကြောင်း ပစ္စဘတ်တက္က သိုလ်မှ သုတေ သနအဖွဲ့ခေါင်းဆောင် ဒေါက်တာဘင်လာရှင်က ပြောကြားသည်။
မိခင်နို့တစ်လကြာ တိုက်ကျွေးသော ကလေးမိခင်များတွင် ခန္ဒာကိုယ်အတွင်း ကိုလက်စထရောများ လျော့နည်းစေခြင်း၊ သွေးတိုးနှုန်းနည်းပါးစေခြင်း စသောအကျိုးကျေးဇူးများရနိုင်ကြောင်း ဒေါက်တာဘင်လာရှဝပ်က ဆိုသည်။ မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေးအား ခန္ဒာကိုယ်ကြီးထွားမှုပိုမို ဖွံ့ဖြိုးစေ၍ မိခင်ရောကလေးပါ ကျန်းမာရေးကောင်းစေနိုင်သည်ဟုဆိုသည်။ ထို့အပြင် မိခင်နို့တိုက်ကျွေးသော ကလေးမိခင်များသည် သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာနှင့် အရိုးပွရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သုတေသနအဖွဲ့က လေ့လာတွေ့ရှိထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- ကောင်းမြတ်သူ **
** Public Health **

No comments:
Post a Comment